Thursday 9 April 2015

ရှမ်းပြည်နယ်မြောက်ပိုင်း ရွှေလီမြစ်ရိုးတစ်လျှောက်တွင် တရားမ၀င် သစ်တန်ချိန် ၁,၀၀၀ ကျော် ဖမ်းဆီးရမိ

ရွှေလီမြစ်ရိုး မြောက်ဘက်ခြမ်းနှင့် တောင်ဘက်ခြမ်းတစ်လျှောက်တွင် တရားမ၀င် သစ်ရှာဖွေဖမ်းဆီး ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ သစ်မျိုးစုံ တန်ချိန် ၁,၀၂၃ တန် ဖမ်းဆီးရရှိခဲ့သည်ဟု သစ်တောဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မိုးမိတ်အခြေချစစ်ဗျုဟာမှ တာဝန်ရှိသူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဧပြီ ၂ ရက်မှ ၄ ရက်အထိ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်များတွင် တရားမဝင်သစ် ရှာဖွေဖမ်းဆီးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ တရားမ၀င် သစ်လုံးခွဲသား စုစုပေါင်းတန်ချိန် ၁,၀၂၃ ဖမ်းဆီးရမိခဲ့ပြီး ချိန်းဆော ၁၄ လက်တို့ကို ဖမ်းဆီးရမိခဲ့သည်။

မိုးမိတ်မြို့နယ်နှင့် မဘိန်းမြို့နယ်အတွင်းရှိ ရွှေလီမြစ်ရိုး မြောက်ဘက်နှင့် တောင်ဘက်ခြမ်းတစ် လျှောက် တွင် တရားမ၀င် ကျွန်း၊ ပိတောက်၊ တမလန်းနှင့် အင်ကြင်း သစ်လုံး၊ သစ်ခွဲသား စုစုပေါင်း ၃,၂၉၇ လုံး၊ တန်ချိန် ၈၂၆ ဒသမ ၁ နှင့် ချိန်းဆော ၁၄ လက်တို့ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မဘိန်းမြို့နယ်၊ လဝါကျေးရွာအနီး ဆူးပုတ်ကြိုးဝိုင်းအတွင်းရှိ တောင်စောင်းနယ်မြေတစ် လျှောက် တွင် တရားမဝင်သစ်များကို ရှာဖွေဖမ်းဆီးရာ ကျွန်း၊ ပိတောက်နှင့် တမလန်း သစ်လုံးနှင့် ခွဲသား စုစု ပေါင်း ၁,၀၀၃ လုံး၊ ၁၉၇ တန်ခန့်ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့သည်။

ရှမ်းပြည်နယ်၊ အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသများမှ သစ်များကို တရုတ်သို့ တရားမ၀င် တင်ပို့မှုများပြား လျက်ရှိပြီး အဆိုပါဒေသများတွင် ပွင်းလင်းရာသီရောက်ချိန်၌ ရှောင်ကွင်းလမ်းကြောင်းများ အသုံးပြုကာ တရားမဝင် သစ်များ သယ်ဆောင်မှုများပြားနေသည်ဟုလည်း တရားမ၀င် ကုန်ပစ္စည်းများတားဆီးရေး ရွေ့လျားအဖွဲ့ Mobile Team မှ တာဝန်ရှိသူများက ပြောဆိုထားသည်။

ယခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း ကချင်ပြည်နယ်ရှိ နယ်မြေခံ အာဏာပိုင် အဖွဲ့အစည်းများက နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ်တွင် သစ်မျိုးစုံအလုံး ၅၀၀ ကျော်နှင့် သစ်ခိုးထုတ်ယာဉ် အစီး ၄၀၀ ကျော် တို့ကိုလည်း ဖမ်းဆီးရမိခဲ့ပြီး သစ်ခိုးထုတ်မှုတွင် ပါဝင်သည့် တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီး ရမိခဲ့သည်။

Mizzima - News in Burmese

2 comments:

  1. သစ်တောဝန်ထမ်း ရဲဝန်ထမ်းတွေကိုလည်း တပ်မတော်လိုပဲလုပ်စေချင်တယ်။တပ်မတော်ကကိုယ့် တိုင်းရင်းသားလက်ထံမှာဆိုမဖမ်းဘူး တရုတ်နဲ့ ကေအိုင်အေလက်ထဲရောက်မှဖမ်းတာ။အဲ့ ဒါကိုကေအိုင်အေကရင်နာလို့ မဆုံးဘူး။တိုင်းရငိးသားလက်ထဲမှာဆိုမသိသလိုနေ တရုတ်လက်ထဲရောက်ယင်(ငွေချေပြီးယင်) ဖမ်းသာဖမ်း။ငွေလည်းရ သစ်လည်းပြန်ရဘယ်လောက်ကောင်းလည်း အဲ့ ဒါကြောင့် တပ်မတော်ကို ကချင်ပြည်နယ်သားတွေကချစ်တာ။

    ReplyDelete
  2. မှန်ပါတယ်ဗျာ။တရုတ်လက်ထဲရောက်ပြီဆိုတာနဲ့  ယာဉ်တန်းထွက်မဲ့ အချိန်သတင်းသာပေးလိုက်။

    ReplyDelete