Friday 27 July 2012

Google Talk ဝန်ဆောင်မှု ပြတ်တောက်ခြင်းအတွက် Google တောင်းပန်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သည့် Google ၏ Gtalk ဝန်ဆောင်မှု ပြတ်တောက်ခဲ့ခြင်းကြောင့် Voice-over-Internet Protocol (VoIP) နှင့် video-conferencing ဝန်ဆောင်မှုများ အသုံးပြု၍မရသည့် ပြဿနာကို ဖြေရှင်းပြီးဖြစ်ကြောင်း၊ ယခုကဲ့သို့ အဆင်မပြေဖြစ်ခဲ့ရခြင်းနှင့် ကုမ္ပဏီ၏ထုတ်ကုန် အပေါ် စိတ်ရှည်သည်းခံစွာ ဆက်လက်အားပေး သည့်အတွက် ကျေးဇူးတင်ပါကြောင်း Google မှ တောင်းပန် ပြောကြားခဲ့သည်။



Gtalk ဝန်ဆောင်မှု ပြတ်တောက်ခြင်းကို Google ကုမ္ပဏီက ၂၀၁၂ ခုနှစ် ဇူလိုင်လ ၂၆ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၆ နာရီ ၄၀ မိနစ်ခန့် တွင် သတိပြုမိခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်အကြာတွင် Google Talk ကို အသုံးပြုရာ၌ error message များနှင့် မမျှော်လင့်ထားသည့် အပြုအမူများကို ကြုံတွေ့ရမည်ဖြစ်ကြာင်း Google ကုမ္ပဏီက ကြေညာခဲ့သည်။ အဆိုပါ ပြတ်တောက်မှုကြောင့် Googlt Talk ဝန်ဆောင်မှု များဖြစ်သည့် Gmail chat, Google+ chat နှင့် standalone Google application တို့တွင် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

အဆိုပါ Gtalk ဝန်ဆောင်မှုပြတ်တောက်ခဲ့ခြင်းသည် Android ဝန်ဆောင်မှုများတွင်လည်း သက်ရောက်မှု ရှိခဲ့ပြီး Android syncing ပြုလုပ်ခြင်းနှင့် Push အထောက်အပံ့တို့ကိုအသုံးပြုရာတွင် အဆင်မပြေမှုများနှင့် တွေ့ကြုံခဲ့ရကြောင်းသိရသည်။ ထို့အပြင် အသုံးပြုသူအချို့မှာလည်း message များ ပို့၍မရခြင်း၊ ၎င်းတို့၏ contact list များကို အသုံးပြု၍မရခြင်း စသည့် ပြဿနာများနှင့် ကြုံတွေ့ခဲ့ရသည်။

ref:IJ

No comments:

Post a Comment