Thursday 9 April 2015

ကိုးကန့်လက်နက်ကိုင်အဖွဲ့အတွင်းရေးမှူး ဦးထွန်းမြတ်လင်းကို ဖမ်းဝရမ်းထုတ်

ကိုးကန့်လက်နက်ကိုင် အဖွဲ့ အတွင်းရေးမှူး၊ ဖုန်ကြားရှင်၏ သားမက်ဦးထွန်းမြတ်လင်းကို ကိုးကန့်ဒေသနှင့် ပတ်သက်၍ တပ်မတော်၏ဆောင်ရွက်မှုများ အောင်မြင်မှုပျက်ပြားစေရန်ရည်ရွယ်၍ ပြည်တွင်း၊ ပြည်ပ မီဒီယာ များအား မဟုတ်မမှန်သတင်းပေး မှုဖြင့် တပ်မတော်စစ်ခုံရုံးက အ ရေးပေါ်စီမံမှုဥပဒေဖြင့် တရားစွဲ ကာ ဖမ်းဝရမ်းထုတ်လိုက်ပြီဖြစ် ကြောင်း သတင်းရရှိသည်။

လောက်ကိုင်ဒေသတိုက်ပွဲ များကြောင့် စစ်အုပ်ချုပ်ရေးကြေ ညာပြီး ၄၈ရက်အကြာတွင် ဦး ထွန်းမြတ်လင်း ကို တရားစွဲဝရမ်း ထုတ်ပြန်ခြင်းဖြစ်သည်။  ကိုး ကန့်ဒေသကို ဖေဖော်ဝါရီ ၁၇ရက် မှစတင်ကာ စစ်အုပ်ချုပ်ရေးကြေ ညာခဲ့ပြီး  လောက်ကိုင်မြို့နယ် ရဲတပ်ဖွဲ့က  တရားလိုပြုလုပ်ကာ အမှုဖွင့်လိုက်ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

ဦးထွန်းမြတ်လင်းကို   တ ရားစွဲဆိုရာတွင်နိုင်ငံတော်ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်းစောင့် ရှောက်နေသော တပ်မတော်၏ လုပ်ငန်းကိစ္စရပ်များအောင်မြင် ရေး   နှောင့်နှေးစေရန်နှင့်  ပျက် ပြားစေရန် ကြံရွယ်ပြီး ပြည်တွင်းပြည်ပမီဒီယာများအား မဟုတ်မမှန်သတင်းစကားများ ပေးပို့နေသောမြန်မာအမျိုးသား ဒီမို ကရက်တစ် မဟာမိတ်အဖွဲ့(MNDAA)   အတွင်းရေးမှူးနှင့်ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းလွင်(ခ) ဦးထွန်းမြတ်လင်း (ခ) ဖုန်အားတီ (ခ) တုန်ခယ် ချန်ကို အရေးပေါ်စီမံမှုအက်ဥပ ဒေ၅(က)၊၅(ခ)/ကျင့် ၅၁၂အရ တရားခံပြေးအဖြစ်ကြေညာခြင်း ဖြစ်ကြောင်းသတင်းရရှိသည်။

ဦးထွန်းမြတ်လင်းသည် ဖုန်ကြားရှင်၏ သမက်တော်စပ်ပြီး ဖုန်ကြားရှင်ပထမဇနီးမှမွေးသော ငါးဦးမြောက် သမီး၏ ခင်ပွန်းဖြစ်သည်။ ယခုအခါ ဦးထွန်းမြတ်လင်း မည်သည့်နေရာတွင် နေထိုင်သည်ကို မသိသော် လည်း တရားစွဲဆိုရာ၌    ပြင်ဦးလွင်မြို့ တွင်  နေထိုင်သူအဖြစ် တရားစွဲ ထားသည်။

လက်ရှိလောက်ကိုင်ဒေသ အုပ်ချုပ်ရေးပိုင်းနှင့်   ပတ်သက် ၍ ပြည်နယ်အဆင့်ရဲအရာရှိကြီး တစ်ဦးက ‘‘စစ် အုပ်ချုပ်ရေးနဲ့ ဖမ်း တာတွေဖမ်း၊ တရားစွဲတာတွေစွဲ၊ ထောင်ပို့တာတွေပို့ပေါ့။ တချို့ မမိသေးတာတွေ လည်းရှိတယ်။ မူးယစ်ဆေးတွေကတော့တောက် လျှောက်မိနေတာပေါ့’’ဟုပြော သည်။

ကိုးကန့်ဒေသတွင် စစ်အုပ် ချုပ်ရေးစတင်သည့် ဖေဖော်ဝါရီ ၁၇မှ ဧပြီလ ၆ရက်အတွင်း အမှု မျိုးစုံ ၄၄မှု   ဖမ်းဆီးခဲ့ကာ  အမျိုးသား ၈၇ဦးနှင့် အမျိုးသမီးနှစ်ဦးကို တရားစွဲဆိုခဲ့ကြောင်းသတင်းရရှိသည်။ စစ်တရား ရုံးက အရေးယူခဲ့သည့်အမှုများမှာ မူးယစ်မှု၊ လုယက်မှု၊ မတရားအသင်းနှင့်ဆက်သွယ်မှု၊ ခိုးမှု၊ ကျောက် မျက် ဥပဒေ၊  လ၀ကအက်ဥပဒေ၊  မသင်္ကာမှု များပါဝင်ပြီး အမြင့်ဆုံးထောင် ဒဏ် ၃၅နှစ်မှ အနိမ့်ဆုံး ၂နှစ်အ ထိ ချမှတ်ခဲ့ကြောင်းသတင်းရရှိ သည်။

7Day DAILY 

No comments:

Post a Comment