Thursday 9 April 2015

မဲဆန္ဒနယ် အသိပေးလုပ်ငန်းများ ဒီချုပ် စတင်လုပ်ဆောင်

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် မဲစာရင်းမှန် ကန်တိကျစေရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က ပြည်သူလူထုအား မဲဆန္ဒရှင်အသိပေးမှုလုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းအတွင်း ၁၀ မြို့နယ်တွင် အထွေထွေရွေးကောက်ပွဲအတွက် ရှေ့ပြေးမဲစာရင်းများ ကပ်ထားမှု စတင်နေသည့်အချိန်၌ ယင်းမဲစာရင်းများကို ပြည်သူ လူထုစိတ်ပါဝင်စားစေရန်နှင့် မဲစာရင်းတွင် အားနည်း ချက်များ ရှိပါက အချိန်မီသိရှိနိုင်ရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုမဲစာရင်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန် က ပြောသည်။

‘‘မဲစာရင်းတွေမှာ သေဆုံး တဲ့သူတွေပါနေလား၊ ဒါမှမဟုတ် နာမည်စာရင်း မပါသေးတာ နောက် တခြား အားနည်းချက်တွေ ရှိနေရင် ကျွန်တော်တို့ကို အသိ ပေးလို့ ရပါတယ်။ ကျွန်တော်တို့ က သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင်ကို ပြင်ဆင်မှုတွေ လုပ် ပေးဖို့ တင်ပြမှာပါ’’ ဟု ဦးထွန်း ထွန်းဟိန်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ရန်ကုန်တိုင်းတွင် ရှေ့ ပြေးမဲစာရင်း ကပ်ထားပြီဖြစ် သော ၁၀ မြို့ နယ်၌ လက်ကမ်း စာစောင်များဖြန့်ဝေကာ မဲစာရင်း နှင့်ပတ်သက်၍ ပြည်သူလူထုအား စတင် အသိ ပညာပေး နေပြီဖြစ် ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုမဲစာရင်း စစ်ဆေး ရေးအဖွဲ့မှ သိရသည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲအတွက် ရှေ့ပြေးမဲဆန္ဒ ရှင်များစာရင်းကို ပြည်သူလူထု သိရှိနိုင်ရန် ရန်ကုန်တိုင်း ၁၀ မြို့နယ်တွင် မတ်လ ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ ကပ်ထားခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ မြို့ နယ်များအားလုံးတွင် ရှေ့ပြေးမဲ စာရင်းကို ပြည်သူလူထုအား အ သိပေးမည်ဖြစ် ကာ ယခုအချိန် တွင် ၁၀ မြို့နယ်၌ စတင် လုပ် ဆောင်နေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲ ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။

‘‘ဒီရှေ့ပြေးမဲစာရင်းမှာ အားနည်းချက်တွေပါလာရင် ကျွန်တော်တို့ကိုတင်ပြပါ။ မဲစာရင်းကို တိကျမှန်ကန် အောင် လုပ်ပေး မှာပါ’’ ဟု ဦးကိုကိုက ဆိုသည်။

၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲအတွက် အသက် (၁၈) နှစ်ပြည့်ပြီးသော နိုင်ငံသားတိုင်း မဲပေးခွင့်ရရန် နှင့် မဲစာရင်းတိကျ မှန်ကန်ရန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဗဟိုမဲစာရင်း စစ် ဆေးရေးအဖွဲ့ကို မတ်လက စ တင်ဖွဲ့စည်းလိုက်သည်။

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို ယခုနှစ် အောက်တိုဘာအကုန် နိုဝင်ဘာလဆန်းတွင် ပြုလုပ် မည်ဖြစ် ကာ လွတ်လပ်ပြီး တရားမျှတစွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများအနေဖြင့် ၀ိုင်းဝန်းဆောင် ရွက်ကြရန် ပြည် ထောင်စုရွေးကောက်ပွဲ ကော်မ ရှင်က နိုင်ငံရေးပါတီများနှင့် တွေ့ ဆုံရာတွင် ပြောကြားထားသည်။

7Day DAILY 

No comments:

Post a Comment