Monday 3 August 2015

ရခိုင်အမျိုးသားရေးဆောင်ရွက်သူ ဦးထွန်းသာ ကွယ်လွန်

ရခိုင်အမျိုးသားအရေးကို ဆောင်ရွက်သူ ဦးထွန်းသာသည် ကင်ဆာရောဂါ ဝေဒနာဖြင့် အိမ်အမှတ် ၁၂၆၊ အောင်သိဒ္ဒိ(၁)လမ်း၊ ၆၈ ရပ်ကွက်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရန်ကုန် နေအိမ်တွင် သြဂုတ်လ ၂ ရက်နေ့ နံနက် ၁၀နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။ 

သူသည် မလေးရှားတွင်ပထမဆုံး ALD ပါတီ (ပြည်ပ) ကို ဦးဆောင် တည်ထောင်ခဲ့ရာတွင် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ရခိုင်အမျိုးသားကောင်စီ (ANC) မလေးရှားတွင် ဥက္ကဋ္ဌ ၊ နာယကနှင့် ဗဟိုကော်မတီ ၀င်အဖြစ် တာဝန် ၂၀၀၄ ခုနှစ် မှ ၂၀၀၈ အထိ ပါဝင် ထမ်းဆောင်ခဲ့သည်။ 

၂၀၁၀ တွင် UNHCR အစီစဉ်ဖြင့် အမေရိကန် နိုင်ငံသို့အခြေချခဲ့ပြီး အိုင်အိုဝါပြည်နယ် ရောက် ရခိုင်မျိုးချစ်များကိုစုစည်းပြီး ၂၀၁၂ တွင် ရခိုင်အမျိုးသားရေးအသင်းကို တည်ထောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ 

သူသည် မြန်မာနိုင်ငံသို့ပြန်လာပြီး ကင်ဆာရောဂါကို ကုသနေစဉ် ကွယ်လွန်သွားခြင်း ဖြစ်သည်။ 

သူ့အား သြဂုတ်လ ၄ ရက် အင်္ဂါနေ့တွင် တောင်ဒဂုံ ကျီစု သုသာန်တွင် သဂြိင်္ုလ်သွားမည်ဟု သမက်ဖြစ်သူ ကိုနေမျိုးအောင်က ပြောဆိုသည်။ ဆက်သွယ်လိုသူများ ဖုန်း ၀၉၂၆၃၄၆၂၉၀၈ ကိုဆက်သွယ်နိုင်ပါသည်။

Arakan State 

No comments:

Post a Comment