Wednesday 29 October 2014

MPT ထက် အင်တာနက်လိုင်း ကောင်းမွန်သောကြောင့် အောင်လံမြို့တွင် အော်ရီဒူးသုံးစွဲသူ မြင့်တက်နေ

အင်တာနက်လိုင်းပါ တစ်ခါတည်း ပါရှိပြီး အင်တာနက်အသုံးပြုခြင်း ကောင်းမွန်နေသည့်အတွက် မကွေး တိုင်းဒေသကြီး အောင်လံမြို့တွင် အော်ရီဒူးဖုန်းကတ်များနှင့် ငွေဖြည့်ကတ်များ အရောင်းသွက်နေကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရသည်။

''အော်ရီဒူးက အခုအောင်လံ မြို့ပေါ်မှာ အသုံးပြုရတာအဆင် ပြေပါတယ်။ အင်တာနက်လိုင်းကလဲ MPT ထက်ကောင်းတယ်။ အခုထပ် ပြီး ငွေသုံးထောင်ဖြည့်ရင် မိနစ် တစ်ထောင်အပိုနဲ့ sms တစ်ထောင် အပိုရမှာဆိုတော့ ဖုန်းကတ်နဲ့ငွေဖြည့် ကတ်တွေ ပိုရောင်းနေရပါတယ်''ဟု ဖုန်းအရောင်းဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

အောင်လံမြို့တွင် အော်ရီဒူး ဖုန်းကတ်များကို ကျပ်တစ်ထောင့် ငါးရာဖြင့် ဖုန်းဆိုင်များတွင် လွယ်ကူစွာ ဝယ်ယူ ရရှိကာ MPT ဖုန်း ကတ်များမှာ ကျပ်နှစ်သောင်းထိ ဖြစ်ပေါ်နေဆဲဖြစ်ပြီး တယ်လီနော ဖုန်းကတ် များအား ဒီဇင်ဘာကျမှ သာ ရောင်းချပေးနိုင်မည်ဖြစ် ကြောင်း သိရသည်။

'' MPT က ခုထိဈေးကမြင့်နေ တဲ့အပြင် အင်တာနက်ကမပါဘူး။အဲဒါကို ဘာဖြစ်လို့ဈေးကို ချမရောင်း တာလဲဆိုတာ မေးခွန်းထုတ်စရာပါ။ WCDMA ဖုန်းကတ်ဆိုရင် ကျပ်သုံး သောင်း ကျော်ဈေးရှိနေပါတယ်။ ခုတော့ အော်ရီဒူးကအဆင်ပြေနေ ပါတယ်''ဟု စမ်းချောင်းရပ်ကွက်နေ သူတစ်ဦးက ပြောသည်။

အောင်လံမြို့တွင် အော်ရီဒူး ဖုန်းကတ်ထည့်သွင်းအသုံးပြုရသော ဖုန်းများ အများဆုံးရောင်းချနေရ ကြောင်းနှင့် နှစ်ကတ်ထည့်သွင်းရ သောဖုန်းများလည်း အရောင်းသွက် ကြောင်းသိရသည်။

Yangon Media Group

No comments:

Post a Comment