Friday 27 July 2012

ပူတာအိုဒေသသို့ တပ်မတော်မှ ရိက္ခာနှင့်ထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးပို့


ကချင်ပြည်နယ် ပူတာအိုမြို့သည် မြစ်ကြီးနားမြို့မှ (၂၁၈) မိုင်အကွာတွင်ရှိပြီး သာမန်အချိန် မော်တော်ယာဉ်ဖြင့် တစ်ညအိပ်
ခရီးသာသွားရောက်ရသဖြင့် လမ်းပန်းဆက်သွယ်မှုလွယ်ကူပြီး ကုန်စည်စီးဆင်းမှုအဆင်ပြေချောမွေ့ကာ ဒေသခံတိုင်းရင်းသားများ၊ ဝန်ထမ်းများအတွက် ပညာရေး၊ ကျန်းမာရေး နှင့်လူမှုစီးပွားအခြေအနေများ တိုးတက်ကောင်းမွန်ခဲ့သည်။


၂ဝ၁၁ ခုနှစ် ဇွန် ၉ ရက် ကေအိုင်အေအဖွဲ့နှင့်လက်နက်ကိုင်တိုက်ခိုက်မှုများ စတင်ခဲ့သည့်အချိန်မှစ၍ ကေ အိုင်အေမှ မြစ်ကြီးနား-ပူတာအိုလမ်း တစ်လျှောက် တံတားမိုင်းခွဲမှု(၁၁)ကြိမ် ဆောင်ရွက်ခဲ့ပြီး နောက်ဆုံး ဇူလိုင် ၂ ရက်က မိုင်တိုင် (၃၆)အနီး အရှည်ပေ ၂၇ဝ ရှိ ဖုန်အင်ခဘေလီတံတားအား ကေအိုင်အေအဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။ သာမန်အချိန်တွင် အဆိုပါတံတားအပါအဝင် ယခင်ဖျက်ဆီးခံရသည့် တံတားကြီး/ ငယ်များ လမ်းလွှဲမှ ယာဉ်ကြီး၊ ယာဉ်ငယ်၊ ဆိုင်ကယ်များ သွားလာနိုင်သော်လည်း ယခုမိုးများ သည့်ကာလ၌မူ ချောင်းရေများ ပြည့်လျှံမှုကြောင့် လမ်းလွှဲမှသွားလာနိုင်မှုမရှိတော့ကြောင်း သိရသည်။ ထိုသို့ ခက်ခဲ မှုများဖြစ်ပေါ်လာမှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်လာပြီး ဒေသခံပြည်သူများနှင့် အစိုးရဝန်ထမ်းများ စားဝတ်နေရေး ခက်ခဲမှုဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

အထက်ပါအခက်အခဲများ လတ်တလောပြေလည်စေရန် တပ်မတော်အနေဖြင့် ပူတာအိုဒေသရှိ ဒေသခံတိုင်းရင်းသားများနှင့်
အစိုးရဝန်ထမ်းများအတွက် ရိက္ခာနှင့်ထောက်ပံ့ရေးပစ္စည်းများအား ဇူလိုင် ၂၄ ရက်မှ ၂၆ ရက်အထိ တပ်မတော်လေယာဉ်များဖြင့်
 ထောက်ပံ့ပို့ဆောင်ပေးခဲ့ရာ တပ်မတော်(လေ) Y-8 လေယာဉ်ဖြင့် မြစ်ကြီးနား-ပူတာအို ခရီးစဉ်အတိုင်း ဆန် ၇၃ဝ အိတ်၊ စားသုံးဆီ လေးပီပါ၊ ဆား ၂၅ဝ ပိဿာ၊ ကြက်သွန် ၈ဝဝ ပိဿာ အပါအဝင် စားသောက်ကုန်ပစ္စည်းများ၊ စာရေး ကိရိယာများနှင့် အခြားလူမှုရေးအထောက် အကူပြုပစ္စည်းများ ထောက်ပံ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment