Tuesday 24 February 2015

လောက်ကိုင်ဒေသခံ ကျောင်းသားများ တက္ကသိုလ်ဝင်စာမေးပွဲကို ရောက်ရှိရာဒေသတွင် ဖြေဆိုနိုင်မည်

လောက်ကိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုရန် စာရင်းသွင်းထားသော ကျောင်းသား ၁၁၆ ဦး အနေဖြင့် မိမိတို့ရောက်ရှိရာဒေသရှိ စာစစ်ဌာနများ၌ ၀င်ရောက်ဖြေဆိုနိုင်ကြောင်း ပညာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။

ကိုးကန့်   စစ်ဘေးရှောင် ကျောင်းသားများအတွက် ကွမ်းလုံမြို့တွင် သီးခြားစာစစ်ဌာနဖွင့်လှစ်မည်ဖြစ်ပြီး   အခြားဒေသများသို့ ရောက်ရှိနေသော ကျောင်းသားများအတွက် ယင်းဒေသရှိ စာစစ် ဌာန၌   ၀င်ရောက် ဖြေဆိုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးမည် ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

‘‘ကျောင်းသားတွေကတော့ ဟိုရောက်၊ ဒီရောက်ဖြစ်နေမှာပဲ လေ။ လောက်ကိုင်ဒေသက ကျောင်းသားတွေ ဘယ်ဒေသ ရောက်ရောက် တက္ကသိုလ်စာမေး ပွဲဝင်ရောက်ဖြေဆိုနိုင်အောင် စီစဉ်ဆောင်ရွက်ပေးမှာပါ။ ဒီလိုဆောင်ရွက်တာ ပထမဆုံးအကြိမ် ပါပဲ’’ဟု မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

လောက်ကိုင်စာစစ်ဌာန တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေ ဆိုရန် စာရင်းသွင်းထားသော ကျောင်းသား များသည် မိမိဝင် ရောက်ဖြေဆိုလိုသော စာစစ်ဌာနနှင့် သက်ဆိုင်ရာ  မြို့နယ်ပညာ ရေးမှူးနှင့် ဆက်သွယ်၍ ဆောင် ရွက်ရမည် ဖြစ်သည်။

၂၀၁၄-၂၀၁၅ တက္ကသိုလ် ၀င်စာမေးပွဲများကို မတ်လ ၁၁ ရက်မှ ၂၀ ရက်ထိ ကျင်းပပြုလုပ်ရန် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပြီး ကိုးကန့်ဒေသတိုက်ပွဲကြောင့် လောက်ကိုင်စာစစ် ဌာန တွင် ဖြေဆိုရန် စာရင်းသွင်းထားသော ကျောင်းသားများအနေဖြင့် အခြားစာစစ်ဌာနများတွင် ပြောင်းရွှေ့ ဖြေဆိုရမည့် အခြေအနေဖြစ်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း)လောက်ကိုင်ဒေသတွင် စစ်ဘေး ကြောင့် တိမ်းရှောင်နေရသော သူငယ်တန်းမှ န၀မတန်းအထိ ကျောင်းသားများအတွက် အတန်းဆုံးစာ မေးပွဲများကို သင်္ကြန်အပြီးကာလတွင် ပြန်လည် ကျင်းပပေးမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ထားသည်။

၂၀၁၃ မတ်လတွင် မိတ္ထီလာမြို့၌ ဘာသာရေးပဋိပက္ခဖြစ်ပွားမှုကြောင့် မိတ္ထီလာမြို့ရှိ တက္ကသိုလ်များ၏ စာမေးပွဲများကို ရပ်ဆိုင်းလိုက်ရပြီး   ဒသမတန်း ကျောင်းသားများမှာ တက္ကသိုလ် ၀င်တန်း ဘောဂဗေဒစာမေးပွဲကို နေရာရွှေ့ပြောင်းဖြေဆိုခဲ့ရသည်။

7Day DAILY

No comments:

Post a Comment