Wednesday 8 April 2015

သူ့ရဲ့ အနာဂတ်ကို ဟောကိန်းမထုတ်ဖို့ ဗေဒင်ဆရာကို ထိုင်းဝန်ကြီးချုပ် သတိပေး

ဓာတ်ပုံ - Bangkok Post 
ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ က သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဟောကိန်းထုတ်တာကို ရပ်တန့်ဖို့ ထိုင်းနိုင်ငံက နာမည်ကြီး ဗေဒင်ဆရာ Warin Buawiratlert ကို သတိပေးပြောဆိုလိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြထားပါတယ်။  


ဗေဒင်ဆရာ Warin Buawiratlert က လာမယ့်နှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဦးမှာမဟုတ်ဘဲ သုံးနှစ် လောက်အထိ အာဏာကို ဆက်ယူ ထားဦးမယ် လို့ ဟောကိန်းထုတ်အပြီးမှာ ဝန်ကြီးချုပ် ပရာယွတ်က အခုလို သတိပေးပြောဆိုလိုက်တာ ဖြစ်ကြောင်း သိရပါတယ်။ 

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာဟာ အခုလ ၅ ရက်နေ့က ထိုင်းနိုင်ငံမြောက် ပိုင်း ချင်းမိုင်မြို့ကို လာရောက် တဲ့ ခရီးစဉ်အတွင်း Warin Buawiratlert ရဲ့အိမ်ကို ဝင်ရောက်လည်ပတ်ခဲ့ပါသေးတယ်။ 

ဒါ့အပြင် ချင်းမိုင်မြို့ မဲ့ရင်းမြို့နယ်မှာ ကျင်းပတဲ့ လန်းနားဒေသ နှစ် ၁၀၀ ရိုးရာပြခန်းပွဲ အခမ်းအနားမှာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက သူ့ရဲ့လုံခြုံရေး အဖွဲ့တွေနဲ့အတူ နွားလှည်းစီးပြခဲ့ပါတယ်။

ဧရာဝတီ 

No comments:

Post a Comment