Tuesday 24 February 2015

မန္တလေးရွှေနန်းတော်ကျောင်း ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းမှု လုပ်ငန်းများ ယခုလကုန်ပိုင်းတွင် စတင်ဆောင်ရွက်တော့မည်

ပြည်တွင်း ပြည်ပခရီးသွားများ အမြဲမပြတ် လာရောက်လေ့လာရာ နေရာဖြစ်သည့် မန္တလေးရွှေနန်းတော် ကျောင်း ရေရှည် တည်တံ့စေရေးအတွက် ပြုပြင်ထိန်း သိမ်းမှုလုပ်ငန်းများကို ဖေဖော်ဝါရီ လကုန်ပိုင်းတွင် စတင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း World Monuments Fund အဖွဲ့အစည်းမှ သိရသည်။

အမေရိကန်သံအမတ်များ ရန်ပုံငွေမှ ပံ့ပိုးလှူဒါန်းထားသည့် ဒေါ်လာ ငါးသိန်းဖြင့် လုပ်ငန်းများကို ဆောင် ရွက်သွားမည်ဖြစ်ရာ ပြုပြင်ထိန်းသိမ်းရေး အတွက် လိုအပ်သည့် တိုင်းတာစစ်ဆေးမှုများကို လုပ်ဆောင် ခဲ့ပြီးဖြစ်သောကြောင့် တွေ့ရှိချက်များအပေါ်မူတည်၍ အပိုင်းအလိုက် ပြုပြင်သွားမည်ဖြစ်ကြောင်း၊ ကျောင်း ကြီးမှာ ငလျင်ဒဏ်ကို ခံနိုင် ရည်ရှိသောအနေအထားကို တွေ့ရှိရ ပြီး မိုးရေဝင်ရောက်မှု၊ လေတိုက် ခတ်မှုနှင့်မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးတို့အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ရေးဆွဲ ထားကြောင်း၊ မိုးရေစီးဆင်းတိုက်စားမှု များကြောင့် ကျောင်းကြီးအနောက် ဘက်ခြမ်းသည် ယိမ်းယိုင် သွားနိုင် သည့်အခြေအနေရှိရာ အနောက် ဘက်ခြမ်းနှင့်ဝရန်တာအောက်ခြေများကို စတင်ပြုပြင် ထိန်းသိမ်းမည် ဖြစ်ကြောင်း World Monuments Fund မှ ပရောဂျက်ဒါရိုက်တာ Mr. Jeffery Allen က ပြောကြားသည်။

''ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း တွေမဆောင်ရွက်ခင်မှာ ဦးစားပေး ပြုပြင်ရမယ့် အပိုင်းတွေကို သိရှိနိုင် ဖို့အတွက် နောက်ဆုံးပေါ်လေဆာစကင်နာ စက်နဲ့ ကျောင်းရဲ့ပုံရိပ်ကို မှတ် တမ်းရယူခဲ့တာဖြစ်ပါတယ်။ မြန်မာ နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုဆိုင် ရာအဆောက်အအုံတွေ ပြုပြင်ထိန်း သိမ်းရေးလုပ်ငန်းတွေမှာ လေဆာစ ကင်နာစက်ကို အသုံးပြုခဲ့ဖူးခြင်းမရှိဘဲ မန္တလေးရွှေကျောင်းကြီးအတွက် ပထမဦးဆုံး စတင် အသုံးပြုထားတာဖြစ်ပါတယ်။ အရင်ဦးဆုံးအနေနဲ့ကတော့ တည်ဆောက်မှုပိုင်းကို ပြုပြင်ပြီးရင် အရေးကြီး ဆုံး အပိုင်းဖြစ်တဲ့ မြေအောက်ရေစီးရေလာကောင်းမွန်ရေးကို ဆက်လက်လုပ်ဆောင် သွားပါမယ်။ ရေစီး ရေလာ ကောင်းမွန်အောင် မလုပ်နိုင်ရင် တိုက်စားမှု ကြောင့် ကျောင်းကြီးယိမ်းယိုင်သွားနိုင် တာကြောင့် ဖြစ်ပါတယ်။ လုပ်ငန်းတွေဆောင်ရွက်ရာမှာ အမေရိကန်၊ ရုရှား၊ ပြင်သစ်၊ ဩစတြေးလျ၊ ဂျပန် နိုင်ငံတို့နဲ့ အတူ မြန်မာနိုင်ငံက ပညာရှင် တွေ စုစုပေါင်း ခုနစ်ဦးပါဝင်မှာ ဖြစ်ပါတယ်။ အောင်မြင်မှု အတိုင်းအတာ ကိုမူတည်ပြီး ရန်ပုံငွေတွေ ထပ်ရလာရင် ဆက်လက်ပြုပြင်မယ့် လုပ်ငန်း တွေရှိလာနိုင်တာကြောင့် ပြီးစီးမယ့် အချိန်ကာလကတော့ လောလောဆယ်မပြောနိုင်သေးပါဘူး''ဟု ယင်းက ထပ်မံပြောကြားသည်။

ရွှေနန်းတော်ကျောင်းကြီးသည် နှစ်ပေါင်း ၁၃ဝကျော်သက်တမ်းရှိ ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံတစ်ခုဖြစ်ပြီး မြန်မာမှုသစ်သား ပန်းပုအခြေခံ ခြူးပန်း၊ ခြူး နွယ်၊ အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများဖြင့် ပုံဖော်တည်ဆောက် ထားခြင်းဖြစ်သည်။

KSA
Democracytoday

No comments:

Post a Comment