Thursday 9 April 2015

အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ယာဉ်များအား မန္တလေးမြို့တွင် မြို့ဝင်ကြေး ကောက်မည်

မန္တလေးမြို့တွင် ယာဉ် ကြောရှုပ်ထွေးပိတ်ဆို့မှုလျော့ နည်းရန် အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ယာဉ်များကို ကျပ်နှစ်ထောင်မှ ကျပ်နှစ်သောင်း အထိ   မြို့ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

မေလ ၁ရက်မှစတင်၍ ထုံး ဘို၊ အောင်ပင်လယ်၊ ရွှေကျင်၊ ရွှေကြက်ယက်စသည့် ဂိတ်စခန်း လေးခုတွင် မန္တလေးတိုင်းဒေသ ကြီးပြင်ပမှ ယာဉ်များကို မြို့ဝင်ကြေးကောက်ခံမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်က  အ သိပေးကြေညာထားသည်။

အခြားပြည်နယ်တိုင်းဒေသ ကြီးများမှ ယာဉ်များသည် မန္တလေးမြို့တော်နယ်နိမိတ်အတွင်းဝင် ရောက် မောင်းနှင်မှုများ ယခင်ကထက်ပိုမိုများပြားလာခြင်း ကြောင့်အဆိုပါမော်တော်ယာဉ်များကို စိစစ်ကြပ်မတ် ရန်နှင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုကို လျော့နည်းစေရန်စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသောမော် တော်ယာဉ်များအပါအ၀င် မြို့ တွင်းပြေးဆွဲလျက် ရှိသည့် ခရီးသည်တင်ဘတ်စ်ကားများ၊ တပ်မတော်ပိုင်မော်တော်ယာဉ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ်များ၊ အရေးပေါ်လူနာတင်ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ဌာနပိုင်ယာဉ်များ၊ အစိုးရ၀န်ထမ်း ကြိုပို့ယာဉ်များ၊ ကုန်တင်ဆောင်လာသည့်ကုန်တင်ယာဉ်များကိုမူ မြို့ဝင်ကြေးကောက်ခံမည်မဟုတ် ကြောင်း အသိပေးထား သည်။

မြို့ဝင်ကြေး    တစ်တန် အောက်ယာဉ်မှ ငါးတန်အထက် ယာဉ်အထိ ကျပ်နှစ်ထောင်မှကျပ် တစ်သောင်း အထိ အသီးသီး ကောက်ခံမည်ဖြစ်သည်။

‘‘နယ်ကားတွေ ဥဒဟိုသွား လာတာကို ကန့်သတ်ချင်လို့ပါ။ အများကြီးဝင်လာမှာစိုးလို့ပါ’’ဟု မန္တလေးစည်ပင် အခွန်ဌာနခွဲမှူးဦး မောင်မောင်မြင့်ကပြောသည်။

ထို့အပြင် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ လမ်း၊ ပ လက်ဖောင်းနှင့် စည်ပင်နယ်နိမိတ်ပိုင်နက်တွင် အခြားပြည်နယ် နှင့်တိုင်းဒေသကြီးများမှ  ယာဉ်များကို  ညအိပ်ခွန်  နှစ်ဆကျော်တိုးမြှင့်ကောက်ခံ မည်ဖြစ် ကြောင်း မန္တလေးမြို့တော်စည်ပင်က အသိပေးထားသည်။

7Day DAILY 

No comments:

Post a Comment