Thursday 9 April 2015

ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်နေကြသည့်တိုင် လာမည့်ဘဏ္ဍာနှစ်အတွက် အစိုးရမျှော်မှန်းချက်မလျော့

၂၀၁၄−၁၅ ဘဏ္ဍာနှစ်အတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးကဏ္ဍ မှာ ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံးဝင်ရောက်နေသည် (offshore-technology)
မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန်ရှိသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများက ရင်းနှီးမြှုပ်နှံ မှုများ စောင့်ကြည့်နေသည် ဆိုသော်လည်း လာမည့်ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ကန်ဒေါ်လာ ခြောက်ဘီလီယံထိ အစိုးရကမျှော်မှန်းထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိ သည်။

မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုသည် ၂၀၁၄ - ၁၅  ဘဏ္ဍာနှစ်တွင် အစိုးရလျာထား ချက်ထက် နှစ်ဆပိုမိုဝင်ရောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံထိခွင့်ပြုပေးရကြောင်း သိရသည်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ ၌ပင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သုံးဘီလီယံကျော် ရှိ သည်။ ‘‘နှစ်ကုန် ပိုင်းမှာ စွမ်းအင် ကဏ္ဍကို ဝင်တဲ့ ရင်းနှီးမြှုပ်နှံမှုကအတော်များတယ်။ ထုတ်ကုန် နဲ့ဆက်သွယ်ရေး လုပ်ငန်းတွေမှာ လည်း ရင်းနှီးမြှုပ်နှံတွေက များပါတယ်’’ ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်း ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြား သည်။

လက်ရှိ ၂၀၁၄-၁၅ ဘဏ္ဍာ နှစ်တစ်နှစ်လုံးတွင် ထုတ်ကုန် ကဏ္ဍသို့ ဝင်ရောက်လာသော ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာတစ်ဘီလီယံခွဲကျော် ရှိပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ် ရေးကဏ္ဍသို့ ဝင်ရောက်နေသာ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံကျော် ရှိသည်။

ရင်းနှီးမြှုပ်နှံမှုအများဆုံးဝင် ရောက်သည့်နိုင်ငံမှာ စင်ကာပူ ဖြစ်ပြီး တစ်နှစ်အတွင်း အမေရိ ကန်ဒေါ်လာ လေးဘီလီယံကျော်ရှိ သည်။ ဒုတိယအများဆုံးမှာ ဗြိတိန်နိုင်ငံဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၃ ဒသမ ၈ ဘီလီယံကျော်ရှိသည်။

၂၀၁၄-၁၅ ဘဏ္ဍာနှစ်ကုန်တွင် ဝင်ရောက်ခဲ့သည့်စုစုပေါင်းရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံကျော်ရှိနေသည်။

လက်ရှိအစိုးရလက်ထက် သက်တမ်းလေးနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှုသည် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံကျော်ထိ တိုးတက်လာ ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ မှုကော်မရှင်စာရင်းများအရ သိရသည်။

7Day DAILY 

No comments:

Post a Comment