Thursday 9 April 2015

ကာလာစုံ သင်္ကြန်အတွက် ဖက်ရှင်ရင်ခုန်သံ

ရန်ကုန်သင်္ကြန်တွင် ပျော်ရွှင်စွာရေပက်ခံနေသူများ-ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)
နှစ်ကူးသင်္ကြန်ရောက်ရန် ရက် အနည်းငယ်သာ လိုတော့သည်။ သည်လိုအချိန် ရောက်လာတိုင်း သင်္ကြန်မှာ အပီအပြင် ကဲနိုင်ဖို့ အစီအစဉ်တွေ ဆွဲပြီးနေကြပါပြီ။ ၀တ်မယ့် အ၀တ်အစား ဖက်ရှင်ဒီဇိုင်းများကို သူများထက် တစ်မူထူးအောင် ဘယ်လိုဝတ်မလဲ၊ ဆံပင် ပုံစံကို အားလုံးထက် ထင်းနေ အောင် ဘယ်လိုပုံ၊ ဘယ်လိုအ ရောင်ဆိုးမလဲ စသည်ဖြင့် စိတ်ကူး ပုံဖော်နေကြသည့် အချိန်လည်း ဖြစ်သည်။

သင်္ကြန်လေးရက်တာကို အလန်းစားဖက်ရှင်များနဲ့ ဖြတ်သန်းလေ့ရှိကြတဲ့ လူငယ်တွေ ဒီနှစ်သင်္ကြန်မှာလည်း ဘယ်လိုဖက် ရှင်တွေ ၀တ်ဆင်ကြမယ်၊ ဘယ်လိုဆံပင်ပုံစံ၊ အရောင်တွေ ခေတ်စားမလဲဆိုတာ စောင့်ကြည့်ရင်း ဒီနှစ်အတွက် သင်္ကြန်ဖက်ရှင် အကြိုရင်ခုန်သံနဲ့ ဘာဖက်ရှင်တွေ  ခေတ်စားနိုင်မလဲ ဆိုတာကို သင်္ကြန်အတွက် ကြိုတင်ပြင်ဆင် နေသူတချို့ရဲ့ အစီအစဉ်တွေကို နားထောင်ပြီး အကြိုခံစား ကြည့် ကြရအောင်။

အ၀တ်အစား ဒီဇိုင်းဖက်ရှင်
ခေတ်တွေ ဘယ်လောက် ပြောင်းပြောင်း မရိုးဘဲ အမြဲဆန်း သစ်နေတာကတော့ ဂျင်းဖက်ရှင် ပါ။ သင်္ကြန် နားနီးလာတိုင်း အ ရောင်းရဆုံး အ၀တ်အစားစာရင်း မှာလည်း ဂျင်းဖက်ရှင်ဒီဇိုင်းအ မျိုးမျိုးက ထိပ်ဆုံးက ပါဝင်ပါ တယ်။ လူငယ်အများစုကတော့ ယောက်ျားလေးဖြစ်ဖြစ်၊ မိန်းက လေးဖြစ်ဖြစ် ဂျင်းပင်န်နဲ့ တီရှပ် လိုမျိုး၊ ရှပ်အကွက်လိုမျိုးနဲ့ တွဲ ဖက်ဝတ်တဲ့ ဒီဇိုင်းကတော့ မဆန်းပေမယ့် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ပါ။

မိန်းကလေးငယ် အများစု ကတော့ ဒီနှစ်သင်္ကြန်မှာ တက်တူး အလှကို အသားပေးဖော်ပြနိုင်တဲ့ အ၀တ် အစား ဒီဇိုင်းတွေ ခေတ် စားလာနိုင်တယ်လို့ ယူဆရပါ တယ်ဟုလူငယ်တက်တူးဆရာ ကိုမင်းရန်အောင်က ဆိုပါတယ်။  ‘‘ဆယ်ကျော်သက် ကောင်မလေး တွေက ရင်ဘတ်နဲ့ ပေါင်မှာတက် တူးတွေ အထိုးများလာ တယ်။ အ ၀တ်အစားကိုလည်း တက်တူးပုံ တွေ ပေါ်မယ့်ဖက်ရှင်တွေကိုပဲ ရွေးချယ်ဝတ်ကြမယ့် သဘောရှိ ကြ တယ်။ သင်္ကြန်အတွက် တက် တူးကို သက်သက် လာထိုးကြတဲ့ သူတွေ အရင်နှစ်ကထက် ပိုများ လာတယ်’’ဟု ဆို၏။

မော်ဒယ် Emerald ငြိမ်းက တော့ ‘‘ဒီနှစ်က မဏ္ဍပ်ပဲ ထိုင်မှာ ဆိုတော့ Short Dress လေးတွေ နဲ့ အပေါ်က အင်္ကျီအရှည်အပါး လေးတွေ ထပ်ဝတ်ပြီး ဦးထုပ် ဆောင်းမယ်။ မိန်းကလေးအများ စုကတော့ ဘောင်းဘီတို လေးတွေ ကို အပေါ်က Crop Top အကျပ် လေးတွေနဲ့ ခုခေတ်စားနေတဲ့ Cardigan လေးတွေ ထပ်ဝတ် တာမျိုး ခေတ်စားမယ်ထင်တယ်’’ ဟု ပြောသည်။

ထို့ပြင် အသက်(၂၅) နှစ်ခန့် အရွယ် မချောစုစုနိုင်ကလည်း ‘‘ဒီနှစ်ကိုတော့ ကိုယ်ကျပ်ခါးတို လေးကို အပေါ်က ကုတ်လက် ရှည်လေးနဲ့ တွဲဝတ်မယ်။ အောက် ကတော့ ဂျင်းဘောင်းဘီတို့ကို ၀တ်မယ်။ နေပူဒဏ်မထိအောင် တော့ Stocking ထပ်ဝတ်ဖြစ် မယ်။ နေကာမျက်မှန်ကလည်း မရှိမဖြစ်ပါမယ်။ အသား အရေအ တွက်ကတော့ နေလောင်ဒဏ်ခံ ခရင်မ်တွေ များများလိမ်းသွား မယ်’’ ဟု ဆိုသည်။

‘‘သင်္ကြန်အတွက်ကတော့ ဂျင်းဖက်ရှင်ကိုပဲ အဓိကရွေးဝတ် မယ်။ ဂျင်းဘောင်းဘီတိုလေးတွေ နဲ့ အပေါ်က စတစ်ကာလေးတွေ ပါတဲ့ အင်္ကျီအရှည်လက်ပြတ်ကို ၀တ်မယ်။ ဂျင်းက ရေစိုရင်လည်း အရမ်းလှတယ်။ လုံခြုံမှုလည်း ရှိ တယ်။ စမတ်လည်း ကျတယ်။ ခေတ်လည်းမီတယ်။ ဘာနဲ့တွဲ ၀တ်ဝတ် လိုက်ဖက်တယ်။ နှစ် တိုင်း ဂျင်းအ၀တ်အစားက မပါ မဖြစ်ပဲ။ သင်္ကြန်နားနီးရင် ဂျင်း အင်္ကျီ၊ ဂျင်းဘောင်းဘီတွေကိုပဲ ကြိုဝယ်ထားဖြစ်တယ်’’ ဟု ဆယ် ကျော်သက်အရွယ် မရီမိုးလင်းက ဆိုသည်။

မိတ်ကပ်အပြင်အဆင်နှင့် အသားအရေ ထိန်းသိမ်းမှ
‘‘မိတ်ကပ်ရယ်လို့တော့ လိမ်းဖြစ်မှာ မဟုတ်ဘူး။ BB Cream လေးလိမ်း Two Way လေးရိုက်ပြီးရင် ပါးနီကို Cream Type လေးသုံးမယ်။ ရေစိုရင်ပိုခံအောင် နှုတ်ခမ်းနီကိုတော့Matte Type ကို အရောင် တောက်တောက်လေးတွေ ဆိုးဖြစ်မယ်။ မျက်လုံးကတော့ Sunglasses ပဲ တပ်ထားမှာဆိုတော့ ဘာမှ ဆိုးဖြစ် မယ် မထင်ဘူး။ Waterproof Mascara လောက်ပဲ အလွန်ဆုံးသုံးမှာ၊ ဆံပင်ကတော့ ကျစ်ဆံမြီးကျစ်ရမလား၊ မကျစ်ရမလား စဉ်းစား တုန်း ဘာမှမလုပ်ဖြစ်ရင်တော့ ဦးထုပ်ပဲ ဆောင်းထားမှာ’’လို့ မော်ဒယ်Emerald ငြိမ်းက ထပ်မံ ပြောပြပါတယ်။

မိတ်ကပ်လင်းလင်း( အောင်အောင်-တောင်ကြီး) ကလည်း အခုလို အကြံဉာဏ်ပြု ပြောပါ တယ်။ ‘‘သင်္ကြန်ရေနဲ့ ထိရင် ပိုကြွ နေအောင်လို့ အိုင်းလိုင်နာကို အစိုလည်း ဖြစ်တဲ့ အပြာ၊ အစိမ်း လေးတွေ သုံးသင့်တယ်။ အရောင်ပါတာ မကြိုက်တဲ့သူတွေတော့ အမည်းရောင်၊ ရေစိုဂျယ် အိုင်း လိုင်းနာကိုပဲ ဘေးထောင့်လေးတွေချယ်ပြီး ဆိုးပါ။ အဲဒီလို ဆိုး ရင် သင်္ကြန်ရေစိုစိုမှာ မျက်ဝန်း လေးက ၀င့်ပြီးလှနေမှာပါ။ နှုတ် ခမ်းကတော့ အရောင်တောက် တောက်လေးတွေ ဆိုးရင် ပိုလိုက် တယ်။ ပါးနီဆိုရင်တော့ ဆယ် ကျော်သက်လေးတွေနဲ့ ပိုလိုက် ဖက်တယ်။ သုံးဆယ်ပတ်ဝန်း ကျင် အရွယ်တွေကတော့ ပါးနီ နဲ့ မလိုက် တော့ဘူး။ အိုင်းလိုင်းနာ ကိုပဲ သေချာဆိုးပေးရင် ရပါ တယ်။ ရေစိုခံ မိတ်ကပ်ပါးပါးလေးအုပ်လိုက်ရင် အဆင်ပြေသွားပါပြီ’’

ထို့ပြင် အလှဖန်တီးရှင်  မိတ်ကပ်မင်းမင်း(Butter-Fly) ကလည်း ‘‘သင်္ကြန်မှာတော့ မျက်လုံးအလှကိုပဲ ပိုပြီးရွေးချယ်ပေး သင့်ပါတယ်။ မျက်လုံးက Strongဖြစ်နေရင် နှုတ်ခမ်းတို့၊ ပါးတို့ကို ပါးပါးလေးပဲ ခြယ်ပါ။ တကယ်လို့ မျက်ဝန်းကို အရောင်နုလေးပဲ ဆိုးချင်တယ်ဆိုရင်တော့ နှုတ်ခမ်းကို ပိုဦးစားပေးပြီး အနီပုပ် တို့လို အရောင်ကို ရွေးချယ်ဆိုးပါ။ ဒီနှစ်သင်္ကြန်ကိုတော့ Smokey Eye ပုံစံလေးတွေ ခေတ်စားနိုင်တယ်။ အရောင်တွေဆိုရင်တော့ အပြာတွေ၊ အစိမ်းတွေ လိမ်းခြယ်ချင်တယ်ဆိုရင်လည်း မျက်လုံးကိုဘောင်ခတ် လိမ်းပေးနိုင်ပါတယ်’’ဟု ၎င်း၏ အမြင်ကို ပြောပြသည်။

ခရမ်းလွန်ရောင်ခြည် အနေအထား အမြင့်ဆုံး အခြေအနေသို့ ကျရောက်နေခြင်းကြောင့်လည်း သင်္ကြန် ကာလ ရေကစားကြမယ့် လူငယ်၊ လူရွယ်တွေ SPF-50 အနည်းဆုံးပါဝင်မယ့် နေလောင် ကာ ခရင်မ် လိမ်းပြီးမှ ရေကစား ကြဖို့ လိုအပ်ကြောင်းကိုလည်း အရေပြားဆရာဝန်များက အကြံပြု စကားဆိုပါတယ်။

အသားအရေ ထိန်းသိမ်းခြင်း နှင့်ပတ်သက်၍လည်း အလှအပ ရေးရာ ဆရာဝန်ဒေါက်တာ သဉ္ဇာ အောင်က’’ ရာသီဥတုက အရမ်း ပူနေတော့ SPF-50 လောက်ပါ တဲ့ နေလောင်ကာ ခရင်မ်လိမ်းပြီး မှ ရေကစား ထွက်ပါ။ ဖြစ်နိုင်ရင် တော့ ဘော်ဒီလိုရှင်းဘူးပါ သယ် ဆောင်သွားကြပြီး နားနေချိန်မှာ တစ်ထပ်ထပ် လိမ်းပေးသင့်ပါ တယ်။ သင်္ကြန်ရေနဲ့ ထိထားသူ တွေ အိမ်ပြန်ရောက်တဲ့အခါမှာ လည်း ရေကိုသေချာ ပြန်ချိုးပေးဖို့လိုပါတယ်။ သင်္ကြန်ပြီးသွားပြီဆိုရင်တော့ အသားအရေအတွက် ကုသမှုတစ်မျိုးမျိုး ပြုလုပ်ပေးရ ပါမယ်။ နေကာမျက်မှန်ကိုလည်း တပ်ဆင်ထားသင့်ပါတယ်။ အလှ တပ်တာထက် နေရောင်ခြည်ကို တကယ်ကာကွယ်နိုင်မယ့် မျက် မှန်မျိုး လိုအပ်ပါတယ်’’။

အဆိုတော် ရန်ရန်ချမ်းက သင်္ကြန်တွင် ၀တ်မည့်ဖက်ရှင်နှင့် ပတ်သက်၍ ပေါ့ပါးလွတ်လပ်မယ့် အ၀တ် အစားများကိုသာ အဓိကရွေးချယ်ဝတ်ဆင်ကြောင်း ကို ‘‘သင်္ကြန်ဆို ရိုးရိုးရှင်းရှင်းပဲ ၀တ်ဖြစ်တယ်။ ရာသီ ဥတုက လည်း ပူတော့ ဘောင်းဘီတိုနဲ့ တီရှပ်ကိုပဲ အဓိကရွေးချယ်ဝတ် မယ်။ ဖိနပ်ကိုလည်း ရှူးတွေ မစီး ဘူး။ ဒီအတိုင်း ညှပ်ဖိနပ်ရိုးရိုးပဲ စီးမှာပါ။ Accessories ကတော့ နေကာမျက်မှန်ရယ်၊ Snapback Back ပေါ့’’ လို့ ဆိုပါတယ်။

‘‘ဒီနှစ်သင်္ကြန်မှာတော့ ဘောင်းဘီတိုနဲ့ တီရှပ်ကိုအပေါ် က ဘော်ဒီဖစ်ကုတ်အင်္ကျီ ထပ် ၀တ်မယ်။ ဖိနပ် ကတော့ စလစ် ပါပဲစီးမယ်။ ရှူးတွေ မစီးဘူး။ ဆံ ပင်ကိုလည်း ဂျယ်တွေ၊ Wax တွေ မသုံးဘူး။ ရေစိုရင် အကုန် ပျော် သွားမှာပဲ ဆိုတော့ ဆံပင်ကတော့ အခုသင်္ကြန်အတွက်က Backcomb ပုံစံတွေပဲ ခေတ်စား နေတာ တွေ့ရတယ်’’ဟု အသက်(၂၀)အ ရွယ် မော်ဒယ်ဇော်ဘုန်းမြတ်က ၎င်းဆင်မြန်းမည့် သင်္ကြန်ဖက် ရှင်ကို ပြောပြပါတယ်။

Sign of Love ရုပ်ရှင်ဇာတ် လမ်းတွဲထဲက သရုပ်ဆောင် ကောင်းမြတ်စံတစ်ယောက်က တော့ ယခုနှစ် သင်္ကြန်တွင် သီချင်း ဆို ခရီးသွားရန်ရှိတဲ့အတွက် သင်္ကြန်ဖက်ရှင်အတွက် ဘောင်းဘီရှည်နှင့် ဂျင်းဂျက်ကတ်အမျိုး အစားတို့ကိုသာ ရွေးချယ်ထားပါတယ်လို့ ဆိုတယ်။

မော်ဒယ်အိမ်စည်ကလည်း ‘‘အ၀တ်အစားကတော့ လွတ် လပ်ပေါ့ပါးတာမျိုးပဲ ၀တ်ဖြစ် မယ်။ ဘောင်းဘီ ရှည်ထက် ဘောင်းဘီတိုကိုပဲ ဦးစားပေး ရွေး ချယ်မှာပါ။ ဒီနှစ်သင်္ကြန်အ တွက်ကို ယောက်ျားလေးဖက်ရှင် ဆိုင်တွေမှာဆိုရင် တီရှပ်တွေက ရှုတ်ယှက်ခတ်နေတဲ့ ဒီဇိုင်းတွေနဲ့ စွပ် ကျယ်ချိုင်းပြတ်စတစ်ကာ အ ရောင်ဆန်းတွေချည်းပဲ။ ဒီနှစ်ဖက်ရှင်တွေကတော့ အရောင်တွေပဲ ဖြစ်လိမ့်မယ်။ ကျွန်တော်ကိုယ် တိုင်လည်း အရောင်စုံ ဒီဇိုင်းဆန်း တွေပါတဲ့ အ၀တ်အစားမျိုးတွေကိုပဲ ရွေးဝတ်မယ်။ နောက်ဖက်ရှင် တစ်ခုက ဂျင်းဘောင်းဘီကို တီရှပ်လက်ပြတ်နဲ့တွဲပြီး လက် အိတ်ပါဝတ်ဖို့ စီစဉ်နေတယ်’’ ဟု ကို တိမ်ရောင်ဏီထွန်းက ၎င်းဝတ် ဆင်မယ့် ဒီဇိုင်းကို ပြောပြပါ တယ်။

သင်္ကြန်ကာလအတွင်း ပူပြင်းတဲ့ နေရောင်ခြည်အတွက် အ၀တ်အစားပိုင်းနဲ့ပတ်သက်၍ လူငယ်များ အထူး ဂရုပြုလာတာ ကတော့ အမှန်ပင်ဖြစ်ပါတယ်။ မဏ္ဍပ်ထိုင်ရင်း လွတ်လွတ်လပ်လပ် ပျော်ချင်သူ ယောက်ျားလေး အများစုက စတိုင်ပင် ဘောင်းဘီ အတိုနဲ့ ရှင်းရှင်းလင်းလင်း တီရှပ် စတိုင်လေးများကို ပေါ့ပေါ့ ပါးပါး ရွေးချယ်လာကြသလိုကားနဲ့ လည်ချင်သူ အများစုကတော့ ဂျင်းဂျက်ကက် (သို့မဟုတ်) ချည် အင်္ကျီအရှည် ရောင်စုံလေးများ ခေတ်စားလာနိုင်ပါတယ်။

‘‘အခုလက်ရှိ ချည်သား အင်္ကျီ လက်ရှည်လေးတွေပေါ့။ ပုံစံရိုးရိုးမဟုတ်ဘဲ မကျပ်မပွနဲ့ အထာကျတဲ့ အင်္ကျီရောင်စုံလေးတွေ ရောင်းအားတော်တော် ကောင်းနေတယ်’’ဟု သင်္ကြန်ဖက် ရှင်အတွက် ယောက်ျား လေးသီး သန့် ရောင်းချပေးနေသော Guys Point Fashion က ပြောပါတယ်။

ဆံပင်အပြင်အဆင်

သင်္ကြန်နေပူပူမှာ ရေစိုစို ကစားကြသည့် လူငယ်များက ဆံပင်မပျက်စီးရန် ယခင်နှစ်ပိုင်း များတွင် ကျစ်ဆံမြီးဖက်ရှင်များ ပြုလုပ်ခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် ယောက်ျားလေး၊ မိန်းကလေးများ အကြား ကျစ်ဆံမြီးဖက်ရှင်ထက် အကြေကောက် ဆံပင်ကို အဖျားပိုင်းတွေ ရောင်စုံဆိုးခြင်းများ ခေတ်စား လာကြောင်းဆံပင်အလှဖန်တီးရှင် အများစုထံမှ သိရပါတယ်။

‘‘ဒီနှစ်သင်္ကြန်အတွက် ယောက်ျားလေးတွေရော၊ မိန်းက လေးတွေပါ အကြေကောက်ဆံ ပင်ပုံစံတွေ ပြုလုပ်လာကြတယ်။ အကြေကောက်တွေက ရေစိုရင် ပိုလှတယ်။ အရင်က ခေတ်စားခဲ့ တဲ့ တစ်ခေါင်းလုံး ကျစ်ဆံမြီး ဒီဇိုင်းတွေက သင်္ကြန်တစ်တွင်း လုံး လုပ်ထားရတာဆိုတော့ ကျန်းမာရေးအရ မကောင်းဘူး။ သင်္ကြန်ရေထိရင်တော့ အသားအ ရေရော ဆံပင်ရော ပျက်စီးကြရ တာပါပဲ။ အဓိကလိုအပ်တာက သင်္ကြန်ပြီးရင် အသားအရေရော၊ ဆံပင်ကိုရောပြန်ပြီး Treatment လုပ်ဖို့ပါပဲ’’ဟု ဆံကေသာ အလှ ဖန်တီးရှင်စိုးစိုးက ပြောပါတယ်။

သင်္ကြန်တွင် ခေတ်စားနိုင် သည့် ဆံပင်ဖက်ရှင်နှင့်ပတ်သက် ၍လည်း ဆံပင်အလှဖန်တီးရှင် ကိုမင်းမင်း ကလည်း ‘‘ယောက်ျား တွေအများစုက Oneway ထိုးပြီး ဘေးနှစ်ဖက်ကို အရောင်တွေဆိုး ကြတယ်။ အနီနဲ့ အပြာရောင်ကို အများဆုံး ဆိုးပေးဖြစ်တယ်။ မိန်း ကလေးတွေကတော့ ကျစ်ဆံမြီး တွေထဲကို ရောင်စုံလေးထည့် ကျစ်ပေးဖြစ်တယ်။ အကြေ ကောက်လေးတွေကို အရောင်ထည့်ပေးပါတယ်’’

ဆံပင်ဖန်တီးမှုများက နှစ်စဉ်နှစ်တိုင်း အရောင်ဆိုးခြင်းများ သာ ခေတ်စားခဲ့ပြီး ပျက်စီးမှုဒဏ်မှ ကင်းဝေး စေဖို့ အတွက်တော့ ကျစ်ဆံမြီးကျစ်ခြင်းများ ပြုလုပ်ကြတယ်လို့ New Style ဆံပင်အလှပြင်ဆိုင်က ဖြေကြားရာတွင် ‘‘သင်္ကြန်ဆိုရင် လူငယ်တွေ အများစုကတော့ ဆံပင်အရောင်လာ တင်ကြတယ်။ ဒီနှစ်ဆိုရင် ယောက်ျားလေးတွေ ဘေးနှစ်ဖက် ကို ရှိတ်ထိုးပြီး အစိမ်းရောင်တွေ ဆိုးကြတာ အများဆုံးပါပဲ’’

7Day DAILY 

No comments:

Post a Comment