Tuesday 24 February 2015

တန်တစ်ရာကျော်လေးသည့် ပစ္စည်းများသယ်ရန်ရှိသဖြင့် အမြန်လမ်းရှိ တံတားများကို ဒေါက်တိုင်များဖြည့်သွင်း

အစိုးရက တန်တစ်ရာအလေးချိန်ရှိ ပစ္စည်းများသယ်ဆောင်မည်ဖြစ်သောကြောင့် ရန်ကုန်-မန္တလေး အမြန် လမ်းရှိ တံတားများ ကွေးညွတ်မသွားစေရန် ဒေါက်တိုင်များ ထောက်ပေးနေကြောင်း အမြန်လမ်း ပြုပြင် ထိန်းသိမ်းရေးအဖွဲ့က ဖေဖော်ဝါ ရီ တတိယပတ်တွင် ကြေညာထားသည်။

ရန်ကုန်-မန္တလေးအမြန် လမ်းပေါ်တွင် တံတားများ၏ ခံနိုင်ရည်ကြောင့် တန်ချိန် ၈၀ ထက်ပိုသော ယာဉ် များဖြတ်သန်းခြင်းကို ကန့်သတ်ထားကာ ယခုအခါ တန်ချိန် ၁၀၀ အလေးချိန်ရှိ ပစ္စည်းတင်ဆောင် ထားသောယာဉ်များ ဖြတ်သန်းမည်ဖြစ်သည်။

အစိုးရက တန်တစ်ရာ အလေးချိန်ရှိပစ္စည်းများသယ်ဆောင်ရန် အစီအစဉ်ရှိသဖြင့် တံတားအောက်ခံ   သံပေါင်များ မကွေးညွတ်စေရန်   သစ်သား ဒေါက်တိုင်များ လိုက်ထောက်နေ ခြင်းဖြစ်ကြောင်း အမြန်လမ်း ပြု ပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာ အရာရှိက ပြောသည်။

‘‘အရင်လက ဘာသာရေးနဲ့ ဆိုင်တဲ့ စကျင်ဘုရားဆင်းတု တော်တွေ၊ ကုမ္ပဏီကပစ္စည်း တွေ၊ ဆောက်လုပ် ရေး ဆိုင်ရာ ပစ္စည်းတွေသယ်လာလို့ ဒေါက် တိုင်တွေ စထောက်ခဲ့တာပါ။ အခု အစိုးရနဲ့ဆိုင်တဲ့ တန်ပို ပစ္စည်းတွေ တန် ၈၀ ထက်ကျော်တာတွေ သယ်ဖို့ ဒီထက်ပိုတဲ့ယာဉ်တွေ ဖြတ်သန်းဖို့ အစီအစဉ်ရှိနေလို့ပါ။ ပြီးရင် ပြန်ဖြုတ်မှာပါ’’ဟု အထက် ပါအင်ဂျင်နီယာအရာရှိက ပြော သည်။

ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီးရှိ တံတားများတွင် ဒေါက်ထောက်မှုလုပ်ငန်းဆောင် ရွက်နေမှုအပေါ် အများပြည်သူအနေဖြင့် စိုးရိမ်ပူပန်မှုမရှိရန် အမြန်လမ်းပြုပြင်ထိန်းသိမ်းရေး အဖွဲ့က အသိပေးချက် ထုတ်ပြန်ထားသည်။

လက်ရှိသယ်ဆောင်မည့် တန်တစ်ရာအလေးချိန်ရှိ ပစ္စည်း များနှင့်ပတ်သက်၍ မည်သည့် ပစ္စည်းများဖြစ်ပြီး မည်သည့် အချိန်များတွင် သယ်ဆောင်မည် ဆိုသည်ကိုမူ ပြန်လည်ဖြေကြား ခြင်းမရှိပေ။

အမြန်လမ်းပေါ်တွင် ဘာသာရေးဆိုင်ရာ   ရုပ်ပွားတော်၊ ဆင်းတုတော်ကြီးများ၊ စက်ရုံ အလုပ်ရုံများ တည် ဆောက်ရေးဆိုင်ရာ စက်ပစ္စည်းများ သယ်ဆောင်လေ့ရှိရာတွင် တံတားသံပေါင်များ ကွေးညွတ်မှု မရှိစေရန် အထက်ပါအတိုင်းဆောင်ရွက် လေ့ရှိကြောင်း သိရသည်။

7Day DAILY

No comments:

Post a Comment