Monday 3 August 2015

ချင်းတွင်းမြစ်ရေ တိုက်စားခြင်းကြောင့် မုံရွာမြို့နယ် ပေါက်ပင်ချောင်းအတွင်း မြေသားတာရိုး ကျိုးပေါက်

ချင်းတွင်းမြစ်ရေတိုက်စားသဖြင့် ကျိုးပေါက်သွားသော မြေသားတာရိုးနေရာတွင် ကြည့်ရှုနေသော ဒေသခံများ (ဓာတ်ပုံ − မျိုးမင်းဦး) 
ချင်းတွင်းမြစ်ရေတိုက်စား ခြင်းကြောင့် မုံရွာမြို့နယ် ပေါက် ပင်ချောင်းအတွင်း ငါးပေါက်ရေ ထိန်းတံခါးရှိ မြေသားတာရိုးကျိုး ပေါက်ပျက်စီးခဲ့ကြောင်း သတင်း ရရှိသည်။

သြဂုတ် ၂ ရက် နံနက်တွင် ချင်းတွင်းမြစ်ရေသည် မုံရွာ မြို့၏စိုးရိမ်ရေမှတ် ၁၀၀၀ စင်တီမီတာ အထက် ၁၀၀ စင်တီမီတာကျော် ရောက်ရှိကာ ပေါက်ပင်ကျေးရွာ နှင့် ထနောင်းတော ကျေးရွာအကြား ပေါက်ပင်ချောင်းအတွင်းရှိ ငါးပေါက်ရေထိန်းတံခါးတောင် ဘက် မြေသားတာရိုးကို ရေတိုက်စား၍ ကျိုးပေါက်ခဲ့ခြင်း ဖြစ်သည်။

‘‘ပေါက်ပင်ချောင်းအတွင်း ငါးပေါက်ရေထိန်းတံခါးအနီး မြေ သားတာရိုးကျိုးပေါက်သွားတာ ပါ။ မုံရွာ-အမြင့်ကားလမ်းရေ တိုက်စားပြီး ပျက်စီးတာ မဟုတ် ပါဘူး။ အဲဒီပေါက်ပင်ရေထိန်း တံခါးက မုံရွာ-အမြင့်လမ်းရဲ့ အရှေ့ဘက်မှာ ရှိပါတယ်’’ဟု မုံ ရွာမြို့နယ် ညောင်ဖြူပင်ကျေးရွာ နယ်မြေရဲတပ်ဖွဲ့စခန်းမှူးက အ တည်ပြုပြောကြားသည်။

အဆိုပါတာရိုးရေတိုက်စား ၍ ကျိုးပေါက်ခဲ့ခြင်းကြောင့် အနီးဝန်းကျင်ရှိ ထနောင်းတော ကြာပိုင်နှင့် ပေါက်ပင်ကျေးရွာတို့တွင် နေအိမ်များအတွင်းသို့ ရေ၀င်ရောက် မှုများ ရှိနေကြောင်း သတင်းရရှိ သည်။

‘‘အခုရေတိုက်စားလို့ တာ ရိုးကျိုးသွားတာ ပျက်စီးမှုအနေနဲ့ အနီးဝန်းကျင်ကျေးရွာတွေ ရေ၀င်နေပြီ။ ဒီရေပေါက်တွေက ရေထိန်းလွှတ်လို့ ကုန်းမြင့်ပိုင်း ကျေးရွာ တွေမှာ အရင်စပါးစိုက်တဲ့ အခင်းတွေ စပါးမစိုက်နိုင်ဘူး။ ဒါပေမဲ့ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်က ကျေးရွာတော်တော်များများ

စိုက်ပျိုးရေ ပိုရနိုင်တယ်’’ဟု မုံရွာမြို့နယ်မြေနဲကျေးရွာဒေသခံ ဦး အောင်ထူးက ပြောသည်။

အဆိုပါတာရိုး ကျိုးပေါက် ခြင်းကြောင့် မုံရွာနှင့် ချောင်းဦးမြို့ နယ်ရှိ ထနောင်းတော၊ ပေါက်ပင်၊ကြာပိုင်၊ တောပု၊ ပုရစ်ကုန်း၊ တောင်ပုံ၊ မင်းရွာ၊ မြေနဲ၊ မုံရွေး၊ကြေးမုံ၊ ကင်မွန်းတော်၊ ကုလား ကြီး၊ ပေါက်အင်းစိုက်ကွင်းအထိ ချင်းတွင်းမြစ်ရေများ ၀င်ရောက်နိုင်ဖွယ်ရှိကြောင်း ပေါက်ပင်ကျေး ရွာနှင့် ထနောင်းတောကျေးရွာ ဒေသခံများ ပြောကြားချက်အရ သိရသည်။

7Day DALY

No comments:

Post a Comment