Monday 3 August 2015

ငမိုးရိပ် ရေလှောင်တမံ ကန်ရေပြည့်ရန် သုံးလက်မသာ လို၊ ရန်ကုန် ဆင်ခြေဖုံးဒေသအချို့ ရေကြီးနိုင်

ငမိုးရိပ် ရေလှောင်တမံသည် သြဂုတ်လ ၃ ရက်နေ့ နံနက်ပိုင်း တိုင်းတာချက်အရ ကန်ရေပြည့်ရန် သုံးလက်မသာ လိုတော့ကြောင်း ရန်ကုန်တိုင်း ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

“သတ်မှတ်ရေပြည့် ပမာဏထက် ကျော်လွန်ခဲ့ရင် ရေပိုလွှဲကတဆင့် ငမိုးရိပ်ချောင်းထဲ ရေထုတ်လွှတ်မယ်။ လက်ရှိချောင်းက ရေတက်နေတော့ ချောင်းရိုးအနီးအနားက ဆင်ခြေဖုံး ဒေသတစ်ချို့ ရေကြီးရေလျှံဒဏ် ခံရနိုင်တယ်” ဟု ယင်းဆည်မြောင်းဌာနမှ ညွှန်မှူး ဦးမင်းဆွေက The Voice သို့ ပြောကြားသည်။

လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် ငမိုးရိပ်ချောင်းမှာ ရေတိုးနေပြီး မြစ်ရေမှာလည်း ရေတက်နေသောကြောင့် ငမိုးရိပ် ရေလှောင်တမံ ရေလွှတ်ချခဲ့ပါက လှည်းကူး၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်းနှင့် ဒဂုံမြို့သစ် မြို့နယ်များအားလုံး ရေကြီးရေလျှံမည် ဖြစ်ကြောင်း အဆိုပါ ဆည်မြောင်းဦးစီးဌာနထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment