Thursday 9 April 2015

ပိတ်ပင်ခံထားရသော်လည်း ရွှေည၀ါဆရာတော် တရားဟောမည်

တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော ရွှေည၀ါဆရာတော်သည် ဧပြီ ၁၂ ရက်တွင် ရွှေပြည်သာမြို့ နယ် ၌ တရားဟောကြားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ရွှေည၀ါဆရာတော် ဦးပညာသီဟအနေဖြင့် တရားဟောကြားခွင့် ပိတ်ပင်ခံထားရသော်လည်း ရွှေပြည်သာ မြို့နယ်၌ ပြုလုပ်မည့် တရားပွဲတစ်ခုကပင့်ဖိတ်ထား၍ သွားရောက်ဟောကြားမည်ဟု ဆရာတော်၏ တပည့် ဦးဝိဝေကာနန္ဒက အတည်ပြုမိန့်ကြားသည်။

‘‘အစောကြီးကတည်းက စီစဉ်ထားတာပါ။ တရားပွဲမပျက် ဘူး။ ဆရာတော်သွားဟောမှာပါ’’ ဟု ဆရာတော် က မိန့်သည်။ အဆိုပါတရားပွဲကို ရွှေပြည်သာမြို့နယ် ၁၀ ရပ်ကွက်၊ အမက (၂၆) ကျောင်းအနီး ဧပြီ၁၂ ရက် တွင် ကျင်းပမည်ဖြစ်သည်။ သံဃမဟာနာယကက တရားဟောခွင့်ကို ပိတ်ပင်လိုက်သော်လည်း ပင့် ဖိတ်သူရှိပါက လိုက်လံဟောကြားမည်ဟု ဆရာတော် ဦးပညာသီဟက ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ 7Day သတင်းစာ ကို မိန့်ကြားခဲ့သည်။

ယခုတရားပွဲမှာ ၎င်းအား တရားဟောပြောခွင့်အပိတ်ခံရပြီး နောက် ခွင့်ပြုချက်မရှိဘဲ ပထမဆုံးဟောပြော မည့် တရားပွဲလည်းဖြစ်သည်။

7Day DAILY 

No comments:

Post a Comment