Friday 27 July 2012

နှစ်ပေါင်း ၅ဝဝဝ သက်တမ်းရှိ ဖာရိုဘုရင်၏ လှေတစ်စင်း ပြင်သစ်ပညာရှင်များတွေ့ရှိ



ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်များသည် နှစ်ပေါင်း ၅ဝဝဝ သက်တမ်း ရှိသစ်သားဖြင့်ပြု
လုပ်ထားသော ရှေးခေတ်ဖာရိုဘုရင်၏လှေတစ်စင်းကို အီဂျစ်နိုင်ငံတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း အင်တာနက်သတင်းတစ်ရပ်၌ ဖော်ပြ ထားသည်။


အီဂျစ်ရှေးဟောင်းသုတေသနဝန်ကြီး မိုဟာမက်အီဘရာဟင်၏ ပြောကြားချက်အရ အဆိုပါလှေကို ကိုင်ရိုမြို့ အနောက်ပိုင်း အဘူရာဝက်ရှ်ဒေသ၌ ရှာဖွေတွေ့ ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။၎င်းလှေသည် အရှည် ၆ မီတာနှင့် အကျယ် ၁ ဒသမ ၅ မီတာရှိ၍ ယခုအခါ ၎င်းလှေကို ပြန်လည်မွမ်းမံ လျက်ရှိပြီး အီဂျစ်ယဉ်ကျေးမှုအမျိုးသားပြတိုက်၌ လာမည့်နှစ်တွင် ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment