Thursday 9 April 2015

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာ တည်ဆောက်ရန်အဆို ရပ်ဆိုင်းခံရ

လွှတ်တော်ကိုယ်စားလှယ်များ တည်းခိုနေထိုင်မည့် လွှတ်တော်အိမ်ရာအဆောက်အအုံများကို ၂၀၁၆ နှစ်ဆန်း မတိုင်မီ  အပြီးတည်ဆောက်ရန် ဧပြီ ၈ ရက်က ကျင်းပသောပြည်ထောင်စု လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်ဦးနန်းအောင်တင်မြင့်က အဆိုတင်သွင်းခဲ့ရာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌာန်းချက်ဖြင့် ငြိစွန်းနိုင်သဖြင့် ရပ်ဆိုင်းခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိတွင် လွှတ်တ်ာကိုယ်စားလှယ်များသည် လွှတ်တော်မှ စီစဉ်ပေးသည့်နေပြည်တော် စည်ပင် ဧည့်ရိပ်သာတွင် တည်းခိုရာ၌ အစိုးရပိုင်ဖြစ်သည့် ပါတီနိုင်ငံရေးလုပ်ငန်းများလုပ်ရန်မသင့်ဟု အကြောင်း ကြားလာသည့်အတွက် သီးသန့်တည်းခိုဆောင်များတည် ဆောက်နိုင်မှသာ လွှတ်တော်ကိစ္စများကို အဆင် ပြေစွာ ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း ကရင်ပြည် နယ်မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးနန်း အောင်တင်မြင့်က အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ တာဝန်အရ ခရီးသွားသည့်အချိန်တွင် နိုင်ငံတော်ကအခမဲ့တည်းခိုနိုင်ရန် စီစဉ်ပေးနိုင်ကပေး ရန်ဖြစ်သော်လည်း အစည်းအဝေး တက်ရောက်ချိန်တွင် တည်းခိုစရိတ်အတွက် သက်ဆိုင်ရာ ဥပဒေများအရ ခံစားခွင့်ပြုပြီးဖြစ်သည့် အတွက် သီးသန့်တည်းခိုဆောင် တည်ဆောက်ပေးရန် ကိစ္စသည် ဥပဒေပြဋ္ဌာန်းချက်တွင် ပါဝင်ခြင်းမရှိဟု သဘောရကြောင်းဘဏ္ဍာ ရေးဝန်ကြီးဦးဝင်းရှိန်က ပြန်လည်ဖြေကြားခဲ့သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၇ပုဒ်မခွဲ(ဂ) အရ နိုင်ငံရေးပါတီအနေဖြင့် နိုင်ငံပိုင်ငွေကြေး၊ အဆောက် အအုံ ယာဉ်ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေသုံးစွဲရာ ရောက်သဖြင့် ပြဋ္ဌာန်း ချက်ဖြင့် ငြိစွန်းနိုင်သောကြောင့်အထက်ပါ အဆိုကို ဆက်လက်ဆွေးနွေးခြင်းမပြုဘဲ လွှတ်တော်တွင် ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်းဆုံးဖြတ်ခဲ့ကြသည်။

7Day DAILY 

1 comment:

  1. ဟိုမှာနေဖို့  ဒီမှာနေဖို့ မစဉ်းစားနဲ့ လူခန္ဒာကိုယ်ရဲ့ မှုလပိုင်ရှင်ကမဟာပထ၀ီမြေကြီး မင်းတို့ တွေအားလုံးမြေကြီးထဲမှာအမြဲနေရမှာ မှတ်ထား။

    ReplyDelete