Monday 3 August 2015

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ရေနစ်မြုပ်နိုင်သည့် အန္တရာယ်မြင့်မားနေပြီဟု ဒေါက်တာထွန်းလွင်သတိပေး

ဧရာဝတီမြစ်ဝ ကျွန်းပေါ်အတွင်း ရေနစ်မြုပ်နိုင်သည့် အန္တရာယ်မြင့်မားနေပြီဖြစ်ခြင်းကြောင့် အထူးသတိထားပြီးကြိုတင်ပြင်ဆင် မှုများဆောင်ရွက်ထားသင့်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြော ကြားလိုက်သည်။

လက်ရှိတွင် ဟင်္သာတဘက် တွင်လဲ ရုတ်တရက်ရေများဝင်ရောက် လာပြီး ရေတက်လာကာ စိုးရိမ်ရေ မှတ်အထက် ငါးပေကျော်ရှိနေ ကြောင်း၊ ဟင်္သာတတစ်ဖက်ကမ်း သာရဝေါဘူတာသည်လည်း ရေနစ်မြုပ်နေကြောင်း သိရသည်။

''ရေကြီးနိုင်တဲ့ အလားအလာ ရှိတဲ့နေရာတွေမှာ အရေးကြီးတဲ့ အရာတွေကို လုံခြုံအောင်ပြင်ဆင်ထား ရမယ်။ ရေးဘေးလွတ်ရာတွေကိုကြို တင်ရွှေ့ပြောင်းထားရမယ်။ အရေးကြီး တဲ့အရာထဲမှာ မှတ်ပုံတင်တွေပါ တယ်။ ကိုယ်နဲ့မကွာယူဆောင်သွား ရမယ်။ မဟုတ်ရင်သေရင်တောင် ဘယ်သူမှန်းမသိဖြစ်နိုင်တယ်။ ဒါ ကြောင့် ကြိုတင်ပြင်ဆင်မှုတွေလုပ် ထားသင့်ပါတယ်''ဟု ဒေါက်တာထွန်း လွင်ကပြောသည်။

နောက်ထပ်ရေဖုံးလွှမ်းမှုခံရနိုင်သည့် အလားအလာများသည့် ဒေသ များမှာ ပြည်၊ ကျောက်ဖြူ၊ မင်းတပ်၊ မုံရွာ၊ ညောင်ဦး(ပုဂံ)၊ မ အူပင်၊ ပုသိမ်၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတ၊ စစ်တွေ၊ သထုံ၊ မိတ္ထီလာ နှင့် မင်္ဂလာဒုံမြို့နယ် တို့ပါဝင်ခြင်း ကြောင့် ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားသင့်ကြောင်း သိရသည်။

လက်ရှိမြစ်ရေ မြင့်တက်နေ သည့် ဧရာဝတီမြစ်၊ ချင်းတွင်း၊ စစ် တောင်း၊ သံလွင်မြစ်ကြီးများ အပါအ ဝင်မြစ်ငယ်များတွင်လည်း မြစ်ရေများမြင့် တက်နေပြီး နေရာဒေသ လိုက်ပြီး ယင်းဒေသတို့၏ စိုးရိမ်ရေ မှတ်များကို ကျော်လွန်လျက်ရှိနေသည်။

MMA
‎Democracytoday‬

No comments:

Post a Comment