Monday 3 August 2015

ပွင့်ဖြူရှိ အရေးပေါ်လိုအပ်နေသော ဒေသများကို ကူညီမည်

ပွင့်ဖြူသို့ ရောက်ရှိနေသော The Voice သတင်းထောက်၏ ပေးပို့ထားချက်အရ အရေးပေါ်အကူအညီ လိုအပ်နေသည့် ကျေးရွာများမှာ မုန်းချောင်းအရှေ့ဘက်နှင့် ကျောင်းတော်ရာ အရှေ့ဘက်- မုန်းမြင့်၊ အင်းတောင်း၊ သမော်အင်း၊ ညောင်ပင်ရွာ၊ မင်းဇံ၊ သဖန်းတန်း၊ သမင်ခြံ၊ ကမ်းဖြူကုန်း၊ သရက်တော၊ ညောခြုံ၊ ညောလှလေး၊ ရွာသာကုန်းတို့ ဖြစ်ပါသည်။

အထက်ပါစာရင်းပါ ဒေသများမှာ ရေထဲတွင် ပိတ်မိနေပြီး သွားလာရခက်ခဲသော ကျေးရွာများ ဖြစ်ပါသည်။ မုန်းချောင်းအနောက်ဘက်တွင်လည်း ကျေးရွာအများအပြား ရှိသေးပြီး ကူညီရေးအဖွဲ့ မရောက်သေးသည့် လက်လှမ်းမီရန် ခက်ခဲသည့် နေရာများကို ဦးစားပေးထားပါသည်။ ပွင့်ဖြူတစ်နယ်လုံးတွင် ကူညီရေးစခန်း ဆယ်ဂဏန်းအထိ ရှိနေပြီး ခေတ္တခိုလှုံသူ လူဦးရေ သောင်းဂဏန်းအထက် ရှိပါသည်။ 

ယင်းကြောင့် Living Color MEDIA ရေဘေးကူညီရေးအဖွဲ့ အနေနှင့် ယင်းဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများကို သြဂုတ်လ ၅ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် သွားရောက်လှူဒါန်းမည် ဖြစ်ပါသည်။ (ရခိုင်သို့ သွားရောက်မည့်နေ့ကိုလည်း ကြေညာပေးသွားပါမည်။) 

စာဖတ်ပရိသတ်များနှင့် စေတနာရှင်များ အနေနှင့်လည်း ပူးပေါင်းလှူဒါန်းလိုပါက Living Color Media အမှတ် (၁၅၇) အနောက်မြင်းပြိုင်ကွင်းလမ်း၊ (မြလမ်းမှတ်တိုင်အနီး) ဗဟန်းမြို့နယ်နှင့် အမှတ် ၄၅၈/၄၆၀၊ ၃၁ လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်၊ ရသာကွန်ဒို (၄) လွာသို့ ပေးပို့လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။

မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရေဘေးသင့်မြို့နယ်များ အတွက် လှူဒါန်းလိုသူများ အနေနှင့် မန္တလေးရုံးခွဲ အမှတ် (၆၆/၄) မြသီတာလမ်းသွယ်၊ ၆၃x၆၄ နှင့် ၂၄x၂၅ ကြား၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးမြို့သို့ ဆက်သွယ်ပေးပို့ လှူဒါန်းနိုင်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

အသေးစိတ်သိရှိလိုပါက ဖုန်း ၀၉-၉၇၅၇၀၄၄၉၁၊ ၀၉-၇၃၂၄၈၈၈၆၊ ၀၉-၂၆၀၀၂၅၈၅၁၊ ၀၉-၇၃၀၆၄၅၉၂ ကို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ရေကြီးနစ်မြုပ်မှု ကူညီရေးအတွက် လိုအပ်သည့်/ အသုံးဝင်သည့် ပစ္စည်းစာရင်းများ
၁။ ဖယောင်းတိုင်
၂။ မီးခြစ်
၃။ ဓာတ်မီး (ဓာတ်ခဲထည့်သုံးနိုင်သည့် ဓာတ်ခဲတစ်ပါတည်းပါပြီး ဓာတ်မီး) 
၎။ ဆန် (ကာလရှည် လိုအပ်မည်)
၅။ ဆီ (ရေသန့်ဗူးအရွယ် ပလပ်စတစ်ပုလင်းများကို ပိုလိုချင်) 
၆။ ဆား
၇။ ငါးပိစိမ်း/ ငါးပိထောင်း
၈။ ခေါက်ဆွဲခြောက် (များများလို)
၉။ ငါးသေတ္တာ (များများလို)
၁၀။ လက်ဖက်/ အကြော်စုံ 
၁၁။ ကုလားပဲခြမ်း (အစိမ်း) 
၁၂။ မုန့်ခြောက်/ ကိတ်ခြောက် (အထားခံရန် လိုအပ်)
၁၃။ ဓာတ်ဆား
၁၄။ သောက်ရေသန့် (လိုအပ်)
၁၅။ ဆပ်ပြာမှုန့်/ ဆပ်ပြာခဲ
၁၅။ ငွေကြေး (လိုအပ်) 
၁၆။ ဒဏ်ကြေလိမ်းဆေး/ အကိုက်အခဲပျောက်ဆေး 
ဆန်၊ ရေသန့်ကဲ့သို့သော ကုန်လေးများကို မကွေးမြို့တွင် ဝယ်ယူနိုင်။ ဈေးနှုန်း မကြီးမြင့်သေး။

The Voice Weekly 

No comments:

Post a Comment