Monday 3 August 2015

တောင်ပြုံးပွဲကျင်းပရေး လေလံကြေးနှင့် အာမခံကြေး ကျပ်သိန်း ၄,၀၀၀ ကျော် ပေးရမည်ဆို၍ လေလံပွဲပျက်

တောင်ပြုံးပွဲတော်ကြီး ပွဲကျင်းပရေးဆိုင်ရာ  အထွေထွေတင်ဒါကို လေလံခေါ်ယူရာ လေလံအောင်သူမှာ တင်ဒါကြေးအပြင် အာမခံငွေအဖြစ် တင်ဒါကြေး၏ ၅၀ ရာခိုင်နှုန်းအပါအ၀င် စုစုပေါင်း ကျပ်သိန်း ၄,၀၀၀ ကျော် ပေးသွင်းရမည်ဆိုသောကြောင့် လေလံပွဲပျက်ခဲ့ကြောင်း   သတင်း ရရှိသည်။

တောင်ပြုံးပွဲ ကျင်းပရေး တင်ဒါခေါ်ယူသည့် လေလံပွဲကို ဇူလိုင် ၂၉ ရက်တွင် မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ရုံး၌ ကျင်းပခဲ့ခြင်း ဖြစ်သည်။

လေလံပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်သူ ၁၇ ဦးအနက် ဒေါ်သီတာ မိုးမှာ ကျပ်သိန်း ၂,၇၀၀ ဖြင့် တင် အောင်မြင်ခဲ့သည်။

သို့သော် တင်ဒါအောင်သူ မှာ တင်ဒါကြေးကျပ်သိန်း ၂,၇၀၀ အပြင် အာမခံစားပေါ်တင်ငွေအ ဖြစ် တင်ဒါကြေး၏ ၅၀ ရာခိုင်နှုန်းကျပ်သိန်း ၁,၃၅၀ ထပ်ဆောင်းပေးသွင်းရမည်ဆိုသောကြောင့် လေလံကြေးမသွင်းတော့ဘဲ လေလံပွဲ ပျက်ခဲ့ရကြောင်း သတင်းရရှိ သည်။ တောင်ပြုံးပွဲအတွက် တင်ဒါလျှောက်ထားသူများအား အမှတ် ပေးစည်းမျဉ်းဖြင့် ရွေးချယ်ပြီး အ မှတ်အများဆုံးရရှိသူကို လေလံ အောင်နိုင်သူအဖြစ် ရွေးချယ်ခဲ့ သည်ဟု ဆိုသော်လည်း လေလံ အောင်နိုင်သူကို ကြေညာရာတွင် အမှတ်စာရင်းနှင့် ဒုတိယ၊ တတိ ယရရှိသူများကို မကြေညာသည့် အတွက် လုပ်ထုံးလုပ်နည်းများ နှင့် မညီကြောင်း တင်ဒါလျှောက် ထားခဲ့သူ ဒေါ်ခင်မြင့်ဦးက ပြော သည်။

‘‘လေလံပွဲမှာ လေလံအောင် တဲ့သူကို ကြေညာတော့ နိုင်တဲ့ သူပဲ ကြေညာသွားတယ်။ ဒုတိယ၊တတိယ     အမှတ်စာရင်းတွေ လည်း ကြေညာမသွားဘူး။ ဒုတိ ယရတဲ့သူတွေ ရမှတ်တွေမေး တော့ မဖြေကြားပါဘူး။ အခု ပြဿနာက လေလံပွဲအောင်နိုင် သူက လေလံကြေးကို သြဂုတ် ၁ ရက် နောက်ဆုံးထားသွင်းမှာ ကို မသွင်းပါဘူး။ အဲဒီတော့ ဒုတိယရ တဲ့သူကို ပေးပါဆိုတော့ ဘယ်သူ မှန်းမသိဘူး’’ ဟု ဒေါ်ခင်မြင့်ဦးက ပြောသည်။

တင်ဒါအောင်မြင်သူ ဒေါ်သီ တာမိုးက တင်ဒါကြေးမပေးသွင်း တော့ဘဲ ဖျက်သိမ်းခဲ့ရခြင်းမှာ အာမခံစားပွဲတင်ငွေ များလွန်း ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားသည်။ အာမခံစားပွဲတင်ကြေး များလွန်း၍   တင်ဒါလာရောက်လျှောက်ထားသူများကလည်း မကျေမနပ်ဖြစ်နေကြောင်း သြဂုတ် ၁ ရက်က မန္တလေးမီဒီယာစင်တာ၌ ပြုလုပ်သည့် တင်ဒါ လျှောက်ထားသူများ၏ သတင်းစာရှင်းလင်းပွဲမှ သတင်းရရှိသည်။

ကော်မတီအနေဖြင့် အမှတ် ပေးစည်းမျဉ်းနှင့် ရွေးချယ်မည် ဆိုသော်လည်း ရမှတ်များနှင့် ဒုတိယ၊ တတိယ ရသူများကို မဖော်ပြနိုင်သောကြောင့် လုပ် ကိုင်ရာ၌ ပွင့်လင်းမြင်သာမှု မရှိကြောင်း တင်ဒါလျှောက်သူများ က ဝေဖန်ထောက်ပြကြသည်။

‘‘သူတို့က ပွဲတော်ပြီးလို့ တင်ဒါရတဲ့သူအနေနဲ့ သန့်ရှင်း ရေးလုပ်မပေးရင် အာမခံကြေး ထဲကနေ ဖြတ်မယ်ပြောတယ်။ တစ်စုံတစ်ခုကြောင့် ပွဲပျက်ခဲ့ရင်ဒီပိုက်ဆံကို သိမ်းမယ်လို့ ပြော တယ်။ တစ်ခုခုလိုရင်လည်း ဒီ အထဲက ဖြတ်မယ်ပြောတယ်။ အဲဒီလိုတော့ မဖြစ်ဘူးလေ။ ရန်ဖြစ် တဲ့ ကိစ္စတွေက ကျွန်တော်တို့နဲ့ မှ မဆိုင်တာ။ အမှိုက်သိမ်းခက သိန်း ၁၀၀၀ လောက်ကြီး ကုန်ပါ့ မလား။ ၁၀၀ ယူထားမလား။ ၅၀ ယူထားမလားဆိုတော့ လက်မခံ ဘူး။ အဲဒီတော့ ဒီအာမခံကြေးနဲ့ ဒီစည်းကမ်းချက်က ရိုးသားမှု မရှိ ဘူး’’ဟု ဒေါ်ခင်မြင့်ဦး၏ အကြံ ပေး ဦးမြင့်ထွေးက ပြောသည်။

ယခင်နှစ် တင်ဒါခေါ်ယူရာ တွင် ဈေး၊ သန့်ရှင်းရေး၊ လျှပ် စစ်ဖြန့်ဖြူးရေး၊ ဖျော်ဖြေရေးအစ ရှိသော ကဏ္ဍတစ်ခုချင်းစီအ လိုက် ချထားပေးခဲ့ပြီး အာမခံစာ ပွဲတင်ငွေ ပေးစရာမလိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယခုနှစ်တွင် ကဏ္ဍအားလုံးအတွက် တင်ဒါ တစ်ခုတည်းဖြင့်သာ လိုင်စင်ချ ပေးခဲ့ခြင်း ဖြစ်သည်။

တောင်ပြုံးပွဲတော် ကျင်းပရေး ကော်မတီအနေဖြင့် လေလံပွဲပြန်လည်ကျင်းပပေး၊ မပေး ထုတ်ပြန် ကြေညာခြင်း မရှိသေးဘဲ ယခုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် ကော်မတီထံ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

7Day DAILY 

No comments:

Post a Comment