Thursday 9 April 2015

5network က ထုတ်လွှင့်မယ့် IC ဖျော်ဖြေပွဲများ

မေလတွင် စတင်ပြုလုပ်မည့် အိုင်းရင်းခရော့စ်တီးဝိုင်း အဖွဲ့ ပင်တိုင် အဆိုရှင်များ၏ တစ်ကိုယ်တော် ဖျော် ဖြေပွဲများကို ရုပ်သံလိုင်းများမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသရန် အစီအစဉ်ရှိကြောင်း သတင်း ရရှိသည်။

အိုင်းရင်းခရော့စ်အဖွဲ့၏ ဖျော်ဖြေပွဲများကို ယခင်က ရုပ်သံ လိုင်းများတွင် တိုက်ရိုက်ထုတ် လွှင့်ပြသလေ့ မရှိသော်လည်း လာမည့်မေလမှစ၍ 5network ရုပ်သံလိုင်း၌ တိုက်ရိုက်ထုတ် လွှင့်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

‘‘မေလ ဒုတိယပတ်ထဲမှာ စပြီးလုပ်ဖို့ အစီအစဉ်ရှိတယ်။ ပထမဆုံးအနေနဲ့ ကိုလေးဖြူရဲ့ တစ်ကိုယ် တော်ပွဲကို ရန်ကုန်မှာ လုပ်မယ်’’ဟု 5network ရုပ်သံ လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိုင်စီ၏ ဖျော်ဖြေပွဲတစ်ခု လျှင် မိနစ် ၉၀ စာအစီအစဉ်တင် ဆက်မှုများဖြင့် ဖျော်ဖြေမည်ဖြစ် သည်။ ယင်း အစီအစဉ်ကို တစ်နှစ်စာပြသရန်စီစဉ်ထားပြီး တစ်လလျှင် အနည်းဆုံးအိုင်းရင်း ခရော့စ်မှ အဆိုတော် တစ်ယောက် ၏ ဖျော်ဖြေပွဲများကို ပြုလုပ်မည် ဟု ၎င်းက ဆိုသည်။

‘‘အိုင်စီကို ချစ်တဲ့လူတွေရှိတယ်။ ဒါပေမဲ့ အိုင်စီကိုကြည့်ချင်ရင် တိုက်ရိုက်ထုတ်လွှင့်တာမရှိ တော့ ရန်ကုန်နဲ့ မန္တလေးပွဲလုပ် တဲ့နေရာတစ်ခုပဲကြည့်လို့ရ တယ်။ အခုက On Air ဆိုတော့ တစ်ပြည်လုံးကြည့်လို့ရမယ်’’ဟု ၎င်းက ပြောသည်။

အဆိုပါအစီအစဉ်ကို 5network ရုပ်သံလိုင်း၏ ဆက် စပ်ရုပ်သံလိုင်းများဖြစ်သည့် 4HD နှင့် 5 SPECIAL ရုပ်သံလိုင်းများမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဟု သတင်းရရှိသည်။

‘‘အိုင်းရင်းခရော့စ်ကို လေလိုင်းထဲမှာ ဘယ်တုန်းကမှမတွေ့ ခဲ့ကြလို့ လူတွေက တော်တော်မေး ကြပါတယ်။ လူပြောလည်းတော် တော်များပါတယ်။ ဘာဖြစ်လို့ အိုင်းရင်းခရော့စ်ကို တီဗီထဲမှာ မတွေ့ရတာလဲဆိုတဲ့ ဒီမေးခွန်းကို ဖြေဖို့ဆိုရင် ကျွန်တော်တို့ကိုယ် တိုင် အဆင်သင့်မဖြစ်သေးတာ လို့ပြောရမယ်’’ဟု လေးဖြူက ပြောသည်။

‘‘ပွဲလာကြည့်ချင်တဲ့သူတွေအတွက် လက်မှတ်ကို ကန့်သတ်ချက်နဲ့ရောင်းပေးမယ်။ အပြင်မှာ ကြည့်ချင်တဲ့ သူတွေက လက်မှတ် ဝယ်ကြည့်လို့ရမယ်။ မလာနိုင်တဲ့ သူတွေလည်း တီဗီကကြည့်လို့ရ မယ်’’ဟု ၎င်းက ပြောသည်။

7Day DAILY 

No comments:

Post a Comment