Thursday 9 April 2015

ခန္တီးမြို့ မြသိန်းတန်စေတီကမ်းပါး ယခုနှစ်တွင် ပြုပြင်ထိန်းသိမ်းမည်ဟု နိုင်ငံတော်သမ္မတကတိပေး

ခန္တီးမြို့ ချင်းတွင်းမြစ်ကမ်း ဘေးရှိ ရန်ကင်းတောင်တွင် တည်ထားကိုးကွယ်သောမြသိန်း တန်စေတီသည် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုသည့် အန္တရာယ်ရင်ဆိုင်နေရမှုအပေါ် ယခင်နှစ်အတွင်း ပြုပြင် ထိန်းသိမ်း မည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကတိပေးခဲ့ကြောင်း မြသိန်းတန်စေတီ ဂေါပက ဦးစိုင်းအုန်းလွင် ကပြောသည်။

မြသိန်းတန်စေတီသည် မြစ်ကမ်းဘေးတွင် တည်ရှိခြင်းကြောင့် မြစ်ရေတိုက်စားပြီး ကမ်းပါးပြိုသည့် အန္တရာယ် နှင့် နှစ်စဉ်ရင်ဆိုင်ကြုံတွေ့နေရသည်။

မြသိန်းတန်စေတီအနီး နှစ် စဉ်ကမ်းပါးပြိုခဲ့ရာ ယခုအခါ မြစ် ရေသည် စေတီအနီးသို့ရောက်ရှိ နေပြီး ယခုနှစ် အတွင်း မြေထိန်းနံရံများတည်ဆောက်ခြင်း မပြုလုပ်နိုင်ပါက လာမည့် မိုးရာသီ၌ မြစ်ရေတိုက်စား မှုကြောင့် မြသိန်းတန်စေတီမြစ်အတွင်း မျောပါပျက်စီးခြင်းနှင့် ကြုံတွေ့မည်ကို ဒေသခံပြည်သူများက စိုးရိမ်နေသည်။

မြသိန်းတန်စေတီသို့ ဧပြီ ၈ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရောက်ရှိခဲ့ပြီးယခုနှစ်အတွင်း ကမ်းပါး ထိန်းခြင်းလုပ်ငန်းများလုပ်ဆောင်မည်ဟု ကတိပေးခဲ့ကြောင်း ဦးစိုင်းအုန်းလွင်ကပြောသည်။

‘‘မနက်က မြသိန်းတန် စေတီကုန်းပေါ် လာရောက်ပြီးတော့  ကမ်းပါးပြိုတာကိုပြုပြင် ပေးမယ်ဆိုပြီးပြော သွားတယ်’’ဟု ဦးစိုင်းအုန်းလွင်ကပြောသည်။

မြသိန်းတန်စေတီ ကမ်းပါးပြုပြင်ရန် အရှည်ပေ ၆၀၀ ကျော်အတွက် ကျပ်သိန်း ၇,၀၀၀ ကျော်ကုန်ကျ မည်ဟု ခန့်မှန်းထားသည်။

မြသိန်းတန်စေတီသည် ဉာဏ်တော်အမြင့် ၉ တောင်ရှိပြီး သက်တမ်း ၁၀၄ နှစ်ရှိပြီဖြစ်သည်။

7Day DAILY 

No comments:

Post a Comment