Friday 27 July 2012

ရုရှားနိုင်ငံ၌ သန္ဓေသား ၂၄၈ ဦး၏ အလောင်းများတွေ့ရှိ



ရုရှားနိုင်ငံ အူရယ်တောင်တန်းဒေသတွင် သေဆုံးနေသည့် သန္ဓေသားများ အားထည့်ထားသော စည်ကြီး လေးလုံးကို ခရီးသွားအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၄ ရက်တွင်
ပြောကြားခဲ့သည်။ 
ခရီးသည်လေးဦးပါဝင်သည့် အဆိုပါခရီးသွားအဖွဲ့သည် ၅ဝ လီတာဝင်ဆံ့ သည့်စည်ကြီးများအတွင်း သန္ဓေသား ၂၄၈ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြပြီး ၎င်းတို့တွေ့ရှိချိန်တွင် အချို့
စည်ကြီးများ၏အဖုံးများသည် ပွင့်လျက်ရှိနေသောကြောင့် အချို့ရုပ်အလောင်းများသည် အပြင်သို့ထွက်ကျလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။ 

အဆိုပါသန္ဓေသားများအား ဒေသအတွင်းရှိ ဆေးရုံတစ်ရုံမှတရားမဝင် စွန့်ပစ်ခဲ့ဖွယ် ရှိကြောင်း ရဲတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ တစ်ဦးကပြောကြားခဲ့ပြီး ၎င်းကိစ္စရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေး လျက်ရှိကြောင်း သိရသည်။
 

No comments:

Post a Comment