Monday 3 August 2015

ချင်းတွင်းနှင့် မုံရွာ အားပြိုင်ပွဲ

ဓာတ်ပုံ − မျိုးမင်းဦး 
ချင်းတွင်းမြစ်ရေသည် မြို့ မျက်နှာပြင်အထက် လေးပေအထိ ကျော်လွန်ရောက်ရှိနေပြီး တာရိုး ပေါ်မှ မြစ်ရေကျော်ကာ လျှံကျ လာတော့မည့် အနေအထားကို အန်တု၍ မုံရွာဒေသခံများက သြဂုတ် ၂ ရက် တစ်ရက်လုံး တာရိုးတစ်လျှောက်၌ သဲအိတ် များ အထပ်ထပ်ဆင့်ပြီး ကာ ကွယ်ခဲ့ကြသည်။

မုံရွာမြို့တွင် ချင်းတွင်းမြစ် ရေသည် သြဂုတ် ၂ ရက်တစ်ရက် လုံး တရိပ်ရိပ်ဆက် လက်မြင့် တက်ခဲ့ပြီး ညဦးပိုင်းတွင် စိုးရိမ်ရေ မှတ်ထက် များစွာကျော်လွန်ကာ ည ၁၁ နာရီတွင် ၁၁၄၀ စင်တီမီ တာအထိ ရောက်ရှိလာသည်။

ထိုသို့မြစ်ရေမြင့်တက်မှုမှာ နှစ်ပေါင်း၅၀ အတွင်း အမြင့်ဆုံး စံချိန်သစ်ဖြစ်သည်။ ချင်းတွင်း မြစ်ရေသည် မြို့မျက်နှာပြင်အ ထက်လေးပေကျော်လွန်နေပြီးမြို့ နှင့် ကာရံစည်းခြားထားသည့် တာ ရိုး အုတ်ပေါင်နှင့်တစ်ပြေးညီအနေ အထားဖြစ်လုနီးအချိန်မှစတင် ကာ မြို့မိမြို့ဖများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ဦးဆောင်၍ လူ ငယ်များက သဲအိတ်များအထပ် ထပ်ကာရံကာ မြစ်ရေများ မြို့အ တွင်း လျှံကျစီးဝင်မလာစေရန် တားဆီးနိုင်ခဲ့ကြသည်။

သြဂုတ် ၂ ရက်ညနေပိုင်း တွင်မူ မြို့ခံလူငယ်များအ ပြင် မြို့ရှိ အရွယ်စုံဒေသခံများနှင့် ဌာနဆိုင်ရာဝန်ထမ်းများပါ ပါဝင် လာကာ သဲအိတ်များဖို့ရာတွင် ၀င် ကူညီခဲ့ကြပြီး လိုအပ်သောသဲများ ကို မြို့ခံသဲရောင်းဝယ်ရေးလုပ် ငန်းများက အခမဲ့ပံ့ပိုးပေးခဲ့ကြ သည်။ ပီနံအိတ်များဖြင့် သဲများကို ထည့်ကာ ထောင်ချီသောသဲအိတ် များကို တန်းစီချထားခဲ့ကာ ချင်း တွင်းမြစ်ရေကို တားဆီးခဲ့ကြသော် လည်း မြစ်ရေမှာ ဆက်လက်မြင့် တက်နေဆဲဖြစ်သဖြင့် ည ၉ နာရီ ကျော်တွင် တာရိုးကိုကျော်စပြု ကာ ရေများလျှံကျလာသည်ဟု မုံရွာ မြို့ခံများကပြောကြားသည်။

သြဂုတ် ၂ရက် နံနက် ၈နာရီ က ၁၁၁၇ စင်တီမီတာရှိခဲ့သော မြစ် ရေသည် ည ၉နာရီ တွင် ၁၁၃၇ စင်တီမီတာအထိမြင့်တက် ခဲ့သည်။

စိုးရိမ်ရေမှတ်အထက် လေး ပေခန့်မြင့်တက်နေ၍ အရေးပေါ် ရွှေ့ပြောင်းမှုများပြုလုပ်ထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုညွှန်ကြားရေးမှူးချုပ်က သတိ ပေးသည်။

မုံရွာ ချင်းတွင်းမြစ်ရေသည် ၁၉၆၆ ခုနှစ်မှ လက်ရှိအချိန်အထိအမြင့် ဆုံးဖြစ်ကြောင်း၊လာမည့်သုံးရက်အတွင်း တစ်ပေခန့်ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုးဇလက ထုတ်ပြန်သည်။

မိုးလေ၀သပညာရှင် ဒေါက် တာထွန်း လွင်ကလည်း မုံရွာမြို့ သည် စိုးရိမ်စရာအရေးကြီးအ ခြေအနေရောက်ရှိနေကြောင်း သတိပေးသည်။ မုတ်သုံလေဖိ အားနည်းရပ်ဝန်းမှာလည်း မုံရွာ ဒေသဘက်ဖြစ်နေပြီး မုံရွာနှင့် ကလေးဝဒေသတို့တွင် မိုးရွာသွန်း မှုပိုမိုများလာနိုင်သည့် အန္တရာယ် လည်းရှိကြောင်း ၎င်းကပြောသည်။

မိုးပိုလာနိုင်ခြင်း၊ အထက်ပိုင်း မှရေများ ဆင်းလာနိုင်ခြင်းနှင့် လက်ရှိတွင် စိုးရိမ်ရေမှတ်အထက် သို့ မြင့်မားစွာရောက်ရှိနေခြင်းတို့ကြောင့် မုံရွာမြို့သည် အန္တရာယ်အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ဦးထွန်းလွင်က ပြောသည်။ ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် သြဂုတ် ၁ ရက်နေ့လယ် ၁၂ ခွဲ၌ စိုးရိမ်ရေမှတ်အထက် နှစ်ပေခွဲခန့်သာကျော်လွန်ခဲ့သော်လည်း သြဂုတ် ၂ ရက် နေ့လယ် တွင် စိုးရိမ်ရေမှတ်အထက် လေး ပေခန့်သို့ တစ်ရက်အတွင်း မြင့် တက်လာခြင်း ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment