Monday 3 August 2015

ရေကြီးရေလျှံဖြစ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ပေါ်တွင် မသမာသူတချို့က ညအချိန်တွင် လှေဖြင့် ဖောက်ထွင်းခိုးယူမှုများဖြစ်ပေါ်နေ

Photo Caption: ကလေးမြို့တွင် ညအချိန် လုံခြုံရေးဆောင်ရွက်နေသာ ကလေးလွင်ပြင်ပရဟိတအဖွဲ့လူငယ်များနှင့် ရဲတပ်ဖွဲ့ဝင်များကို တွေ့ရစဉ် Photo: ငယ်ထွေး(ကလေး)
ရေကြီးရေလျှံ ဖြစ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့ပေါ်တွင် မသမာသူ တချို့က ညအချိန်လှေဖြင့် ဖောက် ထွင်းခိုးယူမှုအချို့ဖြစ်ပေါ်နေပြီး ပြည် သူများ၏ အသက်အန္တရာယ်ကိုရန်ရှာကာ လုယက်မှုများရှိနေကြောင်း ဒေသ ခံများထံမှ သိရသည်။

ယင်းကဲ့သို့ ဖောက်ထွင်းခိုးယူမှု များကို ညအချိန်တွင် အများစုပြုလုပ် ပြီး အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးသည့် နေအိမ်များ၊ လူသူမရှိသည့်နေ အိမ် နှင့် ရေကြီးရေလျှံမှုများကြောင့်ပြို ပျက်သွားသည့် နေအိမ်များကိုလိုက် လံခိုးယူနေကြသည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ ကလေး ခရိုင်ရဲမှူးတင်ဇော်ထွန်းက ''ညအချိန် လှေတွေနဲ့ သူ့အိမ်လိုလို ကိုယ့်အိမ် လိုလိုသွားလာပြီး ဖောက်ထွင်းခိုးယူ မှုတချို့ ရှိနေပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလိုအခက်အခဲတွေ၊ ရေဘေး ဒုက္ခတွေ့နေချိန်မှာ အတတ်နိုင် ဆုံး အဲဒီလိုမျိုးမဖြစ်ပေါ်ဖို့ လုံခြုံရေး အရ လှေတွေနဲ့ ကင်းလှည့်မှုတွေလုပ် ပေးနေပါတယ်''ဟု ပြောသည်။

ကလေးမြို့နယ်၊ ချမ်းမြေ့အောင် စည် (၁)ရပ်ကွက်မှ ကိုကြည်ရအောင်က ''အခု ကလေးမြို့နယ်မှာ နေ့ခင်း ကြောင်တောင်ကြီး အိမ်တွေကို လိုက် ဖောက်နေကြတယ်။ ဩဂုတ် ၁ရက်နေ့ ညကဆို ကျွန်တော့် အိမ်ကို လှေတစ်စင်းနဲ့ လူသုံးယောက်ဖောက်နေတာ တွေ့တဲ့အတွက် ကျွန်တော် ခွနဲ့လှမ်း ပစ်လိုက်မှ ထွက်ပြေးသွားတယ်။ ခိုးယူဖောက်ထွင်းနေတဲ့ မသမာသူ တွေက လှေတစ်စင်းနဲ့ ဆိုလာပြားတွေကအစ လိုက်လံခိုး ယူနေကြပါ တယ်။ ဩဂုတ် ၁ ရက်နေ့ ညက မင်္ဂလာဥယျာဉ်ရပ်ကွက်က အိမ် တစ်အိမ်မှာ လူနှစ်ယောက်က အိမ် ပေါ်မှာရှိတဲ့ လူတစ်ယောက်ကို ဝိုင်းရိုက်ပြီး လုယက်တဲ့ဖြစ်စဉ် ဖြစ် ပွားခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့က အဲဒီအရိုက်ခံရတဲ့လူကိုသွားရောက် ပြီး ကယ်ဆယ်ခဲ့ရပါ တယ်။ အခုက လုံခြုံရေးအားနည်းမှုကြောင့် အိမ် တွေမှာတစ်ယောက်တည်း ကျန်နေ ခဲ့တဲ့သူတွေကို အသက်အန္တရာယ် ခြိမ်းခြောက်ပြီး လုယက်တာတွေပါ ကြုံတွေ့နေရပါတယ်''ဟုပြောသည်။

ဩဂုတ် ၁ ရက်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမကြီး၊ ပြည်ထွန်းစတိုး အား နေ့ခင်းကြောင်တောင်၊ ခေါင်မိုး ပေါ်မှဝင်ဖောက်ပြီး ပစ္စည်းများ လု ယက်ဖောက်ထွင်းရန်ကြိုးပမ်းမှုများ လည်းရှိခဲ့ပြီး အဆိုပါဖြစ်ရပ်များမှာ လုံခြုံရေးအားနည်းသောကြောင့် ဖောက်ထွင်းမှုများ ဖြစ်ပေါ်နေသည်။

''ကလေးမြို့မှာ ရေစကြီးတဲ့နေ့ ကစပြီး ရေနစ်မြုပ်တဲ့ အိမ်တွေကို မသမာတဲ့သူအချို့က လှေနဲ့လိုက်လံ ပြီး တန်ဖိုးရှိတဲ့ အိမ်တွင်းပစ္စည်းတွေကို လိုက်လံဖောက်ယူတာတွေရှိနေပါ တယ်။ ရဲတွေအနေနဲ့ အဲဒီမသမာ သူတွေကို လိုက်လံဖမ်းဆီးဖို့က လှေက အလုံအလောက်မရှိတဲ့အတွက် ချက် ချင်းလိုက်လံ ဖမ်းဆီးလို့မရပါဘူး။ ကလေးလွင်ပြင် ရေဘေးကူညီထောက် ပံ့ရေး အဖွဲ့ရယ်၊ ရဲတပ်ဖွဲ့နဲ့ပူးပေါင်း ပြီးတော့ ညဘက်တွေဆိုလှေတွေနဲ့ ကင်းလှည့်ပြီးလုံခြုံရေးကို ဆောင် ရွက်နေပါတယ်။ အစိုးရဆီက ဘာလှေမှ အကူအညီမရပါဘူး။ လုံခြုံ ရေးကင်းလှည့်ဖို့နဲ့ ကယ်ဆယ်ရေး အတွက် လေသွင်းရော်ဘာလှေ ၁၂ စင်း ကို ကလေးမြို့နယ်အသင်း (ရန်ကုန်) က လာရောက် လှူဒါန်းထားတာပါ။ ရဲစခန်းအနေနဲ့ အရပ်ဘက်အဖွဲ့အစည်း တွေနဲ့ ပူးပေါင်းပြီးလုပ်ဆောင်နေ ပေမယ့် လုံခြုံရေးအားကတော့နည်းနေပါတယ်''ဟု ကလေးမြို့မှ ကိုအာ ကာက ပြောသည်။

ယခုလက်ရှိအချိန်တွင် တိုင်းနှင့် ပြည်နယ်ရှိအချို့ မြို့နယ်များ ပြည်သူ များမှာရေဘေးကိုမကြုံစဖူးကြုံတွေ့ နေရသောကြောင့် အရမ်းစိုးရိမ် လျက်ရှိပြီး ယခုကဲ့သို့အိုးအိမ်စွန့် ခွာ၍ ထွက်ပြေးသည့်နေအိမ်များ၊ လူ သူမရှိသည့် နေအိမ်များအတွင်းသို့ ညဉ့်နက်သန်းခေါင်တွင်သာမက နေ့ လယ်ခင်းပိုင်းအတွင်းများတွင်ပင် အိမ်ဖောက်မှုများဖြစ်ပွားလျက် ရှိသောကြောင့် ပြည်သူများမှာပို၍ စိုးရိမ်ပူပန်မှုများရှိနေကြောင်း ပြည် သူများထံမှသိရသည်။

မကွေးတိုင်းဒေသကြီး စေတုတ္တ ရာမြို့နယ်မှ မြို့ခံတစ်ဦးက''စေတုတ္တ ရာမြို့မှာ ရေစကြီးတုန်းက ရေနစ် မြုပ်လျက်ရှိတဲ့ အိမ်များအတွင်းကို ညဉ့်နက်သန်းခေါင်ဘယ်ကမှန်းမသိ တဲ့ လှေအချို့က အိမ်တွင်းပစ္စည်း တွေကို လိုက်လံဖောက်ယူတယ်လို့ သတင်းကြားလို့ ရဲတပ်ဖွဲ့ကိုအကြောင်း ကြားထားပါတယ်။ နေအိမ်ကပစ္စည်း တချို့ပျောက်ရှမှုတွေရှိပါတယ်။အခု စစ်တပ်နဲ့ ရဲကလုံခြုံရေးယူပြီး ကူညီ ပေးနေတယ်။ မြို့ကလူတွေနဲ့ ရဲတွေ က ပေါင်းပြီးတော့ လုံခြုံရေးကာကွယ် နေတဲ့အတွက် အခုရက်ပိုင်းကတော့ ဘာသံမှ မကြားရတော့ပါဘူး''ဟု ပြောသည်။

ယခုလက်ရှိတွင် ရေကြီးရေလျှံ ဖြစ်နေသည့် တိုင်းနှင့်ပြည်နယ်ရှိ မြို့နယ်အချို့တွင် လုံခြုံရေးကာကွယ်ရန် ကယ်ဆယ်ရေးယာဉ်များ၊ စက် လှေများလိုအပ်လျက်ရှိသည်။

စေတုတ္တရာရဲစခန်းမှ တာဝန် ရှိသူတစ်ဦးက''ကျွန်တော်တို့ရဲတပ် ဖွဲ့အနေနဲ့ လုံခြုံရေးအတွက်လှေနဲ့ ကင်းလှည့်ပါတယ်။ မသင်္ကာသူတချို့ ကိုမေးတော့ တချို့ကသေတာတွေ။ တီဗွီတွေသယ်လာတာတွေ တွေ့တော့ ခေါ်ယူ စစ်ဆေးမှုတွေလုပ်ပါတယ်။တချို့ကရေထဲမှာ မျောလာလို့ဆယ် ယူထားတာတွေလဲရှိတယ်။အဲလိုကြီး သီးသန့်ဖောက်ထွင်းတာကတော့ မရှိပါဘူး။ လုံခြုံရေးအတွက်လှေနဲ့ ပဲကင်းလှည့်နေတာပါ။ ပြည်သူတချို့ ကသူတို့ရဲ့ နေအိမ်တွေနဲ့သူတို့ရဲ့နေ အိမ်ထဲက ပစ္စည်းတွေကိုစောင့်ကြည့် ဖို့ပြောထားတာတွေရှိလို့ လုံခြုံရေး အရဆောင်ရွက်ပေးနေ တာပါ''ဟု ပြောသည်။

Democracytoday

No comments:

Post a Comment