Wednesday 29 October 2014

KIA နှင့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများ၏ နောက်ကွယ်မှ ဆက်နွယ်မှုများအား အသိပေးရေးသားခြင်း

Photo: KIA နှင့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများ၏ နောက်ကွယ်မှဆက်နွယ်မှုများအား အသိပေးရေးသားခြင်း
Wednesday, october 29, 2014.

လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ လိုင်ဇာမြို့တွင် တပ်စွဲထားသော ကချင်ပြည်နယ်လွတ်မြောက် ရေးတပ်မတော် (KIA) သည် မြန်မာအစိုးရတပ်များဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း အဆင်မပြေမှုများစွာဖြင့် ထပ်မံကြန့်ကြာနေကြောင်းကိုလဲ တွေ့မြင်ရသည်။
ကျွန်တော်သည် တရုတ်နိုင်ငံဖွား မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး China နိုင်ငံနှင့်အနောက်အင်အားကြီးနိုင်ငံတစ်ချို့၏ နိုင်ငံရေး မဟာဗျူဟာများကိုလည်း စိတ်ဝင်တစားလေ့လာနေသူတစ်ဦးဖြစ်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာအရ မြန်မာနိုင်ငံမြောက်ဖျားရှိ KIA တပ်ဖွဲ့အား ကူညီထောက်ပံ့ပေးမှုမှာ တရုတ်နိုင်ငံအတွက် ထိရောက်သော ကာကွယ်မှုတစ်ခုအဖြစ် ကျွန်ပ်သုံးသပ်မိပါသည်။ သို့သော် KIA အပေါ်တွင် ယုံကြည်စွာဆက်ဆံခြင်း မပြုရန် တရုတ်အစိုးရထံသို့ ကျွန်ပ်အနေဖြင့်တောင်းဆိုလိုပါသည်။ ယခုအခါတွင် KIA အနေဖြင့် တရုတ်အစိုးရ၏ အလုံးစုံသော ကူညီထောက်ပံ့မှုများကိုရယူထားသော်ငြားလည်း တရုတ်နိုင်ငံ၏ အင်အားစုတစ်ရပ်အဖြစ်ရပ်တည် နေခြင်းမဟုတ်ပေ။ ၄င်းတို့အဖွဲ့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် မည်သည့်အဖွဲ့စည်းနှင့်မဆို ပူးပေါင်းလျက်ရှိ နေကြောင်းကိုလည်း ကျွန်ပ်တွေ့မြင်သိရှိရသည်။ ယခုအခါတွင် KIA အနေဖြင့် မွတ်စလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့များနှင့်ပါဆက်သွယ်လှုပ်ရှားလျှက်ရှိနေခြင်းမှာ အနာဂတ်အတွက် ကောင်းမွန်သည့်အလားအလာတစ်ခုမဟုတ်ပေ။

KIA သည် ယခုဆိုလျှင်ဖြင့် မွတ်စလင်အဖွဲ့အစည်းပေါင်းစုံနှင့် တိုးတိုး၊ ကျယ်ကျယ် ဆက်ဆံလာသည်မှာခြေလှမ်း စိတ်လာပြီဖြစ်ပေသည်။ တစ်လောက ရိုဟင်ဂျာ အမျိုးသားလုံခြုံရေး ကော်မတီ (RNSC) အဖွဲ့မှ ယူနွတ်နှင့် တာဝန်ရှိသူ များသည် KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် တို့နှင့် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပေသည်။ ဆွေးနွေးခဲ့ကြသည်မှာ ကချင်ပြည်နယ်ရှိ KIA နယ်မြေဒေသ အတွင်းတွင် စစ်သင်တန်း ဖွင့်လှစ်ခွင့် ပေးရန်အတွက်သာဖြစ်ပေသည်။ မွတ်စလင်အဖွဲ့များသည် ယခုအကြိမ်မှ တောင်းဆိုခဲ့ကြသည် မဟုတ်ပေ ယခင်အခါ များကလည်း RSO အဖွဲ့ဝင်များ ဘဂါင်္လီသောင်းကျန်းသူများနှင့် KIA မှ ဗိုလ်မှူးကြီးဂျိမ်းစ်တို့ တွေ့ဆုံဆွေးနွေး ကာကချင်ပြည်နယ်အတွင်း မွတ်စလင်လက်နက်ကိုင် အဖွဲ့အစည်းများအား တပ်နေရာ ချထားပေးရန်တောင်းဆိုခဲ့သည့် သတင်းသည် အင်တာနက်သတင်းများပေါ်ပျံ့နှံ့ခဲ့သဖြင့် အားလုံးကမေးခွန်း ထုတ်စရာဖြစ်ခဲ့ရပေသည်။

KIA ခေါင်းဆောင်ပိုင်းများအနေဖြင့် ထိုအကြောင်းအရာများနှင့်ပက်သက်ပြီး မဟုတ်မှန်ကြောင်း တရုတ်အစိုးရထံသို့လာ ရောက်ဖြေရှင်းတင်ပြခဲ့ခြင်းမှာလည်းလိမ်လည်မှုတစ်ခုသာပေသည်။ ၄င်းတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် နောက်ကွယ်တွင်ဆက်နွယ်နေခြင်းမှာ ဖုံးမရဖိရသည့် အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပေသည်။ ထို့အတူ တစ်လောက ကြားသိခဲ့ရသည့်သတင်းအရ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်စစ်သွေးကြွ အဖွဲ့များဖွင့်လှစ်သင်ကြားသော သင်တန်းသို့ မြန်မာပြည်မှ ဘင်္ဂါလီစစ်သွေး ကြွများအားစေလွှတ်ခဲ့ရာ ထိုစစ်သည်များသည် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ ထွက်ခွာခဲ့ကြောင်းကိုလည်း သိရှိခဲ့ရသည်။

တရုတ်အစိုးရအနေဖြင့်လည်း တစ်ကမ္ဘာလုံးရှုံ့ချနေသည့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများအားလက်ခံနိုင်ခြင်း မရှိသည်မှာကောင်းမွန်ပေသည်။ သို့သော် KIA ဆိုသည်မှာ သာပေါင်းညာစားအဖွဲ့အစည်း တစ်ခုသာဖြစ်ပေသည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင် KIA ဒုဦးစီးချုပ် ဂွမ်မော်အနေဖြင့် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာလည်းသွေးရိုးသားရိုးမဟုတ်ခဲ့ပါ။
ယခုရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်သော ၈ ဦးပါအဖွဲ့ သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ ကစ်သလစ်ဘာသာဝင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှဓမ္မဆရာများ အစရှိသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စစ်ပွဲကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒုက္ခသည်ကိစ္စများကို မေးမြန်းဆွေးနွေး ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုအဖွဲ့အစည်းများအနက်အချို့အဖွဲ့များမှာ ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့နှင့် အဆက် အသွယ်ရှိသော အဖွဲ့အစည်းများသာဖြစ်ကြပေသည်။ အမေရိကန်အနေဖြင့် ယခုလိုရည်ရွယ်ချက်ရှိရှိဖြင့် ကချင်ပြည် နယ်သို့လာရောက်ကာဆွေးနွေးခဲ့ သည်မှာလည်း တရုတ်အစိုးရအတွက် ရင်လေးစရာတစ် ခုဖြစ်ပေသည်။

ထပ်မံကြားသိရသောသတင်းများအရ အာဖဂန်နစ္စတန်နိုင်ငံတွင် ဖမ်းဆီးရမိသော တရုတ်မွတ်စလင်အကြမ်းဖက်သမား များမှာလည်း KIA ၏ လိုင်ဇာနယ်မြေမှ အခြေပြုထွက်ခွာခဲ့သည်ဟုဆိုပေသည်။ထို့အပြင် ကမ္ဘာ့နိုင်ငံများကပါ ဆန့်ကျင် ၍တိုက်ခိုက်နေသော ISIS အဖွဲ့များအတွင်းတွင် လိုင်ဇာမှသွားရောက်သည့် မွတ်စလင် အဖွဲ့အစည်းများရောက်ရှိ နေခြင်းမှာလည်း တရုတ်အစိုးရအတွက်များစွာ စိုးရိန်ဖွယ်ရာဖြစ်ပေသည်။ ထို့အတူ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ တွင်မွတ်စလင် အကြမ်းဖက်အဖွဲ့အစည်းများစွာရှိနေပြီး ထိုအဖွဲ့များသည် တရုတ်အစိုးရအား ဒုက္ခပေးနိုင်သောအဖွဲ့ အစည်းများဖြစ်သည်ကို သိရှိပြီးဖြစ်ပေလိမ့်မည်။ ၄င်းအဖွဲ့အများအနေဖြင့် ယခုအခါတွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်သို့ အ၀င်အထွက်စိတ်လာပြီး ၄င်းတို့၏ ဆက်ဆံရေးမှာလည်းပိုမို တိုးတက်လာသည်ကိုသိရှိရသည်။

ထို့အပြင် KIA တပ်ဖွဲ့အနေဖြင့် Xingiang ဒေသရှိ Uighurs မွတ်စလင် လူမျိုးစုများနှင့် ဆက်စပ်လျက်ရှိသည် ဟူသော သတင်းမှာလည်း တရုတ်အစိုးရအတွက်များစွာအန္တရာယ်ကြီးမားပေသည်။ Uighurs အကြမ်းဖက်သမား ခွဲထွက်ရေး မွတ်စလင်များအနေဖြင့် KIA နှင့်ဆွေးနွေးမှုများရှိလာခဲ့ခြင်းမှာသံသယဖြစ်ဖွယ်ရှိပြီး အခြေအနေပေးပါက KIA နှင့် ပူးပေါင်းကာ တရုတ်အစိုးရအပေါ်အချိန်မရွေး ဒုက္ခပေးလာနိုင်ကြောင်းကိုလဲ သတိပြုစေချင်ပါသည်။

ထို့ကြောင့် KIA အဖွဲ့အစည်းမှာ အရေးကြုံလာလျှင် မည်သည့်ကျေးဇူးမျက်နှာကိုမျှမထောက်ဘဲ ၄င်းတို့ကိုယ်ကျိုးကို သာကြည့်ရှုမည့် အဖွဲ့ဖြစ်ကြောင်းတွေ့မြင်ရပေသည်။ တရုတ်အစိုးရ၏ အထောက်အပံ့များကိုရယူထားသော်လည်း တရုတ်အားဆန့်ကျင်သည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းနေခြင်း၊ ကမ္ဘာအနှံ့ရှိ မွတ်စလင်အကြမ်းဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းနေခြင်းမှာ တရုတ်နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသောအန္တရာယ်ပေးနိုင်သည့်အဖွဲ့အစည်း တစ်ခုဖြစ်လာကြောင်းကို သတိပေးရေးသားလိုက်ရပါသည်။

Credit>>အောင်ထွန်းဝင်း (ချောင်မစ်)
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံ မြောက်ဖျားဒေသရှိ လိုင်ဇာမြို့တွင် တပ်စွဲထားသော ကချင်ပြည်နယ် လွတ်မြောက် ရေးတပ်မတော် (KIA) သည် မြန်မာအစိုးရတပ်များဖြင့် ပဋိပက္ခများ ဖြစ်ပေါ်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ပေသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုမှာလည်း အဆင်မပြေမှုများစွာဖြင့် ထပ်မံကြန့်ကြာနေကြောင်းကိုလဲ တွေ့မြင်ရသည်။

ကျွန်တော်သည် တရုတ်နိုင်ငံဖွား မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး China နိုင်ငံနှင့်အနောက်အင်အားကြီး နိုင်ငံတစ်ချို့၏ နိုင်ငံရေး မဟာဗျူဟာများကိုလည်း စိတ်ဝင်တစားလေ့လာနေသူတစ်ဦးဖြစ်ပါသည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စစ်ရေးမဟာဗျူဟာအရ မြန်မာနိုင်ငံမြောက်ဖျားရှိ KIA တပ်ဖွဲ့အား ကူညီ ထောက်ပံ့ပေးမှုမှာ တရုတ်နိုင်ငံအတွက် ထိရောက်သော ကာကွယ်မှုတစ်ခုအဖြစ် ကျွန်ပ်သုံးသပ်မိပါသည်။ သို့သော် KIA အပေါ်တွင် ယုံကြည်စွာဆက်ဆံခြင်း မပြုရန် တရုတ်အစိုးရထံသို့ ကျွန်ပ်အနေဖြင့် တောင်းဆိုလိုပါသည်။ ယခုအခါတွင် KIA အနေဖြင့် တရုတ်အစိုးရ၏ အလုံးစုံသော ကူညီထောက်ပံ့မှု များကိုရယူထားသော်ငြားလည်း တရုတ်နိုင်ငံ၏ အင်အားစုတစ်ရပ်အဖြစ်ရပ်တည် နေခြင်းမဟုတ်ပေ။ ၄င်းတို့အဖွဲ့အတွက် အကျိုးဖြစ်ထွန်းစေနိုင်မည့် မည်သည့်အဖွဲ့စည်းနှင့်မဆို ပူးပေါင်းလျက်ရှိ နေကြောင်း ကိုလည်း ကျွန်ပ်တွေ့မြင်သိရှိရသည်။ ယခုအခါတွင် KIA အနေဖြင့် မွတ်စလင် အစွန်းရောက် အကြမ်းဖက် အဖွဲ့များနှင့်ပါဆက်သွယ်လှုပ်ရှားလျှက်ရှိနေခြင်းမှာ အနာဂတ်အတွက် ကောင်းမွန်သည့်အလားအလာ တစ်ခုမဟုတ်ပေ။

KIA သည် ယခုဆိုလျှင်ဖြင့် မွတ်စလင်အဖွဲ့အစည်းပေါင်းစုံနှင့် တိုးတိုး၊ ကျယ်ကျယ် ဆက်ဆံလာသည်မှာ ခြေလှမ်း စိတ်လာပြီဖြစ်ပေသည်။ တစ်လောက ရိုဟင်ဂျာ အမျိုးသားလုံခြုံရေး ကော်မတီ (RNSC) အဖွဲ့မှ ယူနွတ်နှင့် တာဝန်ရှိသူ များသည် KIA စစ်ဦးစီးချုပ် ဂမ်ရှောင်၊ ဒုစစ်ဦးစီးချုပ် အက်စ်ဂွမ်မော် တို့နှင့် KIA ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပေသည်။ ဆွေးနွေးခဲ့ကြသည်မှာ ကချင်ပြည်နယ်ရှိ KIA နယ်မြေဒေသ အတွင်းတွင် စစ်သင်တန်း ဖွင့်လှစ်ခွင့် ပေးရန်အတွက်သာဖြစ်ပေသည်။ မွတ်စလင် အဖွဲ့များသည် ယခုအကြိမ်မှ တောင်းဆိုခဲ့ကြသည် မဟုတ်ပေ ယခင်အခါ များကလည်း RSO အဖွဲ့ဝင်များ ဘဂါင်္လီသောင်းကျန်းသူများနှင့် KIA မှ ဗိုလ်မှူးကြီးဂျိမ်းစ်တို့ တွေ့ဆုံဆွေးနွေးကာ ကချင်ပြည်နယ်အတွင်း မွတ်စလင်လက်နက်ကိုင် အဖွဲ့အစည်းများအား တပ်နေရာချထားပေးရန်တောင်းဆိုခဲ့သည့် သတင်းသည် အင်တာနက်သတင်းများပေါ်ပျံ့နှံ့ခဲ့သဖြင့် အားလုံးကမေးခွန်း ထုတ်စရာဖြစ်ခဲ့ရပေသည်။

KIA ခေါင်းဆောင်ပိုင်းများအနေဖြင့် ထိုအကြောင်းအရာများနှင့်ပက်သက်ပြီး မဟုတ်မှန်ကြောင်း တရုတ်အစိုးရထံသို့လာ ရောက်ဖြေရှင်းတင်ပြခဲ့ခြင်းမှာလည်းလိမ်လည်မှုတစ်ခုသာပေသည်။ ၄င်းတို့အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းများနှင့် နောက်ကွယ်တွင် ဆက်နွယ် နေခြင်းမှာ ဖုံးမရဖိရသည့် အခြေအနေသို့ရောက်ရှိနေပြီ ဖြစ်ပေသည်။ ထို့အတူ တစ်လောက ကြားသိခဲ့ ရသည့် သတင်းအရ အကြမ်းဖက်လုပ်ငန်းများ ပြုလုပ်ရန်အတွက် ပါကစ္စတန်နိုင်ငံရှိ တာလီဘန်စစ်သွေးကြွ အဖွဲ့များဖွင့်လှစ်သင်ကြားသော သင်တန်းသို့ မြန်မာပြည်မှ ဘင်္ဂါလီစစ်သွေး ကြွများအားစေလွှတ်ခဲ့ရာ ထိုစစ်သည်များသည် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်မှ ထွက်ခွာခဲ့ကြောင်းကိုလည်း သိရှိခဲ့ရသည်။

တရုတ်အစိုးရအနေဖြင့်လည်း တစ်ကမ္ဘာလုံးရှုံ့ချနေသည့် မွတ်စလင်အကြမ်းဖက် အဖွဲ့အစည်းများအား လက်ခံနိုင်ခြင်း မရှိသည်မှာကောင်းမွန်ပေသည်။ သို့သော် KIA ဆိုသည်မှာ သာပေါင်းညာစားအဖွဲ့အစည်း တစ်ခုသာဖြစ်ပေသည်။ အမေရိကန်သမ္မတ အိုဘားမား မြန်မာပြည်သို့ လာရောက်ခဲ့ပြီးနောက်ပိုင်းတွင် KIA ဒုဦးစီးချုပ် ဂွမ်မော်အနေဖြင့် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ခြင်းမှာလည်းသွေးရိုးသားရိုးမဟုတ်ခဲ့ပါ။
ယခုရက်ပိုင်းအတွင်းကလည်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး ဒဲရစ်မစ်ချယ်ဦးဆောင်သော ၈ ဦးပါအဖွဲ့ သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ကချင်ပြည်နယ်ရှိ ငြိမ်းချမ်းရေးအဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ တက်ကြွလှုပ်ရှားသူများ၊ ကစ်သလစ်ဘာသာဝင်များ၊ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ ဓမ္မဆရာများ အစရှိသည့် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ စစ်ပွဲကိစ္စများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒုက္ခသည်ကိစ္စများကို မေးမြန်းဆွေးနွေး ခဲ့ကြောင်းသိရှိခဲ့ရပါသည်။ ထိုအဖွဲ့အစည်းများအနက်အချို့အဖွဲ့များမှာ ကချင်ပြည်နယ်ရှိ KIA တပ်ဖွဲ့နှင့် အဆက် အသွယ်ရှိသော အဖွဲ့အစည်းများသာဖြစ်ကြပေသည်။ အမေရိကန်အနေဖြင့် ယခုလိုရည်ရွယ်ချက်ရှိရှိဖြင့် ကချင်ပြည် နယ်သို့လာရောက်ကာဆွေးနွေးခဲ့ သည်မှာလည်း တရုတ်အစိုးရအတွက် ရင်လေးစရာတစ် ခုဖြစ်ပေသည်။

ထပ်မံကြားသိရသောသတင်းများအရ အာဖဂန်နစ္စတန်နိုင်ငံတွင် ဖမ်းဆီးရမိသော တရုတ်မွတ်စလင် အကြမ်းဖက် သမား များမှာလည်း KIA ၏ လိုင်ဇာနယ်မြေမှ အခြေပြုထွက်ခွာခဲ့သည်ဟုဆိုပေသည်။ ထို့အပြင် ကမ္ဘာ့နိုင်ငံများကပါ ဆန့်ကျင် ၍တိုက်ခိုက်နေသော ISIS အဖွဲ့များအတွင်းတွင် လိုင်ဇာမှ သွားရောက်သည့် မွတ်စလင် အဖွဲ့အစည်းများရောက်ရှိ နေခြင်းမှာလည်း တရုတ်အစိုးရအတွက်များစွာ စိုးရိန်ဖွယ်ရာဖြစ်ပေသည်။ ထို့အတူ တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီမြို့ တွင်မွတ်စလင် အကြမ်းဖက် အဖွဲ့အစည်းများစွာရှိနေပြီး ထိုအဖွဲ့များသည် တရုတ်အစိုးရအား ဒုက္ခပေးနိုင်သောအဖွဲ့ အစည်းများဖြစ် သည်ကို သိရှိပြီးဖြစ်ပေလိမ့်မည်။ ၄င်းအဖွဲ့အများအနေဖြင့် ယခုအခါတွင် လိုင်ဇာမြို့ရှိ KIA ဌာနချုပ်သို့ အ၀င်အထွက်စိတ်လာပြီး ၄င်းတို့၏ ဆက်ဆံရေးမှာလည်းပိုမို တိုးတက်လာသည်ကို သိရှိရသည်။

ထို့အပြင် KIA တပ်ဖွဲ့အနေဖြင့် Xingiang ဒေသရှိ Uighurs မွတ်စလင် လူမျိုးစုများနှင့် ဆက်စပ် လျက်ရှိသည် ဟူသော သတင်းမှာလည်း တရုတ်အစိုးရအတွက်များစွာအန္တရာယ်ကြီးမားပေသည်။ Uighurs အကြမ်းဖက်သမား ခွဲထွက်ရေး မွတ်စလင်များအနေဖြင့် KIA နှင့်ဆွေးနွေးမှုများရှိလာခဲ့ခြင်းမှာ သံသယ ဖြစ်ဖွယ်ရှိပြီး အခြေအနေပေးပါက KIA နှင့် ပူးပေါင်းကာ တရုတ်အစိုးရအပေါ်အချိန်မရွေး ဒုက္ခပေးလာ နိုင်ကြောင်းကိုလဲ သတိပြုစေချင်ပါသည်။

ထို့ကြောင့် KIA အဖွဲ့အစည်းမှာ အရေးကြုံလာလျှင် မည်သည့်ကျေးဇူးမျက်နှာကိုမျှမထောက်ဘဲ ၄င်းတို့ ကိုယ်ကျိုးကို သာကြည့်ရှုမည့် အဖွဲ့ဖြစ်ကြောင်းတွေ့မြင်ရပေသည်။ တရုတ်အစိုးရ၏ အထောက်အပံ့ များကိုရယူထားသော်လည်း တရုတ်အားဆန့်ကျင်သည့် အဖွဲ့အစည်းများဖြင့် ပူးပေါင်းနေခြင်း၊ ကမ္ဘာအနှံ့ရှိ မွတ်စလင်အကြမ်းဖက်အဖွဲ့အစည်း များနှင့် ပူးပေါင်းနေခြင်းမှာ တရုတ်နိုင်ငံ၏ အနာဂတ်အတွက် ကြီးမားသော အန္တရာယ်ပေးနိုင်သည့်အဖွဲ့အစည်း တစ်ခုဖြစ်လာကြောင်းကို သတိပေးရေးသားလိုက်ရ ပါသည်။

Credit>> အောင်ထွန်းဝင်း (ချောင်မစ်)

No comments:

Post a Comment