Friday 27 July 2012

ကနေဒါ နိုင်ငံတကာကုန်သွယ်ရေးဝန်ကြီး လုပ်ငန်းရှင်များနှင့်အတူ စက်တင်ဘာတွင် မြန်မာနိုင်ငံလာမည်



မြန်မာနိုင်ငံအပေါ် ပြင်းထန်သည့်ပိတ်ဆို့မှုများ ချမှတ်အပြီး နှစ်ပေါင်းများစွာအတွင်း ကနေဒါအစိုးရသည် မြန်မာနှင့် စီးပွားရေးဆက်ဆံမှုများ ပြန်လည်စတင်တော့မည်ဖြစ်ကြောင်း ကနေဒါ နိုင်ငံတကာ ကုန်သွယ်ရေးဝန်ကြီး အက်ဖ်ဖက်စ်က ကြေညာလိုက်သည်။

ထို့အပြင် ကနေဒါမှ စီးပွားရေးလုပ်ငန်းရှင်များပါသော အဖွဲ့တစ်ဖွဲ့သည်လည်း မြန်မာနိုင်ငံသို့ စက်တင်ဘာလတွင် လာရောက်မည်ဖြစ်ကြောင်း ၄င်းကပြောသည်။
မစ္စတာဖက်စ်သည် မြန်မာအပေါ် ကနေဒါနိုင်ငံက ကုန်သွယ်ရေးပိတ်ဆို့မှုများ ဖြေလျှော့အပြီး ပထမဆုံး လာရောက်သည့် ကနေဒါအစိုးရအဖွဲ့၏ ၀န်ကြီးတစ်ဦးဖြစ်လာမည်ဖြစ်သည်။ ထို့အပြင် ကနေဒါသည် ပြီးခဲ့သည့်ဧပြီလတွင် ပိတ်ဆို့မှုဖြေလျှော့ကြောင်း ကြေညာအပြီး နေပြည်တော်၌လည်း ကနေဒါသံရုံးကို ဖွင့်လှစ်သွားမည်ဟု ကြေညာထားခဲ့သည်။

ref:7daynews

No comments:

Post a Comment