Wednesday 29 October 2014

အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်

Photo: အနာဂတ်တွင် IS အုပ်စု အင်အားပိုကြီးလာမည်ဟု ဂျာမန် ထောက်လှမ်းရေး ဟောကိန်းထုတ်
Wednesday, october 29, 2014

အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန်နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင်လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်းမရှိဘဲ အနာဂတ် ကာလတွင် အင်အား ပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက်လှမ်းရေးအဖွဲ့က သတိပေး ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ်ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည်ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံတွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက်မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက်ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။

The Voice Weekly
အီရတ်နှင့် ဆီးရီးယားတို့တွင် ခြေကုပ်ယူ လှုပ်ရှားနေသည့် အစ္စလာမ္မစ်နိုင်ငံတော် IS အုပ်စုကို အမေရိကန် နှင့် မဟာမိတ်များက ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ပြုလုပ်နေသော်လည်း အဆိုပါ အုပ်စုသည် အနာဂတ်ကာလတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ကောင်းစွာ လုပ်ဆောင်နိုင် လိမ့်မည်သာ ဖြစ်သည်ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့ (BND) ကထုတ်ဖော် ပြောဆိုလိုက် ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။

အီရတ်နိုင်ငံတွင် အီရတ် လုံခြုံရေးတပ်ဖွဲ့များက IS အုပ်စုများ သိမ်းပိုက်ထားသည့် နယ်မြေများကို ပြန်လည်ရယူရန် အစွမ်းကုန် ကြိုးပမ်းနေပြီး အမေရိက ဦးဆောင်သော မဟာမိတ်တို့က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အစွမ်းကုန် လုပ်ဆောင်နေသော်လည်း IS ၏စစ်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိဘဲ အနာဂတ်ကာလတွင် အင်အားပိုမိုကြီးထွားလာမည် ဖြစ်သည်ဟု ဂျာမနီနိုင်ငံ၏ ပြည်ပ ထောက် လှမ်း ရေး အဖွဲ့က သတိပေး ပြောကြားသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း အစ္စလာမ္မစ် စစ်သွေးကြွဦးရေ သိသိသာသာ တိုးပွားလာလျက်ရှိပြီး ၎င်းတို့သည် အီရတ်နှင့် ဆီးရီးယားရှိ IS အုပ်စုများနှင့် ပူးပေါင်းရန် အသင့်ရှိနေကြကြောင်း၊ သို့အတွက်ကြောင့် ဂျာမနီနိုင်ငံတွင်း လမ်းမများပေါ်တွင် ပြိုင်ဘက် အစွန်းရောက်အုပ်စုများ အကြမ်းဖက်မှုနှင့် ပဋိပက္ခ ဖြစ်မှု များ ပေါ်ပေါက်လာနိုင်ကြောင်း ယင်းထောက်လှမ်းရေးအဖွဲ့ ကသတိပေး ပြောကြားသည်။

“အီရတ်နိုင်ငံတွင် နိုင်ငံရေးနှင့် လုံခြုံရေး လစ်ဟာမှု ဆက်လက်တည်ရှိနေခြင်းက လာမည့် အနာဂတ် ကာလတွင် အစွန်းရောက် အုပ်စုများနှင့် အကြမ်းဖက်သမားများ ပိုမိုကြီးထွား လာစေလိမ့်မည်” ဟု ဂျာမန် နိုင်ငံခြား ထောက်လှမ်းရေးအဖွဲ့(BND) ကကြေညာချက် ထုတ်ပြန်သည်။

ဆီးရီးယားနိုင်ငံနှင့် တူရကီနယ် စပ်ဒေသအကြား IS အုပ်စုများနှင့် ကာ့ဒ်တပ်ဖွဲ့များ တိုက်ခိုက်နေမှုများကို ကြည့်မည် ဆိုလျှင် စစ်သွေးကြွများ၏ တိုက်ခိုက်ရေး စွမ်းအင်မှာ ကျဆင်းသွားခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

BND ၏ညီနောင် အဖွဲ့အစည်း တစ်ခုဖြစ်သော BfV အမည်ရ ထောက်လှမ်းရေး အေဂျင်စီအဆိုအရ ဂျာမနီနိုင်ငံ တွင်း အစွန်းရောက် အစ္စလာမ္မစ်များ ကြီးထွားလျက် ရှိကြောင်း၊ IS ကဲ့သို့ အစွန်းရောက် အစ္စလာမ္မစ်များနှင့် ပူးပေါင်းရန် ဂျာမနီနိုင်ငံမှ ထွက်ခွာသွားသူ ဦးရေ ၄၅၀ ခန့်ရှိကြောင်း သိရသည်။

ထို့ပြင် ဂျာမနီနိုင်ငံတွင်း နေထိုင်လျက်ရှိသည့် ချေချင်းလူမျိုး များသည်လည်း သဘောထား တင်းမာသော အစ္စလာမ္မစ်အုပ်စုများနှင့် ပူးပေါင်းခဲ့ကြပြီး ထိုသို့ပူးပေါင်းရန် သိမ်းသွင်းခံရသူ အများစုမှာ အကြမ်းဖက် မှုတွင် တက်ကြွသူများ ဖြစ်ကြသည်။

“သဘောထားတင်းတဲ့ ဆာလဖီတွေက IS အတွက်လူစုတယ်။ ကာ့ဒ်အလုပ်သမားပါတီက IS တွေကို တိုက်ခိုက် ဖို့ လူစုနေတယ်” ဟု BfV အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ ဟန်စ်ဂျော့ရှ်မာဆန်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment