Thursday 9 April 2015

အလောင်းတော်ကဿပ ဥယာဉ်၌ လေပြင်းတိုက်၍ သစ်ပင်လဲကျမှုကြောင့် ၁၁ ဦး ဒဏ်ရာရပြီး တစ်ဦးသေ

ဧပြီ ၅ ရက်က လေပြင်းတိုက် ခတ်မှုကြောင့် ယင်းမာပင်ခရိုင် အလောင်းတော်ကဿပသပိတ်ဆေး ယာဉ် ရပ်နားစခန်းရှိ လုံးပတ် ၁၁ ပေ၊ အမြင့်ပေ ၇ဝ ရှိ အင်ပင်ကြီးလဲကျခဲ့ရာ စားသောက်ဆိုင်နှစ်ဆိုင်နှင့် ယာဉ် သုံးစီးပေါ်ပိမိ ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးကြောင်း သိရသည်။

ဧပြီ ၅ ရက် ညဦးပိုင်း ၇ နာရီ ၄၅ မိနစ်ခန့်က အလောင်းတော် ကဿပသပိတ်ဆေးစခန်း၌ မိုးသည်းထန် စွာရွာသွန်းပြီး ပြင်းထန်သောလေပြင်းများ တိုက်ခတ်ခဲ့မှုကြောင့် အင်ပင်ကြီးလဲကျခဲ့ပြီး စားသောက်ဆိုင် နှစ်ဆိုင်နှင့် ကားသုံးစီးပေါ် ပိမိခဲ့ခြင်း ဖြစ်သည်။ သပိတ်ဆေးစခန်း၌ ဖွင့်လှစ်ထားသော ကျားမင်းအောင် စားသောက်ဆိုင်နှင့် ပွင့်သစ်စစားသောက်ဆိုင်များပေါ် ပိမိခဲ့ခြင်းဖြစ်ပြီး လိုက်ထရပ်ယာဉ် နှစ်စီးနှင့် ခွေးဘီလူးမီနီ ထရပ် တစ်စီးလည်း သစ်ပင်ပိမိမှုကြောင့် ပျက်စီးခဲ့သည်။

ဒဏ်ရာရရှိသူများတွင် ဘုရားဖူးခရီးသည်များ ပါဝင်ခြင်းမရှိဘဲ ပုလဲမြို့နယ် စေတီယျုံကျေးရွာ၊ ယင်းမာပင် မြို့နယ် ကဗြူကျေးရွာနှင့် ကပိုင် ကျေးရွာတို့မှဒေသခံများဖြစ်ကြောင်း၊ စားသောက်ဆိုင်များမှ မိသားစုဝင် ၁၁ ဦး ဒဏ်ရာရရှိပြီး ယင်းမာပင်မြို့နယ် ကဗြူကျေးရွာမှ ဦးမောင်ဝင်း (၄၆ နှစ်) မှာ သေဆုံးခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာသို့ ကပိုင်ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦးနှင့် လူမှုကူညီရေး အသင်းများ စုပေါင်း ၍ လဲကျနေသော အင်ပင်ကြီးနှင့် ပိမိနေသောအဆောက်အအုံများ၊ ကားများကို ရှင်းလင်းထုတ်ယူရန် အတွက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း၊ ဆင်များ၏အားဖြင့် ရှင်းလင်း ဆောင်ရွက် လျက်ရှိသလို ဒဏ်ရာရရှိသူများအား ကပိုင် တိုက်နယ်ဆေး ရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar 

No comments:

Post a Comment