Friday 27 July 2012

Pepsi အချိုရည်လည်း မြန်မာနိုင်ငံ၌ ဒုတိယအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံတော့မည်

အမေရိကန်နိုင်ငံမှ နာမည်ကြီး အချိုရည်တစ်ခုဖြစ်သော Pepsi အချိုရည်သည် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် မျက်စိကျနေပြီဖြစ်ကြောင်း  သိရသည်။ ကိုကာကိုလာ ကုမ္ပဏီ မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမည်ဟု သတင်းထွက်ပေါ်ပြီးနောက် ယခုကဲ့သို့ သတင်းထွက်
လာခြင်း ဖြစ်သည်။ မြန်မာပြည်သို့ ရောက်ရှိနေသည့် အမေရိကန် စီးပွားရေးကိုယ်စားလှယ်အဖွဲ့ အမေရိကန်သို့ ပြန်ရောက်လျှင် Pepsi အမှုဆောင်များက ၎င်းတို့ကို သွားရောက်တွေ့ဆုံကာ မြန်မာနိုင်ငံ၏ အခြေအနေများကို မေးမြန်း ဆွေးနွေးမှုများ လုပ်သွားမည် ဖြစ်သည်။





ယခင်က Pepsi သည် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုကြောင့် ပြန်လည် ရုပ်သိမ်းသွားသည့် ကုမ္ပဏီလည်း ဖြစ်သည်။ Pepsi သည် ကမ္ဘာပေါ်တွင် နာမည်ကြီးထိပ်တန်း အချိုရည်တစ်ခုဖြစ်ပြီး ကမ္ဘာကျော် အနုပညာရှင်များ၊ ဘောလုံးသမားများနှင့် ၎င်းတို့၏ ကြော်ငြာများကို ရိုက်ကူးထားခဲ့သည်။ Pepsi သည် နာမည်ကြီး ဘောလုံးသမား ဒရော့ဘာချဲလ်ဆီးမှ ပြောင်းရွှေ့သွားသည့် တရုတ်မှ ရှန်ဟိုင်း ရှင်ဟွာကလပ်ကို လက်ရှိ စပွန်ဆာ ပေးထားပြီး ကမ္ဘာထိပ်သီး ဘောလုံးကလပ်များ
ကိုလည်း စပွန်ဆာပေးထားသည့် ကုမ္ပဏီဖြစ်သည်။ အကယ်၍ Pepsi သည် မြန်မာနိုင်ငံသို့ ရင်းနှီးမြှုပ်နှံမှု လုပ်ခဲ့လျှင် မြန်မာနိုင်ငံမှ ထိပ်တန်း ဘောလုံးကလပ် တစ်ခုကိုလည်း အင်္ကျီစပွန်ဆာ ပေးသွား
မည်ဖြစ်ကြောင်း သိရသည်။

ref:yadapon

No comments:

Post a Comment