Saturday 28 July 2012

ရေကြီးမှုကြောင့် ပေကျင်း မြို့တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန် ရာထူးမှနုတ်ထွက်



ပြီးခဲ့သော သီတင်းပတ်တွင် ပေကျင်းမြို့၌ မုန်တိုင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်း
ခဲ့သောကြောင့် ရေကြီးရေလျှံပြီး လူ ၃၇ ဦးသေဆုံးခဲ့ရသဖြင့် ပေကျင်းမြို့၏ ရေနုတ်မြောင်းစနစ်အား မီဒီယာများနှင့် အင်တာနက်အသုံးပြုသူများက ဝိုင်းဝန်းပြစ်တင်ဝေဖန်နေကြချိန်တွင်
ပေကျင်းမြို့တော်ဝန်နှင့် ဒုတိယ မြို့တော်ဝန်တို့သည် ရာထူးမှနုတ်ထွက်လိုက်ပြီဖြစ်ကြောင်း
 နိုင်ငံပိုင်သတင်းမီဒီယာက ဗုဒ္ဓဟူးနေ့တွင် ဖော်ပြခဲ့သည်။
ပေကျင်းမြို့တွင် နောက်ထပ်မိုးသည်းထန်စွာရွာသွန်းဦးမည်ဖြစ်ကြောင်း မိုးလေဝသခန့်မှန်းမှုများ
လည်းရှိနေပြီး ပြီးခဲ့သော သီတင်းပတ်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သေဆုံးသူဦးရေသည် ယခုထုတ်ပြန်ထားသည်ထက်ပင်ပိုများဦးမည်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေချိန်တို့တွင်
 မြို့တော်ဝန်နှစ်ဦး ရာထူးမှနုတ်ထွက်ကြောင်း ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ပေကျင်းမြို့တော်ဝန် ကောက်ကျင်လောင်သည် ပေကျင်းမြို့၏ ကွန်မြူနစ်ပါတီအတွင်းရေးမှူးဖြစ်လာမည်ဟု ယခင်ကခန့်မှန်းမှုများရှိနေခဲ့သဖြင့် ယခုကဲ့သို့ မြို့တော်ဝန်အဖြစ်မှုနုတ်ထွက်လိုက်သဖြင့် လူအများက
အံ့သြခဲ့ရသည်။ 

တရုတ်အစိုးရသည် ပေကျင်းမြို့အား အလှဆင်ရန်အတွက် ဒေါ်လာဘီလီယံပေါင်းများစွာ
အသုံးပြုခဲ့သော်လည်းရေနုတ်မြောင်းစနစ်အား ကောင်းမွန်အောင်လုပ်ဆောင်ရန်ပျက်ကွက်ခဲ့သဖြင့် ယခုကဲ့သို့ရေကြီးရေလျှံသည့်ကိစ္စသည် အစိုးရအတွက် မျက်နှာပျက်စရာဖြစ်ခဲ့သည်။
၂၀၀၇ခုနှစ်မှ၍ ပေကျင်းမြို့အုပ်ချုပ်ရေးအရာရှိတစ်ဦးဖြစ်ခဲ့သည့် ဝန်အန်ရှန်အား ယာယီမြို့တော်ဝန်
အဖြစ်ခန့်အပ်ထားကြောင်းသိရသည်။

Source:AP

No comments:

Post a Comment