Tuesday 24 February 2015

ဖားကန့်တွင် နယ်မြေတည်ငြိမ်အေးချမ်း လာသည့်အတွက် ကျောက်စိမ်း တူးဖော်ရေး လုပ်ငန်းများ ပြန်လည်လုပ်ကိုင်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယခုအခါ တည်ငြိမ်အေးချမ်းလာပြီး ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ များမှ လုပ်ငန်းရှင်များနှင့် ရေမဆေးကျောက်ရှာဖွေသူများလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာကြကြောင်း သိရသည်။

''ဖားကန့်ဒေသမှာ ယခုအခါ တည်ငြိမ်အေးဆေးလာပြီ ဖြစ်တဲ့ အတွက် ကျောက် စိမ်းတူးဖော်ရေး လုပ်ငန်း များလည်း ပြန်လည်လုပ် ကိုင်နေကြပါပြီ။

''ယခင်ကတော့ နယ်မြေမတည် ငြိမ်လို့ဆိုပြီး ကျောက်တူးဖော်ခွင့်တွေ ရပ်နားခိုင်းတော့ ကျောက်တူးဖော် ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်းတွေ က ဒီနေရာမှာပဲထားခဲ့ကြရတာ၊ အခု အဲ့ဒါတွေက အသုံးပြုလို့ မရတော့ ဘူး ပျက်စီးကုန်တယ်လေ။

''အခု ပြန်လုပ်တယ်ဆိုတော့ ကျောက်တူးဖော်ရေးပစ္စည်းတွေ အကြွေးနဲ့ အသစ်ပြန်ဝယ်ရပြန် တယ်။ လုပ်ငန်းရှင်တွေကလဲ ဆုံးရှုံးမှုတွေကများသလို ရင်းနှီးမြှုပ်နှံမှု တွေကလဲများတယ်ဗျာ။ နောက်ဆံ တင်းတင်းနဲ့ အလုပ်လုပ်ရတာ လဲ မကောင်းပါဘူး၊ အချို့ကုမ္ပဏီ တွေဆို အခက်အခဲအမျိုးမျိုးတွေ ကြောင့် လုပ်ငန်းမစနိုင်တာတွေလဲ ရှိကြပါတယ်''ဟု ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

''ဒေသအခေါ် ရေမဆေး ကျောက်ရှာဖွေသူဆိုတာ ကုမ္ပဏီတွေက ရှာဖွေပြီးလို့ စွန့်ပစ်လိုက်တဲ့ မြေစာ တွေထဲ ကနေ ရေ မဆေး ကျောက် ရှာ တဲ့ စိန်တူတို့၊ ပေါက်ပြား (သေး)တို့နဲ့ ကျောက်တင်လာတဲ့ကား (စွန့်ပစ်မြေစာကား)တွေ လာသွန် တာနဲ့ သူ့ထက်ငါအပြိုင် လုကောက် ကြရတယ်၊ အလွန်အန္တရာယ်များ တယ်၊ သတိထားပြီး ကောက်ကြရ တယ်။ ''အခန့်မသင့်ရင် ကားသွန်လို့ ကျလာတဲ့ ကျောက်ခဲတွေက ရေ မဆေးကျောက် ရှာဖွေ သူအပေါ် ထိ မှန်လို့ ဒဏ်ရာရသေဆုံးသည်အထိ ရှိကြပါတယ်။

''ဟိုတုန်းက ရေမဆေးကျောက် ရှာလို့ အထိုက်အလျောက် ကျောက် စိမ်းရကြပေ မယ့် အခုအချိန်မှာ တော့ ရေမဆေးကျောက်ရှာလို့ရ တယ် ဆိုတာက အလွန်နည်းသွားပါပြီ။

''ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီ လုပ်ငန်းရှင်တွေက စွန့်ပစ်မြေစာ များကို အသေးစိတ်ရှာဖွေပြီးမှသာ မြေစာ စွန့်ပစ်ခဲ့ကြတာ မို့ ကျောက် ကောင်းများ အပါနည်းလာကာ ရေ မဆေးကျောက်ရှာဖွေသူတွေအရ နည်းလာပြီး အခက်တွေ့နေကြရ ပါတယ်''ဟု ရှရော်ခကျေးရွာမှ ရေ မဆေးကျောက် ရှာဖွေနေသူ ဦးကို တင့်ကပြောပြသည်။

SNO.PK
Democracytoday

No comments:

Post a Comment