Friday 27 July 2012

ရန်ကုန်မြစ်အတွင်း ထူးကဲဒီရေတက်မည်ဟု သတင်းထုတ်ပြန်



ရန်ကုန်၊ဇူလိုင်-၂၇

လာမည့် သြဂုတ် ၁ ရက်မှ ၆ ရက်အထိ ရန်ကုန်မြစ်အတွင်း အခြေခံ ရေစစ်မျဉ်း အထက် အမြင့်ပေ ၂၀ ကျော်မှ ၂၁ပေ ခန့်အထိ ထူးကဲဒီရေတက်ဖွယ်ရှိသည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

ယင်းသို့မြင့်တက်ခြင်းသည့် ရန်ကုန်မြစ်အတွင်း၌ ၂၁ ဒဿမ ၇ ပေအထိမြင့်တက်ခဲ့ဘူးသဖြင့် စိုးရိမ်ဖွယ်မရှိကြောင်းနှင့် အခြေခံ ရေစစ်မျဉ်းအထက် ပေ ၂၀ ကျော် ကျော်လွန်သည့် အတွက်သာ သတင်းထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၏ ထုတ်ပြန်ချက်အား
 ပြန်ကြားရေးဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

No comments:

Post a Comment