Monday 3 August 2015

တစ်ကျွန်းကျတရုတ်နိုင်ငံသားများလွှတ်ပေးလိုက်ခြင်းသည် နိုင်ငံသားများ၏ အကျိုးစီးပွားအတွက်ဟု သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးရှင်းလင်း

သမ္မတလွတ်ငြိမ်းချမ်း သာခွင့်တွင် သစ်ခိုးထုတ်မှုဖြင့် တစ်ကျွန်းကျ တရုတ်နိုင်ငံသားများပါဝင်လာခြင်းသည် မြန်မာပြည်သူပြည်သားများ၏ အကျိုးစီး ပွားအတွက်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြား ရေးမှူးဦးဇော်ဌေးက သူ၏မှူးဇော်ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ ရှင်းလင်းသည်။

''အစိုးရအနေနဲ့ တစ်ခုခုစဉ်းစား ဆုံးဖြတ်တိုင်း ပြည်တွင်းမှာရှိတဲ့ မိမိနိုင်ငံ သားတွေသာမက ပြည်ပရောက်မြန်မာနိုင်ငံ သားတွေရဲ့ အကျိုးစီးပွားကိုလဲထည့်သွင်း စဉ်းစားဆောင်ရွက်ရတယ်ဆိုတာသိရှိကြ စေလိုပါတယ်''ဟု ဦးဇော်ဌေးကရေးသား ထားသည်။

ဦးဇော်ဌေး၏ ရေးသားရှင်းပြချက် တွင် ကိုးကန့်အရေးအခင်းကြောင့် တရုတ် နိုင်ငံအတွင်း တိမ်းရှောင်နေရသည့် မြန်မာ နိုင်ငံသားသုံးထောင်ကျော်ကိစ္စနှင့် တရုတ် နိုင်ငံအတွင်း ရောက်ရှိနေသည့် တရားမဝင် မြန်မာအလုပ်သမားများကိစ္စကိုချပြထားသည်။

¤င်း၏ရှင်းလင်းချက်တွင် အ ထက်ပါအချက်အပါအဝင် တခြားအချက် များဖြစ်သည့် ''ပြည်သူလူထုနှင့် နိုင်ငံ့တာ ဝန်ထမ်းဆောင်နေသူများ၏ အကျိုး၊ လုံခြုံ ရေးနှင့် တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မှုမရှိ နိုင်သည့်သူများကိုသာပြစ်ဒဏ်လွတ်ငြိမ်း ခွင့်အတွက်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည် တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တရုတ် နိုင်ငံနှင့် ထားရှိထားသည့် ကတိကဝတ်များ အကြောင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း များအကြောင်းစသဖြင့် အချက်များအပါ အဝင် စုစုပေါင်းအချက်(၅)ချက်ဖြင့်ရှင်း လင်းတင်ပြထားခြင်းဖြစ်သည်။

ယင်းအပြင်ပြည်သူလူထုနှင့် နိုင်ငံ တာဝန်ထမ်းဆောင်သူများ၏အကျိုး၊ လုံခြုံ ရေးနှင့်တည်ငြိမ်အေးချမ်းမှုကို ထိခိုက်မှု မရှိနိုင်သည့် သူများကိုသာလွတ်ငြိမ်းချမ်း သာခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းဆုံးဖြတ် ချက်ကို ခေါင်းဆောင်လုပ်သူများအနေဖြင့် ခက်ခဲစွာဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်း ဦး ဇော်ဌေးက သူ့ဖေ့စ်ဘွတ်ခ်တွင်ရှင်းလင်း ရေးသားထားသည်။

ဇူလိုင် ၃ဝရက်က နိုင်ငံတော် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက် သူများအထဲတွင် ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရသူ နိုင်ငံရေးအကျဉ်းသား ၁၃ဦးသာပါဝင်ကြောင်း နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့မှသိရသည်။

အဆိုပါအဖွဲ့အတွင်းရေးမှူး ဦး ထွန်းကြည်က ယခုလိုလွတ်ငြိမ်းချမ်းသာခွင့် ကိုအကြောင်းပြပြီး သစ်ခိုးထုတ်မှုဖြင့် တစ် သက်တစ်ကျွန်းအကျဉ်းကျ နေကြ သည့် တရုတ်နိုင်ငံသားများလွှတ်ပေးလိုက်ခြင်း အပေါ်လုံးဝ မထောက်ခံ ကြောင်း ပြောသည်။

Yangon Media Group

No comments:

Post a Comment