Monday 3 August 2015

"သမ္မဦးသိန်းစိန်ကို နောက်သက်တမ်းအတွက်တောင်းဆိုတဲ့ KNU"

ဓါတ်ပုံ- ဦးဇော်ဌေး ဖေ့စ်ဘွတ်စာမျက်နှာ
နိုင်ငံတော်သမ္မတနှင့် KNU အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အချို့တို့ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်တောရိပ်သာ၌ တွေ့ဆုံဆွေးနွေး ခဲ့ပြီး သမ္မတ ဦးသိန်းစိန်အား ဒုတိယသက်တမ်း ဆက်လက်တာဝန် ထမ်းဆောင်ရန် တိုက်တွန်းခဲ့ကြောင်းသတင်းရရှိသည်။

ယင်းတွေ့ဆုံမူနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှုးဦးဇော်ဋ္ဌေးနှင့် ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်တို့က ၄င်းတို့၏ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ် စာမျက်နှာများတွင် လွှင့်တင်ခဲ့ကြသည်။ 

တွေ့ဆုံဆွေးနွေးရာတွင် KNU ဥက္ကဌ၏ နိင်ငံရေး စစ်ရေးအကြံပေး ဦးဟန်ညောင်ဝေ အပါအ၀င် အစည်းအဝေး တက်ရောက်နေသူများက ငြိမ်းချမ်းရေးကြိုးပမ်းမှု လုပ်ငန်းစဉ်များ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ်ဖြစ်ထွန်းနိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီးအနေဖြင့် ဒုတိယသက်တမ်းတာဝန် ထမ်းဆောင်ပေးစေလိုသည်ဟု တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း ၀န်ကြီးဦးအုန်းမြင့်၏ ဖေ့ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

7Day News Journal  

No comments:

Post a Comment