Monday 3 August 2015

အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ၀င်ရောက်မှု ဆက်လက်တိုးနေ

အောင်လံမြို့နယ်တွင် ဧရာဝတီမြစ်ရေ ၀င်ရောက်မှု ဆက်လက်တိုးလျက်ရှိပြီး ဇူလိုင်လ(၃၁)ရက်မှ သြဂုတ်လ (၂)ရက်နေ့ အထိ မြို့ပေါ်(၈)ရပ်ကွက်ရှိ အိမ်ခြေ (၃၇၉) ၊လူဦးရေ(၁၅၂၇) ဦးနှင့် ကျေးရွာ (၁၄)ရွာမှ အိမ်ခြေ(၈၈၂) ၊ လူဦးရေ(၃၃၁၉)ဦး စုစုပေါင်း အိမ်ခြေ(၁၂၆၁) ၊ လူဦးရေ(၄၈၄၆)ဦးတို့အား သက်ဆိုင်ရာ ဆွေမျိုးသားချင်း အိမ်များ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံများသို့ပြောင်းရွှေ့ နေရာချ ထားပေးလျက်ရှိသည်။

အောင်လံမြို့ပေါ်တွင် ကန်ကြီးရပ်ကွက်၊မြို့မဈေးကြီး အတွင်း မြစ်ရေ ၀င်ရောက် လာသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဆင့်နှင် မြို့နယ်စီမံ ခန့်ခွဲရေးကော်မတီဝင်များ မြို့နယ်စည်ပင်သာယာရေးကော် မတီ ဈေးကော် မတီ အောင်လံမြို့မရဲစခန်း စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များ မီးသတ်တပ်ဖွဲ့ ၀င်များ ဈေးသူ ဈေးသားများ စုပေါင်း၍ ပြည်လမ်းဘေး ၀ဲ-ယာ တစ်လျှောက် ဈေးဆိုင်ခန်း များ ပြောင်းရွှေ့ ကူညီဆောင်ရွက်ပေးကြသည်။

ဈေးကုန်းရပ်ကွက်ရှိ မိုင်တိုင်အမှတ်(၂၂၃/၅)ကား လမ်းမပေါ်တွင်မြစ်ရေ များကျော် တက်လျက်ရှိရာ မြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ ရပ်ကွက် အုပ် ချုပ်ရေး မှူးနှင့် အဖွဲ့ဝင်းများ အရံမီးသတ်တပ်ဖွဲ့ဝင်များမှ ယာဉ်အန္တရာယ် ကင်း ရှင်းစေရေး ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးတို့အတွက် ရှင်း လင်းဆောင် ရွက်ပေး ခဲ့သည်။ 

ထို့နောက် ကယ်ဆယ်ရေး စခန်းများရှိ ရေဘေးသင့် ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများမှ ယာယီဆေးပေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေး အတွက် စောင့် ရှောက်ပေးလျက်ရှိပြီး အောင်လံမြို့ နယ် သဘာဝဘေး အန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက်/ကျေး ရွာ အုပ်ချုပ်ရေးမှူးများ စေတနာ ရှင် ပြည်သူများ အသင်းအဖွဲ့များ တို့မှ ထမင်းထုပ် ခေါက်ဆွဲ ခြောက်ထုပ်၊ သောက်ရေသန့် ဆန်များဝေငှခြင်း ဆန်ပြုတ် များ တိုက်ကျွေး လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျှက်ရှိ ကြောင်း သိရှိရသည်။

မြို့နယ် ပြန်/ဆက်
Source:: #MOIWebportalMyanmar Credit to =>(News & Photo)

No comments:

Post a Comment