Wednesday 29 October 2014

ကမ္ဘာအေး လူကူးခုံးကျော်တံတား ဒီဇင်ဘာတွင် ၅၀ ရာခိုင်နှုန်း အပြီးသတ်မည်

Photo: ကမ္ဘာအေး လူကူးခုံးကျော်တံတား ဒီဇင်ဘာတွင် ၅၀ ရာခိုင်နှုန်း အပြီးသတ်မည်
Wednesday, october 29, 2014

စက်လှေကားနှစ်စင်း ထည့်သွင်း ဆောက်လုပ်မည့် ကမ္ဘာအေး လူကူး ခုံးကျော် တံတား ဆောက်လုပ်မှုသည် လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သဖြင့် ဒီဇင်လအတွင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းလူကူး ခုံးကျော်တံတားသည် ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် ဆောက်လုပ် သော လူကူးခုံးကျော်တံတား သုံးစင်းအနက် တတိယမြောက် တံတားဖြစ်ကာ တံတားအရှည် ၈၅ ပေ၊ ကင်းလွတ်အမြင့် ၁၈ ပေ၊ လျှောက်လမ်းအကျယ် ရှစ်ပေဖြင့် ဆောက်လုပ်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လူသွားလူလာ အများဆုံး နေရာတွေကို ရွေးချယ်ပြီးတော့ လူကူးတံတား ဆောက်တာပါ။ လာမယ့် နှစ်ထဲမှာလည်း လိုအပ်ရင် လိုအပ်တဲ့ နေရာတွေကို ထပ်လုပ်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယခုနှစ်အတွင်း ဆောက်လုပ်ခဲ့သော လူကူး ခုံးကျော်တံတား သုံးစင်းအနက် ခရေပင် လမ်းဆုံအနီးရှိ လူကူး ခုံးကျော်တံတားသည် ဇူလိုင်လ အတွင်းက ပြီစီးခဲ့ပြီး၊ ပန်းဆိုးတန်း ခုံးကျော်တံတားသည် နိုင်ဝင်ဘာ လကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း၊ တံတားသုံးစင်းအတွက် အသုံးပြု ဘတ်ဂျက်ကို လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားသည်။

“ဂမုန်းပွင့်က ဈေးဝယ်သူတွေ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ အမြဲတမ်း ရှုပ်နေ တာ လူကူးတံတား ဆောက်တာအပြင် စည်းကမ်းမဲ့ လိုင်းကားတွေ၊ တက္ကစီတွေ နဲ့ ဖြစ်သလို လမ်းကူးတဲ့ သူတွေကိုလည်း စောင့်ကြည့် ဒဏ်ရိုက်တာမျိုးတွေ လည်း လုပ်သင့်တယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အငှားယာဉ် မောင်း ဦးမြင့်နိုင် က ဆိုသည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက် အောက် တွင် လူကူး ခုံးကျော်တံတား ရှစ်စင်းနှင့် ဆောက်လုပ်ဆဲ လူကူး ခုံးကျော် တံတား နှစ်စင်းရှိကြောင်း အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly
စက်လှေကားနှစ်စင်း ထည့်သွင်း ဆောက်လုပ်မည့် ကမ္ဘာအေး လူကူး ခုံးကျော် တံတား ဆောက်လုပ်မှု သည် လက်ရှိအချိန်တွင် ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်သဖြင့် ဒီဇင်လအတွင်းတွင် အပြီးသတ်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

ယင်းလူကူး ခုံးကျော်တံတားသည် ယခုဘဏ္ဍာရေးနှစ် အတွင်းတွင် ဆောက်လုပ် သော လူကူးခုံးကျော် တံတား သုံးစင်းအနက် တတိယမြောက် တံတားဖြစ်ကာ တံတားအရှည် ၈၅ ပေ၊ ကင်းလွတ်အမြင့် ၁၈ ပေ၊ လျှောက်လမ်းအကျယ် ရှစ်ပေဖြင့် ဆောက်လုပ်လျက် ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လူသွားလူလာ အများဆုံး နေရာတွေကို ရွေးချယ်ပြီးတော့ လူကူးတံတား ဆောက်တာပါ။ လာမယ့်နှစ် ထဲမှာလည်း လိုအပ်ရင် လိုအပ်တဲ့ နေရာတွေကို ထပ်လုပ်ဖို့ ရှိပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ယခုနှစ်အတွင်း ဆောက်လုပ်ခဲ့သော လူကူး ခုံးကျော်တံတား သုံးစင်းအနက် ခရေပင် လမ်းဆုံအနီးရှိ လူကူး ခုံးကျော်တံတားသည် ဇူလိုင်လ အတွင်းက ပြီစီးခဲ့ပြီး၊ ပန်းဆိုးတန်း ခုံးကျော်တံတားသည် နိုင်ဝင်ဘာ လကုန်ပိုင်းတွင် ပြီးစီးမည် ဖြစ်ကြောင်း၊ တံတားသုံးစင်းအတွက် အသုံးပြု ဘတ်ဂျက်ကို လက်ရှိအချိန်တွင် ထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း အင်ဂျင်နီယာဌာနက ထုတ်ပြန်ထားသည်။

“ဂမုန်းပွင့်က ဈေးဝယ်သူတွေ လိုင်းကားတွေ၊ တက္ကစီတွေနဲ့ အမြဲတမ်း ရှုပ်နေ တာ လူကူးတံတား ဆောက် တာအပြင် စည်းကမ်းမဲ့ လိုင်းကားတွေ၊ တက္ကစီတွေ နဲ့ ဖြစ်သလို လမ်းကူးတဲ့ သူတွေကိုလည်း စောင့်ကြည့် ဒဏ်ရိုက်တာမျိုးတွေ လည်း လုပ်သင့်တယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အငှားယာဉ် မောင်း ဦးမြင့်နိုင် က ဆိုသည်။

လက်ရှိ အချိန်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ လက် အောက် တွင် လူကူး ခုံးကျော် တံတား ရှစ်စင်းနှင့် ဆောက်လုပ်ဆဲ လူကူး ခုံးကျော် တံတား နှစ်စင်းရှိကြောင်း အင်ဂျင်နီယာဌာန၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment