Tuesday 24 February 2015

မုဒိမ်းပြုကျင့်သူအား တွန်းလှန် တိုက်ခိုက်ခဲ့တဲ့ အမျိုးသမီး အသတ် ခံလိုက် ရခြင်း အတွက် အမျိုးသားများ စကတ်တိုဝတ်ကာ ဆန့်ကျင်ဆန္ဒပြ

ဓားဖြင့်ထိုး၊ သံချောင်းဖြင့် ရိုက်ကာ အသတ်ခံခဲ့ရတဲ့ အသက် ၂၀ နှစ်အရွယ် တူရကီကျောင်းသူလေး Ozgecan Aslan သေဆုံးခြင်းကြောင့် နိုင်ငံတကာမှာ အမြတ်ဒေါသမီး ပွင့်ထွက်လာခဲ့ပါတယ်။ အမျိုး သမီးတွေရဲ့ အခွင့်အရေး ထောက်ခံအားပေးတဲ့ သင်္ကေတတစ်ခု အနေနဲ့ အမျိုးသားတွေက “wear a miniskirt for Ozgecan” အိုစ်ဂျီကန်အတွက် စကတ်အတိုဝတ်ကြ ဆိုတဲ့ အမှတ်အသား သင်္ကေတ စာသားပါ စကတ်အတိုတွေ ဝတ်ပြီး သူတို့ပုံတွေကို အင်တာနက်ပေါ် တင်ခဲ့ကြောင်း သိရပါတယ်။
ဒီလို ဆန္ဒပြဖော်ထုတ်ခြင်းကို တူရကီနိုင်ငံမှာ ဗုဒ္ဓဟူးနေ့က စတင်ခဲ့တာဖြစ်ပြီး တစ်ကမ္ဘာလုံး အမျိုးသား၊ အမျိုးသမီးအပါအဝင် လူအယောက် ၁၅၀၀ သို့ လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ကြောင်း ဘီဘီစီသတင်း ထုတ်ပြန် ချက်အရ သိရပါတယ်။ တကယ်လို့ ဒီစည်းရုံးလှုံ့ဆော်မှု ထိရောက်အောင်မြင်ပြီး အကျိုး သက်ရောက်မှုရှိခဲ့ပါက ရှေ့ဆက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆိုပါတယ်။ Aslan ရဲ့အလောင်းကို သူမ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီး (၂) ရက်အကြာ၊ ချောင်းငယ်တစ်ခုမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီ (၁၄) ရက် ချစ်သူများနေ့မှာ ပစ်ထားခံခဲ့ရတာဖြစ်ပါတယ်။

Ref: Cosmopolitan
Trend Myanmar 

No comments:

Post a Comment