Monday 3 August 2015

ရိက္ခာပြတ်တော့မည့် ချင်းပြည်နယ်ဒေသများသို့ ပေးပို့ထောက်ပံ့ပေးရန် သမ္မတထံ တောင်းဆို

မြေပြိုမှုများ ဆိုးရွားစွာ ဖြစ်ပွားခဲ့သော ချင်းပြည်နယ်တစ်နေရာကို ဝေဟင်မှ မှတ်တမ်းတင်ထားစဉ် (ဓာတ်ပုံ − ဦးတေဇ) 
ချင်းပြည်နယ် မြို့ခြောက်မြို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ဒေသတွင်း ရိက္ခာပြတ်တောက်တော့မည်ဖြစ် ၍ ရဟတ်ယာဉ်များဖြင့် ရိက္ခာပို့ ဆောင်ပေးရန် ချင်းပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၂ ခု က နိုင်ငံတော်သမ္မတထံ တောင်းဆိုလိုက် သည်။

ချင်းပါတီ ရှစ်ခုနှင့် အရပ် ဘက်အဖွဲ့အစည်း ငါးခုသည်သြဂုတ် ၁ ရက် ညနေက အရေးပေါ်အစည်းအဝေး ပြုလုပ်ကာ  လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေသည့် မြို့နယ်များ အတွက် ရိက္ခာများကို ရဟတ် ယာဉ်ဖြင့် ပို့ဆောင်ပေးရန် သမ္မတဦးသိန်းစိန်ထံ လက်မှတ် ရေးထိုး တောင်းဆိုခဲ့သည်ဟု  လက်မှတ်ရေးထိုးရာတွင် ပါဝင်ခဲ့သည့် အေးချမ်းမြန်မာလူမှုဖွံ့ဖြိုး ရေးအသင်း အမှုဆောင် ဒါရိုက် တာ ဆလိုင်းအိုင်းဇက်ခင်က ပြောသည်။

ချင်းပြည်နယ်အတွင်း မြို့ နယ် ကိုးမြို့နယ်ရှိသည့်အနက် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်၊ ပလက်ဝနှင့် မတူပီမြို့ တို့တွင် မိုးသည်းထန်စွာ ရွာသွန်း ကာ နေအိမ်အဆောက်အအုံရာ နှင့် ချီ၍ ပြိုကျ၊ ပျက်စီးခဲ့သည်။ မြေပြိုမှုကြောင့် ယင်းဒေသများအားလုံး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်နေကာ စားနပ်ရိက္ခာအခက်အခဲ ရင်ဆိုင်နေရသော ကြောင့်  ဖြေရှင်းပေးရန် တောင်းဆို ခဲ့သည်ဟု အရှိုချင်းအမျိုးသားပါတီ တာဝန်ရှိသူတစ်ဦးက ပြော သည်။

သြဂုတ် ၁ ရက်က တောင်း ဆိုခဲ့ပြီးနောက် သြဂုတ် ၂ ရက် တွင် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က ဟားခါးမြို့သို့ လာရောက်ကာ ဆန်အိတ် ၅၀၀ ထောက်ပံ့ခဲ့ သည်။ ကျန်မြို့များတွင်လည်း ရိက္ခာ အခက်အခဲဖြစ်နေသော ကြောင့် အစိုးရက ထပ်မံကူညီ ပေးရန် လိုအပ်သည်ဟု ဆလိုင်း အိုင်းဇက်ခင်က ပြောသည်။

‘‘ဟားခါးအတွက်က လော လောဆယ်အသက်ရှူချောင်သွား ပေမယ့် နယ်တွေအတွက် ကျန် သေးတယ်။ နယ်တွေကို ရဟတ် ယာဉ်နဲ့ ပို့မှရမယ်’’ဟု ဟားခါးမြို့ ကယ်ဆယ်ရေးကော်မတီ (Hak-ha Rescue Committee) မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရန်နန်မ်းက ပြောသည်။

သဘာဝဘေး ရင်ဆိုင်ခဲ့ရ သည့် မြို့နယ်တိုင်းတွင် ကုန်ဈေး နှုန်းများ အဆမတန်မြင့်တက်နေ ကာ ဒေသခံများအတွက် အခက် အခဲမျိုးစုံ ရင်ဆိုင်နေရသည်ဟု ဒေါ်ရန်နန်မ်းက ပြောသည်။

ပြီးခဲ့သည့် သုံးရက်ခန့်က ဘင်္ဂလားပင်လယ်အော်မှ မုန် တိုင်း၏ အရှိန်ကြောင့် ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြေပြိုမှုများနှင့် ရေကြီးနစ်မြုပ်မှုများ ရင် ဆိုင်နေကြရသည်။

7Day DAILY 

No comments:

Post a Comment