Tuesday 24 February 2015

ကင်ဆာရောဂါသည် ဘဝမှသည် ကာယဗလမောင် ဘဝသို့

ပုံမှာ မြင်တွေ့နေရတဲ့ လူငယ်ဟာ Zach Zeiler လို့ အမည်ရပြီး အမေရိကန်နိုင်ငံမှ မစ်ချီဂန်ပြည်နယ်က မြို့တစ်ခုမှာနေထိုင်ပါတယ်။ အသက် ၁၅ နှစ်သား ဘဝတုန်းက ကင်ဆာရောဂါရဲ့ ဆိုးရွားမှုကြောင့် ဆေးရုံ တက်ရတဲ့အထိဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါဟာ အသက် အန္တရာယ်ပေးတဲ့အထိ ဆိုးရွားခဲ့ပြီး ယနေ့မှာသူ ကာယဗလမောင် ဖြစ်လာတယ် ဆိုတာ သူကိုယ်တိုင်တောင် ထင်မှတ်ထားတဲ့ အရာ မဟုတ်ပါဘူး။

သူဟာ ကင်ဆာရောဂါရဲ့ ထိုးနှက်မှုဝေဒနာကြောင့် ဆံပင်များပါ မကျန်တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ မိသားစု အပြင် ချစ်သူ ဖြစ်သူရဲ့ အားပေးမှုကြောင့် သူဟာ ဇွဲမလျော့ပဲ ကြိုးစားတဲ့အခါ ငါးနှစ်အတွင်း ယခုလို ဖြစ်လာခြင်း ဖြစ်ပါတယ်။ အသက် ၂၀ ပြည့်တဲ့အချိန်သူဟာ ပြိုင်ပွဲ ဝင်ပြိုင်လို့ ရတဲ့ ကာယဗလမောင်တစ်ဦး ဖြစ်ခဲ့ပါတယ်။ ကင်ဆာရောဂါလည်း ပျောက်ကွယ်သွားပြီး သာမန်လူတစ်ယောက်ထက်တောင် သန်မာ တဲ့သူ ဖြစ်လာပါတယ်။

ကင်ဆာရောဂါ ရှိစဉ် အချိန်က ပေါင်ချိန် ၁၀၀ အောက်အထိ ကျခဲ့ပြီး ယနေ့တော့ ပေါင်ချိန် ၁၇၅ ဝန်းကျင် ရှိပါတယ်။ သူ့ရဲ့ ကြိုးစားမှု အဆင့်ဆင့် ဗီဒီယိုများကို YouTube ပေါ်မှာတင်ပြီး လူတိုင်းကို လေးစားအားကျ အတုယူ စေခဲ့ပါတယ်။ Facebook မှာလည်း Fan Page ရှိပြီး အားပေးသူ များပါတယ်။ သူဟာ ကင်ဆာရေဂါသည်များကို အပြင် ဘဝမှာ အရှုံးပေးလိုစိတ်သာ ကျန်ရှိတော့သူများအတွက် လေးစား အတုယူ စရာ လူတစ်ယောက် ဖြစ်ခဲ့ ပါတယ်။

သူ့ရဲ့ အဆင့်ဆင့် ကြိုးစားပြောင်းလဲလာမှု ဗီဒီယိုကို http://youtu.be/04cI4L4KBfA မှာ ကြည့်နိုင်ပါ တယ်။

Ref: dailymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment