Thursday 9 April 2015

(၁၄)ကြိမ်မြောက် ရုံးထုတ်သော်လည်း စာရေးဆရာထင်လင်းဦး၏ သက်သေများမစစ်ဖြစ်

စာရေးဆရာထင်လင်းဦး၏ (၁၄)ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခြင်းကို ဧပြီ ၈ ရက်က ချောင်းဦးမြို့နယ် တရားရုံးတွင် ပြုလုပ်ခဲ့သော်လည်း ဦးထင်လင်းဦး၏ သက်သေများကို စစ်ဆေးနိုင်ခြင်းမရှိကြောင်း သိရသည်။

ချောင်းဦးမြို့နယ် စာပေဟောပြောပွဲတွင် ဘာသာ၊ သာသနာစော်ကားပြောဆိုသည်ဟူသော စွဲချက်ဖြင့် ချောင်းဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနဦးစီးမှူး ဦးထွန်းခိုင်က တိုင်ကြားခဲ့၍ အမှုရင်ဆိုင်နေခြင်းဖြစ်သည်။

‘‘စာရေးဆရာထင်လင်းဦး ရဲ့ သက်သေတွေကလည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်မလာလို့ မစစ်ဖြစ် တာပါ။ စွပ်စွဲခံရသူရဲ့ အကျိုးဆောင်ရှေ့နေကလည်း ရောက်မလာဘူး။ သင်္ကြန်ကာလအပြီး နောက်ထပ် ဧပြီ ၂၇ ရက် ထပ်မံချိန်းဆိုလိုက်တာပါ’’ဟု ချောင်းဦးမြို့နယ် တရားရုံးတာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောကြားသည်။

  ဧပြီ ၈ ရက်တွင် စာရေး ဆရာထင်လင်းဦး၏ သက်သေ များအဖြစ် မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ် မြဝတီမင်းကြီး ကျောင်းတိုက်ဆရာတော် ဦးအရိ ယဝံသ၊ သန်လျင်မြို့မှ ဦးတင် မောင်ဦး၊ မုံရွာမြို့နယ် မုံရွေး ကျေးရွာမှ ဦးဇော်ဘုန်းမြင့်တို့စစ်ဆေးရန်စီစဉ်ထား ကြောင်းချောင်းဦးမြို့ နယ်တရားရုံးမှ သိရသည်။

 ‘‘ဒီနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ကိုထင်လင်းဦးကို ရုံးတော့ထုတ်မယ်။ ဒါပေမဲ့ ကိုထင်လင်းဦးရဲ့ သက်သေတွေ မစစ်ဆေးဖြစ်ဘူး။ သင်္ကြန်ပွဲအပြီး ထပ်မံချိန်းဆိုထားတယ်’’ဟု စာရေးဆရာထင်လင်းဦး၏ အကျိုးဆောင်ရှေ့နေဦးသိန်းသန်းဦးက ပြောကြားသည်။

7Day DAILY 

No comments:

Post a Comment