Friday 27 July 2012

ကေဘယ် တီဗွီ ဈေးကွက်သို့ Google ဝင်ရောက်လာ

အင်တာနက် လုပ်ငန်းကြီး ဖြစ်သည့် Google မှာ မြန်နှုန်းမြင့် ဝက်ဘ်နှင့် ရုပ်မြင်သံကြား ဝန်ဆောင်မှု တစ်ခုကို စတင်လိုက်ပြီ ဖြစ်ကာအမေရိကန် ပြည်ထောင်စု၏ ဒေသ အချို့တွင် သုံးစွဲနိုင်မည် ဖြစ်ပြီး ၎င်းတို့၏ fiber optic ကွန်ရက်ဖြင့် အသုံးပြုပြီး ယင်းသို့ ဝန်ဆောင်မှု ပေးခြင်း ဖြစ်သည်။


အဆိုပါ ကုမ္ပဏီမှ ကြာသပတေး နေ့က ပြောရာ၌ ၎င်းတို့အနေဖြင့် ကန်းဆပ်နှင့်မစ်ဇူရီ ပြည်နယ် များတွင် စက်တင်ဘာလမှ စတင်ကာ ဝန်ဆောင်မှု ပေးနိုင်မည် ဖြစ်သည် ဟု ပြောခဲ့သည်။ အဆိုပါ ဝန်ဆောင်မှု အတွက် တစ်လလျှင် ဒေါ်လာ ၁၂၀ ကျသင့်မည် ဖြစ်သည်။ အလားတူပင် ယခု ဝန်ဆောင်မှုများကို တက်ဘလက် ပီစီများနှင့် စမတ်ဖုန်းများတွင်လည်း အသုံးပြုနိုင်ရန် လုပ်ဆောင်ပေးမည်
 ဖြစ်ကြောင်း ပြောသည်။

အင်တာနက် လုပ်ငန်း ဆန်းစစ်သူများ၏ အပြောအရ ယခုလို လုပ်ဆောင်ခြင်းမှာ ကုမ္ပဏီ၏ မဟာ ဗျူဟာကို အကြီးစား ပြောင်းလဲမှု တစ်ခုဖြစ်ပြီး ယင်းသို့သော ပြောင်းလဲမှု တွင် ဝန်ဆောင်မှု အသစ်အတွက် ကိုယ်ပိုင် အခြေခံ အဆောက်အအုံကို တည်ဆောက်မှု လုပ်ငန်းများလည်း ပါဝင်ကြောင်း သိရသည်။ Google တို့အနေဖြင့် ၎င်း၏ ဝန်ဆောင်မှုကို Time Warner မှ ပြုလုပ်ပြီး ဖြစ်သည့် ကေဘယ်တီဗွီ ဝန်ဆောင်မှု လုပ်ငန်းများတွင် ပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment