Wednesday 29 October 2014

မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်

Photo: မြန်မာယူ-၁၉ အသင်းအတွက် ဂုဏ်ပြုမည့် တေးဂီတ ဖျော်ဖြေပွဲ နိုင်ဝင်ဘာ (၂)ရက်တွင် ကျင်းပမည်
Wednesday, october 29, 2014

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပသွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က“ကျွန် တော်တို့ ယူ-၁၉အသင်းဟာ နိုဝင်ဘာ (၁) ရက်နေ့ နံနက်ပိုင်း မှာမြို့တွင်းကို လှည့် လည်အောင် ပွဲခံ ဖို့စီစဉ် ထားပါတယ်။ ဒါ့အပြင်နိုင်ဝင်ဘာ (၂) ရက်နေ့ညနေပိုင်းမှာတော့ ဂီတဖျော်ဖြေပွဲတစ်ခုကျင်း ပသွားမှာပါ။ ပါဝင်မယ့် အဆိုတော်တွေနဲ့ ဘယ်တီးဝိုင်းတွေဖြစ်မလဲဆိုတာကိုတော့တိုင်ပင်နေတုန်းပါပဲ။

ဒီပွဲမှာ ပရိသတ်တွေဆီက ၀င်ကြေးကောက်ခံသွားမှာဖြစ်ပြီး ရရှိမယ့် ၀င်ငွေအားလုံးကို ယူ-၁၉အ သင်းကို ဂုဏ်ပြုဆုငွေ အဖြစ်ပေးအပ်သွားမှာပါ”ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင် ခဲ့သောကြောင့် လမည့်နှစ်တွင်နယူးဇီလန်နိုင်ငံ၌ကျင်းပမည့်ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့ညနေပိုင်းတွင်လည်း ယူ-၁၉ အသင်းကိုသီးသန့် ဂုဏ်ပြုပွဲ တစ်ပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘလ(၂) ရက်နေ့တွင်ကျင်းပမည့်ဂီတဖျော်ဖြေပွဲ၏လက်မှတ်ခများကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ဦးစိုးမိုးကျော်က ထပ်မံပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပါဝင်မည့် အဆိုတော်များကို အတည်မပြုနိုင်သော်လည်း TheTree Band နှင့်အတူလင်းလင်း၊ ဟန်ထွန်း၊ သအို၊ဂျီလတ်၊ ချစ်သုဝေ အစရှိသော အဆိုတော်များ ပါဝင်သီဆိုဖျော်ဖြေဖွယ် ရှိနေ သည်။

Mizzima - News in Burmese
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားအားကစားပြိုင်ပွဲရုံ -၁(သုဝဏ္ဏ) တွင် ဂီတ ဖျော်ဖြေပွဲကျင်းပ သွားမည်ဖြစ်ပြီး ရရှိမည့်ဝင်ငွေများကို ကမ္ဘာ့ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ခွင့် ရရှိခဲ့ သောမြန်မာ ယူ-၁၉ အသင်းကို ဂုဏ်ပြုဆုငွေ အဖြစ် ပေးအပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် မီဒီယာ ဒါရိုက်တာ ဦးစိုးမိုးကျော်က“ကျွန် တော်တို့ ယူ-၁၉အသင်းဟာ နိုဝင်ဘာ (၁) ရက်နေ့ နံနက်ပိုင်း မှာမြို့တွင်းကို လှည့် လည်အောင် ပွဲခံ ဖို့စီစဉ် ထားပါတယ်။ ဒါ့အပြင် နိုင်ဝင်ဘာ (၂) ရက်နေ့ညနေပိုင်းမှာတော့ ဂီတဖျော်ဖြေပွဲတစ်ခုကျင်း ပသွားမှာပါ။ ပါဝင်မယ့် အဆိုတော် တွေ နဲ့ ဘယ်တီးဝိုင်းတွေဖြစ်မလဲဆိုတာကိုတော့တိုင်ပင်နေတုန်းပါပဲ။

ဒီပွဲမှာ ပရိသတ်တွေဆီက ၀င်ကြေးကောက်ခံသွားမှာဖြစ်ပြီး ရရှိမယ့် ၀င်ငွေအားလုံးကို ယူ-၁၉အ သင်းကို ဂုဏ်ပြုဆုငွေ အဖြစ်ပေးအပ်သွားမှာပါ”ဟု မဇ္စျိမသို့ ပြောသည်။

မြန်မာယူ-၁၉ အသင်းသည် အာရှယူ-၁၉ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့တက်ရောက်နိုင် ခဲ့သောကြောင့် လမည့်နှစ်တွင်နယူးဇီလန်နိုင်ငံ၌ကျင်းပမည့်ကမ္ဘာ့ ယူ-၂၀ ပြိုင်ပွဲသို့ ၀င်ရောက်ယှဉ် ပြိုင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အနေဖြင့် နိုဝင်ဘာလ(၁)ရက်နေ့ညနေပိုင်းတွင်လည်း ယူ-၁၉ အသင်းကို သီးသန့် ဂုဏ်ပြုပွဲ တစ်ပွဲပြုလုပ်သွားမည်ဖြစ်သည်။

ထို့အပြင်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် နိုဝင်ဘလ(၂) ရက်နေ့တွင်ကျင်းပမည့် ဂီတဖျော်ဖြေပွဲ၏ လက်မှတ်ခများကိုလည်းအတည်ပြုနိုင်ခြင်းမရှိသေး ကြောင်း ဦးစိုးမိုးကျော်က ထပ်မံပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် ပါဝင်မည့် အဆိုတော်များကို အတည်မပြုနိုင်သော်လည်း TheTree Band နှင့်အတူလင်းလင်း၊ ဟန်ထွန်း၊ သအို၊ဂျီလတ်၊ ချစ်သုဝေ အစရှိသော အဆိုတော်များ ပါဝင် သီဆို ဖျော်ဖြေဖွယ် ရှိနေ သည်။

Mizzima - News in Burmese

No comments:

Post a Comment