Friday 27 July 2012

"အမေရိကန်က မြန်မာသွင်းကုန် ပိတ်ပင်မှုကို ယာယီရုတ်သိမ်း"



မြန်မာပြည်မှ သွင်းကုန်များကို အမေရိကန်နိုင်ငံမှ တားမြစ်ပိတ်ပင်မှုကို အနည်းဆုံး ယာယီအားဖြင့် စက်တင်ဘာလကုန်အထိ ရပ်ဆိုင်းလိုက်သည်။ ဤသည်မှာ ဥပဒေပြုသူများအကြား အာဖရိက ကုန်သွယ်မှု အထောက်အပံ့ အတွက် ပြုလုပ်မှုတွင် ပဋိပက္ခများ ပေါ်လာ၍ဖြစ်၏။ ဤကိစ္စ နှစ်ရပ်သည် အိုဘားမား အုပ်ချုပ်ရေးကို ကျောထောက်နောက်ခံပြု ပူးတွဲချမှတ်ထားသော ကိစ္စများဖြစ်၏။ ဂုဏ်ပြုသူများကမူ သြဂုတ်တစ်လလုံး အားလပ်မှု ပြုပြီးမှ ပြနလည်စဉ်းစားရန် မျှော်လင့်ထားကြ၏။
အိမ်ဖြူတော်က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအချို့ကို လျှော့ချခဲ့၏။ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့် လျှော့ချပေးခဲ့ခြင်းဖြစ်၏။ သို့သော် သွင်းကုန် တားမြစ်မှုကား မရုတ်သိမ်းပေးသေး။
ရီပတ်ဘလီကန် ဆီးနိတ်ခေါင်းဆောင် ''မစ်ခ်ျမက်ကော်နယ်''ကမူ ကိစ္စနှစ်ရပ်ကို ခွဲခြားရန် အဆိုပြုပြီး မြန်မာပြည်မှ သွင်းကုန် ပိတ်ဆို့မှုကို အသစ်ပြုလုပ်ရန် အကြံပြု၏။
သို့သော် ဆီးနိတ်မှ ဘဏ္ဍာရေးကော်မတီဥက္ကဋ္ဌ ဒီမိုကရက်တစ် တစ်ဦးဖြစ်သူ ''မက်စ်ဘောကပ်စ်'' ကမူ ကန့်ကွက်ခဲ့သည်။ ဤသို့ ပြုလုပ်လျှင် အာဖရိက ကုန်သွယ်မှု အတိုင်းအတာကို အနှောင့်အယှက် ဖြစ်နိုင်ပြီး တိုက်၏အဝတ် အထည် လုပ်ငန်းများအတွက် အရေးပါသည်ဟု ဆို၏။

သူက ''မက်ကော်နဲ'' ၏ အဆိုကို ပယ်ချကာ ဒီမိုကရက်များသည် မြန်မာပြည် အပေါ် တားဆီးပိတ်ဆို့မှုကို အသစ်ပြန်လည် သုံးသပ်နေကြောင်းပြော၏။''ဘောကပ်စ်'' သည် အိုကလာဟိုးမား ပြည်နယ်မှ
 ရီပတ်ဘလီကန် အမတ် ဆီးနိတ်တာ ''တွမ်ကိုဘန်း'' နှင့် ပူးပေါင်းလုပ်ကိုင်ရန် မျှော်လင့်သည့်ဟု ဆို၏။ ''အာဖရိကကုန်သွယ်မှု အထောက်အပံ့ အတွက် လာမည့်ရက်များတွင် သူ့သဘောထားကို
 ပြောကြားမည်ဟု ဆိုသည်။၂ဝဝဝ ပြည့်နှစ်က ''အာဖရိက ကြီးပွားရေးနှင့် အခွင့်အရေး 
အက်ဥပဒေ'' ကို ကွန်ဂရက်က ချမှတ်အတည်ပြုခဲ့၏။ ဆဟာရ အာဖရိတိုက်ခွဲမှ အချို့နိုင်ငံများ အနေဖြင့် အာဖရိကသို့ ကုန်ပစ္စည်း ထောင်ပေါင်းများစွာကို ပို့ကုန်အခွန် မပေးပဲ တင်သွင်းခွင့် ပြုသော အက်ဥပဒေဖြစ်၏။ 

''အာဖရိကကြီးပွားရေးနှင့် အခွင့်အရေး အက်ဥပဒေ'' နိုင်ငံများမှ အဝတ် အထည်များကို အခွန်လွတ်ခွင့်သည် စက်တင်ဘာ ၃ဝ တွင် ကုန်ဆုံးမည် ဖြစ်သည်။ အဝတ်အထည်၏ ပိတ်သားသည် ''တတိယနိုင်ငံများဖြစ်သော တရုတ်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်တို့ မှ ပိတ်စဆိုလျှင် အခွန်ကင်း လွတ်ခွင့်မရ။ ''ကိုဘန်း'' က ဆယ်နှစ်အတွင်း ကုန်သွယ်မှု အခွန် ဒေါ်လာ သန်း ၂ဝဝ အကောက်ခွန်ဌာနမှ ကောက်ခဲ့ခြင်းကို ကန့်ကွက်ခဲ့၏။ ဤသည်တို့မှာ အမေရိကန်အစိုးရ အကြွေးကို 
ဧရာမတောင်လိုပုံစေသည့် ကိစ္စကို ဖန်တီးသည်ဟု သူက ပြောသည်။

ref:planet

No comments:

Post a Comment