Tuesday 24 February 2015

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် မြန်မာရွှေ့ပြောင်းလုပ်သား ၆၈ ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံနယ်စပ်မှ ဘန်ကောက်သို့ပွဲစားဖြင့် အလုပ်သွားရောက်လုပ်ကိုင် မည့်မြန်မာရွှေ့ပြောင်း အလုပ် သမား ၆၈ဦးကို ထိုင်းနိုင်ငံသားယာဉ်မောင်း နှစ်ဦးနှင့်အတူ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်သည်ဖေဖော် ဝါရီ ၂၂ရက်တွင် ထိုင်းနိုင်ငံ ချိုင်း နတ်ခရိုင်၊ မနိုလမ်းမြို့နယ်၊ တေချနန်း ကျေးရွာအုပ်စု၊ အာရှလမ်းမကြီး ကီ လိုတိုင်အမှတ် ၁၄၉၌ ထိုင်းနယ်စပ်မှ ပထုန်ဌာနီခရိုင် ဘန်ကောက် မြို့သို့ အလုပ်လုပ်ကိုင်ရန်သွားရောက်မည့် မြန်မာ ၆၈ဦးကို ထိုင်းနိုင်ငံသား ယာဉ်မောင်းနှစ်ဦးဖြင့် ထိုင်းအာဏာပိုင်များမှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထိုင်းရတ်သတင်းဌာနတွင် ဖော်ပြထားချက်အရသိရသည်။

စစ်ဆေးချက်အရ အဆိုပါ ဖမ်း ဆီးရမိသူများသည် မဲဆောက်မြို့မှ ဘန်ကောက်မြို့အတွင်းပိုင်းသို့အလုပ် သွားရောက်လုပ်ကိုင်ရန်ဖြစ်ပြီး တစ် ဦးလျှင်ထိုင်းငွေဘတ် ၁၂၀၀၀ နှုန်းစီဖြင့် ထိုင်းနိုင်ငံအတွင်း သယ် ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ သားယာဉ်မောင်း တစ်ဦးမှထွက်ဆို ထားကြောင်း သိရသည်။

''တရားမဝင် ဝင်ရောက်လာ သူအားလုံးနှင့်သယ်ဆောင်လာသူ ထိုင်းလူ မျိုးနှစ်ဦး ကိုပါ တရားဥပဒေ အရ အရေးယူသွားမယ်''ဟု ထိုင်း အာဏာ ပိုင်များမှ ဆိုထားကြောင်း လည်း ထိုင်းရတ်သတင်းဌာန တွင်ဖော် ပြ သည်။ ထိုသို့တရားမဝင် ဝင်ရောက်မှု များသည် နေ့စဉ်နှင့် အမျှ ရှိနေပြီး လွတ်မြောက်သွားခြင်းများလည်း ရှိကြောင်း၊ တရားမဝင် ဝင်ရောက်မှု များကိုထိန်းနိုင်ဖွယ် ယနေ့အထိမရှိ သေးကြောင်းလည်း ထိုင်းနိုင်ငံ အခြေ စိုက်ရွှေ့ပြောင်းအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့်အဖွဲ့အ စည်းများမှ ဆိုထားသည်။

ထိုင်းနိုင်ငံအခြေစိုက်ရွှေ့ပြောင်း အလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ''ခိုး ဝင်တဲ့သူအားလုံးက ပွဲစားတွေနဲ့ ဝင်တာ ချည်းပါပဲ။ နယ်စပ်ဖြတ် ကျော်ဝင်ရောက်မှုက ပြစ်မှုသိပ်မကြီး တော့ ထောင်အကြာကြီးတော့မကျ နိုင်လောက်ဘူး။ နယ်စပ်ကိုပြန်ပို့ မယ်ထင်တယ်''ဟု အမှုနှင့်ပတ်သက် ၍ယင်း၏အမြင်ကို ပြောသည်။

နယ်စပ်ဖြတ်ကျော်မှုများကို ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေး ဥပဒေဖြင့် တရားစွဲဆိုကြောင်း၊ သို့ သော် အခြားပစ္စည်း ရောင်းဝယ်ဖောက် ကားမှုများ၊ တရားမဝင်ပစ္စည်းသယ် ဆောင်လာခြင်းများ ပါဝင်ပါကပြစ်မှု ကြီးနိုင်ကြောင်း ဦးစိန်ဌေး က ဆိုသည်။

ပွဲစားများဖြင့်တရားမဝင်နယ် စပ်ဖြတ်ကျော်ဝင်ရောက်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခြင်းများ သည် အလုပ်သမားထုကြား MoU စနစ်ကို လက်ခံယုံကြည်ပြီး ကာကွယ်စောင့်ရှောက်မှုအပြည့် ပေးနိုင် မှသာ တရားမဝင်နယ်စပ်ဖြတ် ကျော်လုပ်ကိုင်မှု များလျော့နည်း လာမည်ဖြစ်ကြောင်းလည်း အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်း များမှ တူညီစွာသုံးသပ်ပြော ဆိုလျက် ရှိသည်။

ZCH
‎Democracytoday‬

No comments:

Post a Comment