Friday 27 July 2012

ကင်ဂျုံအွန်၏ လက်ထပ်ထိမ်းမြားမှုအပေါ် အမေရိကန်အစိုးရ ဆုမွန်ကောင်းတောင်း



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် လက်ထပ်ထိမ်းမြားခြင်းနှင့်စပ်လျဉ်း၍
တရားဝင်အတည်ပြုချက် သတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် ၎င်း၏လက်ထပ်ထိမ်းမြားမှုအပေါ် အထိမ်းအမှတ်အဖြစ် အမေရိကန်ပြည်ထောင်စုက ဆုမွန်ကောင်းတောင်းပေးခဲ့ကြောင်း ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗစ်တိုးရီးယားနူလန်က သတင်းထောက်များအား ပြောကြားခဲ့သည်။

ယခင်က မြောက်ကိုရီးယားနိုင်ငံရှိ ပြည်သူများအပေါ် စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း ယခုအချိန်တွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူ လူထု၏အကျိုး စီးပွားအတွက် မှန်ကန်သော ရွေးချယ်မှုများကိုချမှတ်လုပ်ဆောင်သွားမည်ဟု
 မျှော်လင့်ကြောင်း နူလန်က ဆက်လက်ပြောကြားခဲ့သည်ဟု သိရသည်။

No comments:

Post a Comment