Friday 27 July 2012

လေ့လာမှု စစ်တမ်းသစ်တစ်ခုအရ ကမ္ဘာ့ခေါင်းဆောင်များအနက် သုံးပုံ နှစ်ပုံ တွစ်တာ သုံး

လေ့လာမှု စစ်တမ်းသစ်တစ်ခုအရ ကမ္ဘာ့ခေါင်းဆောင်များအနက် သုံးပုံ နှစ်ပုံသည် Twitter account များ ပြုလုပ်ထားကြသည်ဟု သိရသည်။ သို့သော် အများစုမှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် follow ပြုလုပ်ထားလေ့မရှိကြဟု ဆိုသည်။ Twiplomacy ဟု အမည်ပေးထားသော အဆိုပါ
 လေ့လာမှုစစ်တမ်းအရ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားမှာ Twitter ပရိသတ်အများဆုံး ကမ္ဘာ့ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်း AP သတင်းက ဖော်ပြသည်။



သမ္မတအိုဘားမား၏ Twitter စာမျက်နှာမှ Tweet များအနက် မေလ ၉ ရက်နေ့က ရေးသားလွှင့်တင်ခဲ့သော “same-sex couples should be able to get married”ဟူသည့် လိင်တူချင်း လက်ထပ်ထိမ်းမြားမှုကို

 ထောက်ခံအားပေးသော Tweet မှာ Twitter တွင် အချင်းချင်း ပြန်လည်ဝေမျှ (retweet) မှု အများဆုံးဖြစ်ခဲ့သည်။ G-20 ခေါင်းဆောင်များအနက် ၁၆ ဦးမှာ ပြည်သူနှင့်ထိတွေ့ဆက်ဆံရန် Twitter ကို ပုံမှန်အသုံးပြုကြကြောင်း Twiplomacy စစ်တမ်းက ပြောကြားသည်။

ref:mwd

No comments:

Post a Comment