Monday 3 August 2015

ရေကြီးနေသည့်ကြားက ကလေးမြို့တွင် ဆီဆိုင်မီးလောင်

ဆီဆိုင်မီးလောင်နေစဉ် (ဓာတ်ပုံ - စိုးဇေယျာထွန်း/ရိုက်တာ) 
ရေဘေးသင့်ဒေသတစ်ခု ဖြစ်သော ကလေးမြို့ရှိ စက်သုံး ဆီဆိုင်တစ်ဆိုင်တွင် သြဂုတ် ၂ ရက် ညနေက မီးလောင်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး က လေးမြို့ ပင်လုံရပ်ကွက်လေယာဉ် ပြေးလမ်းအရှေ့ရှိ ယူနိုက်တက် စက်သုံးဆီဆိုင်တွင် သြဂုတ် ၂ ရက် ညနေ ၄ နာရီခွဲခန့်တွင် မီး လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိနစ်၂၀ ခန့် ငြှိမ်းသတ်ခဲ့ရကြောင်း သတင်းရ ရှိသည်။

မီးလောင်သည့်နေရာသည် ရေလွတ်သည့်နေရာတွင်ဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များအပါအ၀င် တပ်မတော်သားများလည်း လာ ရောက်ကူညီပေးခဲ့ကြောင်း ကလေးမြို့သို့ ရောက်ရှိနေသည့် 7 Day Daily ဓာတ်ပုံသတင်းထောက်ကျော်ဇင်သန်းက သတင်းပေးပို့သည်။

‘‘အခုလောလောဆယ်တွေ့ ရတာတော့ အဲဒီနားက ဆိုင်တွေမီး လောင်သွားတယ်။ စစ်တပ်က လည်း လာကူပေးတယ်။ ပစ္စည်း တွေကူသယ်ပေးတယ်’’ဟု ၎င်းက ပြောသည်။

မီးလောင်မှုကို ညနေ ၅ နာရီ ခန့်တွင် ငြှိမ်းသတ်နိုင်ခဲ့ပြီး မီးစ တင်လောင်ကျွမ်းခဲ့သည့် ဓာတ်ဆီ ဆိုင်နှင့် ယင်းဆိုင်ဘေးရှိ စား သောက်ဆိုင်နှစ်ဆိုင်သို့ မီးကူးစက် လောင်ကျွမ်းခဲ့သည်။

7Day DAILY 

No comments:

Post a Comment